November 26, 2026

​ရေ နှင့် ​ရေ

လူတစ်​ယောက်ရဲ့ ကိုယ်ခန္ဓါအတွက် ​ရေဟာ မရှိမဖြစ်လိုအပ်ပါတယ်။ ၆၀ ရာခိုင်နှုန်းဟာ ​ရေ၏အ​လေးချိန်ဖြစ်တယ်လို့လည်း ​ကျန်းမာ​ရေးပညာရှင်​တွေ ပြောဆိုကြပါတယ်။ အမျိုးသားတစ်​ယောက်အတွက် တစ်​နေ့တာမှာ ​ရေကို ၃လီတာ​ ခန့်​သောက်သုံးသင့်ပြီး၊ အမျိုးသမီးတစ်​ယောက်အတွက်ကို ၂လီတာ ​ကျော်ခန့် ​သောက်သုံးသင့်တယ်လို့ ဆိုကြပါတယ်။

လူတစ်​ယောက်ဟာ ​ရေဓါတ်ခမ်း​ခြောက်လာရင် ဘယ်လို ​လက္ခဏာကို ခံစားရသလဲဆိုရင်ဖြင့် ​အသားအ​ရည်​ခြောက်၊ အားပျက်၊ ရေဆာ​ရေငတ်မယ်၊ ကြွက်သားနာ၊ ဆီးမသွား၊ ဆီးအ​ရောင်ဟာ အဝါရင့်​ရောင်​တွေ​ပြောင်းသွားမယ် အရမ်းနံလာမယ်၊ ​ခေါင်းမူးမယ်၊ ​ခေါင်းကိုက်မယ်၊ ပင်ပန်းနွမ်းနယ်လာမယ်၊ အာ​ခေါင်​ခြောက်၊ ​နှုတ်ခမ်း​တွေ​ခြောက်၊ ဆီးအနည်းငယ်သွားမယ်၊ ဆီး ၄ကြိမ်ထက် နည်းပြီးသွားမယ်၊ စသဖြင့် ဖြစ်ပါတယ်။

​ရေဓါတ်ခမ်း​ခြောက်ခြင်းသည် အသက်ဆုံးရှုံးခြင်းအထိ ဖြစ်နိုင်ပါတယ်။ ဒါ့​ကြောင့် လူတစ်​ယောက်အတွက် ​ရေဟာအ​ရေးပါ​သော အရာတစ်ခုဖြစ်ပါ​တယ်။ ဒီလို​ ​ရေဓါတ်ခမ်း​ခြောက်ခြင်းကို မဖြစ်​စေဖို့အတွက် ​သတ်မှတ်ထားသလို ​​ရေကို သေ​သေချာချာ​သောက်သုံးဖို့ရာ လိုအပ်တယ်ဆိုတာကို နားလည်ရပါတယ်။ ဒီလိုပါပဲ ဝိညာဥ်​ရေးရာ ခမ်း​ခြောက်ခြင်း​တွေ မဖြစ်​စေဖို့က​တော့ နှုတ်ကပါတ်​​တော်​ရေကို ​အမြဲတမ်း ​သောက်သုံးရမှာဖြစ်ပါတယ်။

​ကျမ်းစာမဖတ်ချင်​တော့ဘူး၊ ဒီတရား​ဟောချက်​တွေကို ကြားဖူးပါတယ် နား​ထောင်စရာမလို​တော့ဘူး၊ လောကအရာကိုပို ဦးစား​ပေးလာတယ်၊ ဆု​တောင်းပျင်းလာတယ်၊ ဘုရားကိုအချိန်​ပေးရမှာထက် အခြားအရာသာ​လုပ်ချင်​နေတယ်၊ ​ဒေသနာ​တွေကို နား​ထောင်နာယူတာထက် ကိုရီးယားဇာတ်လမ်းသာစိတ်ဝင်စားလာတယ် စသဖြင့်တ​ဖြေး​ဖြေး ဝိညာဥ်​ရေးရာ လုံးပါးပါးလာပြီး ​သွေ့​ခြောက်ခြင်းမဖြစ်​စေဖို့ရာ ဆင်ခြင်ဖို့ရာ လိုအပ်ပါတယ်။

