သင့်စိတ်နှလုံးကိုပြင်ဆင်ပါ

ဒီနေ့မနက်မှာ ကျွန်တော်ခံစားရသောအရာလေးကိုပြန်လည်ဝေမျှအားပေးချင်ပါတယ်။
ညီကိုမောင်နှမအယောက်စီတိုင်းအပေါ်ဘုရားကောင်းကြီးရှိပါစေ။
ဟုတ်ပြီဘာကိုဆင်ခြင်မိလဲဆိုတော့ မနက်ပိုင်းမှာဆုတောင်းခြင်းအမှုမပြုခင်မှာ ရေဖြည့်ထားသော 1liter ရေဘူးကိုကျွန်တော်လက်ဖြင့်အပေါ်ကနေဖိနေမိတယ်။
ရေသည် တဝက်ကျော်ကျော်သာရှိသောကြောင့် ရေဘူးသည်ဖိ၍ချိုင့်ခေါက်သွားခြင်းကိုမြင်မိပါတယ်။ရေသာပြည့်နေလျှင်အပေါ်ကသက်ရောက်သောအခြေအနေသည်ထိုကဲ့သို့မဖြစ်စေပါ။
ဟုတ်ပါတယ် ကျွန်တော်တို့တွေသည်ဘာကိုနှလုံးသွင်းသလဲ။ကျွန်တော်တို့ရဲ့စိတ်နှလုံးမှာရော ဘာတွေထည့်ထားပါသလဲ။မကောင်းသောအရာတွေနဲ့သာပြည့်နေစေသလား၊နှုတ်ကပါတ်တော်နှင့်ပြည့်နေပါသလား သို့မဟုတ် ရောနှောနေပါသလား။ဘာကိုပဲကြားနေသလဲဘာကိုပဲနားထောင်နေသလဲ၊လောကအသံတွေပဲကြားနေနားထောင်နေတာလား၊လောကအသံကြားပါများလျှင်လောကကဲ့သိုဖြစ်လာမယ်လောကကဲ့သို့ပြောတတ်လာမယ်၊ဘုရားစကားကြားတာများလျှင်ဘုရားစကားသာပြော၍လောကသားများနှင့်မတူခြားနားစေမယ်ဆိုတာဆင်ခြင်ကြည့်ဖို့ဖြစ်တယ်။ သမ္မာတရားကိုသိလျှင် လွှတ်ခြင်းအခွင့်ကိုရမှာဖြစ်တယ် ဒါ့ကြောင့်မို့လို့လည်း မြင်နေရသော အခြေအနေတွေက ယုံကြည်သူတွေကိုမလွှမ်းခြုံနိုင်ပါ။ အခြေအနေတွေရဲ့အထက်မှာသခင်ယေရှုခရစ်တော်နှင့်အတူရှိတယ်ဆိုတာကိုနားလည်ဖို့ရာရှိပါတယ်။
ရောမဩဝါဒစာ ၁၀:၁၇
သို့ဖြစ်၍၊ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်၏။ ကြားနာခြင်းသည်လည်း၊ ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်၏။
ကျွန်တော်တို့တွေကယုံကြည်ပြီးသားကယ်တင်ခြင်းရပြီးသားဆိုပြီးကြားစရာမလိုတော့တာမျိုးမဟုတ်ပါစေနှင့်။ထိုသို့သောသူသည် ဝိညာဥ်ရေးရာသွေ့ခြောက်ခြင်းကိုဖြစ်စေပါသည်။ ကျွန်တော်တို့ယုံကြည်သူတွေသည်ဝိညာဥ်ရေးရာသာ၍ကြီးထွားစေဖို့၊အတွင်းလူခိုင်ခံ့စေဖို့၊ယုံကြည်ခြင်းအားကြီးစေဖို့ရာ ကြားရဖို့လိုပါတယ်။ လောကအသံမဟုတ်ပဲဘုရားစကားကြားဖို့ရာ၊ထိုနှုတ်ကပါတ်တော်သည်လဲ စစ်မှန်သောနှုတ်ကပါတ်တော်သမ္မာတရားဖြစ်စေဖို့လိုအပ်ပါတယ်။ လောက ကတော့ သင့်ကိုဆွဲချဖို့ပဲရှိမှာပါ၊စိတ်ပျက်စရာတွေပဲကြားရမယ်၊ထိုသို့မဟုတ်စေပဲ ဘုရားစကားကိုသာကြားတတ်သောသူ၊ဆာငတ်သောသူဖြစ်စေဖို့ရာ သန့်ရှင်းသောဝိညာဥ်တော်၏ အလင်းပေးဖွင့်ပြခြင်းနှင့်တရားလမ်းထဲသို့သွေးဆောင်လမ်းပြခြင်းရှိပါစေ။