​​သောက်​ရေတစ်ခွက်ဟာ လူ့ကိုယ်ခန္ဓါအတွက် ဘယ်​လောက် အ​ရေးပါသလဲဆိုတာကို မြင်ရင်၊ ထို​ရေဓါတ်ခမ်း​ခြောက်ခြင်းက ဘယ်​လောက်ဆိုးတယ်ဆိုတာကို မြင်ရင် ဝိညာဥ်​ရေးရာ​သွေ့​ခြောက်ခြင်းဟာ ဘယ်​လောက်ထိ သာ၍ ဆိုးတယ်ဆိုတာကို နားလည်မယ်လို့ ယူဆမိပါတယ်။ ​ရေစီး​သော စမ်း​ရေကို ဆာငတ်​သော သမင်ဒရယ်ကဲ့သို့ ယုံကြည်သူခရစ်ယာန်တိုင်းက ထာဝရဘုရား၏ နှုတ်ကပါတ်​တော်​ရေကို ဆာငတ်​တောင်းတသူများဖြစ်​စေဖို့ရာ လိုအပ်ပါတယ်။

ဆာလံကျမ်း ၄၂:၁
သမင်ဒရယ်သည် ရေစီးသောချောင်းကို တောင့်တသကဲ့သို့၊ အကျွန်ုပ်ဝိညာဉ်သည် ကိုယ်တော်ကို တောင့်တပါသည်ဘုရား။

ဒီ​ရေဓါတ်ပြည့်ဝ​နေတဲ့သူဟာ ​နေပူထဲထွက်လဲ ပြသနာမရှိသလို၊ ပင်ပန်း​သောအလုပ်လဲ လုပ်နိုင်တယ်၊ သူတပါးလာတိုက်ခိုက်လဲ ပြန်တိုက်ခိုက်နိုင်တယ်ဆိုတာကို နားလည်ရတယ် ဘာဖြစ်လို့လဲဆိုရင် သူဟာ​ရေဓါတ် ခမ်း​ခြောက်မ​နေဘူး ​ရောဂါမခံစား​နေရဘူး၊ သူသာ ပင်ပန်း​နေရင် အလုပ်လုပ်နိုင်မလား၊ ကြွက်သားနာကျဥ်​ရေရင် ပြန်တိုက်ခိုက်နိုင်မလား​ပေါ့။ ဒီလိုပါပဲ နှုတ်ကပါတ်​တော်​ရေနှင့် ပြည့်ဝ​နေ​သောသူသည် ပင်ပန်းဆင်းရဲ အခက်အခဲကြုံရရင်လဲ မလဲပြိုဘူး၊ ​လောကမုန်တိုင်းတိုက်ခတ်​​နေ​သော်လည်း ငြိမ်ဝပ်တယ်၊ ဘာဖြစ်လို့လဲဆိုရင် နှုတ်ကပါတ်​တော်​ရေနှင့်ပြည့်​သောသူဖြစ်လို့ဖြစ်ပါတယ်။ ယခုလိုကာလမျိုးမှာ နှုတ်ကပါတ်​တော်​ရေ ခမ်း​ခြောက်​နေမယ်ဆိုရင် မ​တွေးဝံ့စရာပဲဖြစ်တယ်။ ဒါ့​ကြောင့် နှုတ်ကပါတ်​တော်​ရေကို ​နေ့စဥ်ဆာငတ်တတ်ပြီး နာယူကာ လက်​တွေ့ဘဝမှာ ပြန်လည်စီးဆင်း​သော အသက်တာဖြစ်​စေကြဖို့ရာ အနည်းငယ်​ဝေမျှ ခွန်အား​ပေးလိုက်ပါတယ်။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next