ဓမ္မရာဇဝင် ပဋ္ဌမစောင် ၁၇:၁၁
ဖိလိတ္တိလူပြောသော ထိုစကားကို ရှောလုနှင့် ဣသရေလလူအပေါင်းတို့သည် ကြားလျှင် စိတ်ပျက်၍ အလွန်ကြောက်ရွံ့ကြ၏။
ရှောလုတို့က ဖိလိတ္တိလူဂေါလျက်ကြိမ်းပခြင်းကိုကြား၍စိတ်ပျက်တယ်၊အလွန်ကြောက်တယ် ဆိုတာကိုတွေ့ရပါတယ်။ ဒါ့ကြောင့်မို့လို့ ယခုဖြစ်ပေါ်နေသောကိုရိုနာ၊လူမှုရေး၊ကျန်းမာရေး၊စီးပွားရေးအစရှိတဲ့အရာတွေကိုမြင်ရကြားရခြင်းသည် ကြောက်စရာ၊တုန်လှုပ်စရာဖြစ်ပေသော်ညားလည်းပဲ သင်နှင့်ကျွန်ုပ်၏စိတ်နှလုံးထဲတွင် နှုတ်ကပါတ်တော်နှင့်ပြည့်နေစေဖို့ရာအရေးကြီးတယ်ဆိုတာကိုနားလည်စေချင်ပါတယ်။ ဖန်ခွက်ထဲတွင်ရေအပြည့်ထည့်ထားလျှင်နောက်ထပ်တခြားအရာထည့်စရာနေရာမကျန်စေတော့ပါ။ထို့အတူမိမိ၏စိတ်နှလုံးတွင် နှုတ်ကပါတ်တော်သမ္မာတရားကိုထည့်ဖို့ရာလိုအပ်ပါတယ်။
ဓမ္မရာဇဝင် ပဋ္ဌမစောင် ၁၇:၄၅
ဒါဝိဒ်ကသင်သည် ဓား၊ လှံ၊ ကိဒုန်ပါလျက် ငါ့ထံသို့လာ၏။ ငါသည် သင်ကြိမ်းပသော ဣသရေလဗိုလ်ခြေတို့၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နာမတော်ပါလျက် သင်ရှိရာသို့လာ၏။
ယခုပေါ်ပေါက်လျှက်ရှိသော ကာလနာဘေးသည် ကုသဖို့ဆေးမရှိ၊ကာကွယ်ဖို့ရာလည်းဆေးမရှိဟု ကျွန်တော်တို့၏ကမ္ဘာပေါ်သို့ရောက်ရှိပေါ်ပေါက်လာသော်လည်းပဲ၊ ယုံကြည်သူဆိုသည်မှာ သခင်ယေရှုခရစ်တော်၏နာမတော်ကိုဆွဲကိုင်လျှက်၊ဤလော၏ဆားနှင့်အလင်းဖြစ်ပါသည်။ဒါ့ကြောင့်မို့လို့ ကျွန်တော်ရဲ့စိတ်နှလုံးကိုပြင်ဆင်ပါ။
ဓမ္မရာဇဝင် ပဋ္ဌမစောင် ၁၇:၄၆
ထာဝရဘုရားသည် သင့်ကို ငါ့လက်၌ ယနေ့ အပ်တော်မူသဖြင့်၊ သင့်ကိုငါသတ်၍ လည်ပင်းကိုဖြတ်မည်။ ဖိလိတ္တိဗိုလ်ခြေ အသေကောင်များကို မိုးကောင်းကင်ငှက်နှင့် တောသားရဲတို့အား ယနေ့ငါပေးမည်။ ဣသရေလအမျိုး၌ ဘုရားသခင် ရှိတော်မူသည်ကို မြေကြီးသားအပေါင်းတို့သည် သိရကြလိမ့်မည်။
ထိုကာလနာဘေးကိုကြုံကြရပေမယ့် ယုံကြည်သူတွေကိုဘုရားအခွင့်ပေးလျှင်လက်ကိုတင်၍ဆုတောင်းပေးခြင်းဖြင့် သူတပါး၏အနာကိုညိမ်းစေပါ။ ထိုအနာသည်သေနာမဟုတ် ဘုရားသခင်ဘုန်းထင်ရှားရာဖြစ်စေဖို့သာဖြစ်တယ်၊ထိုအနာအားဖြင့်လည်း တပါးသူတွေဘုရားကိုမြင်နိုင်ဖို့ရာ၊ဘုရားသခင်၏တတ်နိုင်ခြင်းကိုခံစားရဖို့သာမက၊ထာဝရအသက်ရဖို့၊ဧဝံဂေလိကယ်တင်ခြင်းသတင်းကောင်းကိုကြားသိဖို့ရာသာဖြစ်တယ်ဆိုတာကို အနည်းငယ်ဝေမျှခွန်အားပေးချင်ပါတယ်။နားလည်နိုင်ဖို့ရာဘုရားကောင်းကြီးရှိပါစေ။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။