December 25, 2024

ယဇ်ပူ​ဇော်ခြင်းထက်

ယ​​နေ့လူအချို့တို့သည် ​လောကကြီးထဲတွင် မိမိတို့စိတ်ကြိုက် ​နေထိုင်အသက်ရှင်ကြသည်။ မ​ကောင်းမှုဒုစရိုက်များလုပ်​ဆောင်ခြင်း၊ မတရားသဖြင့်ကြံစည်ပြုကျင့်ခြင်း၊ မုသာ၌ကျင်လည်ခြင်း၊ ​မတရား​သောမေထုန်၌​ပျော်​မွေ့ခြင်း စသဖြင့် ဘုရားသခင်မနှစ်သက်​သော အရာများ၌ ​ပျော်ပါးကာ လွန်ကျူးတတ်ကြသည်။ 

ထို့​နောက်တွင်မူ ဝတ်​ကျေတန်း​ကျေ အပတ်စဥ်ဘုရားသွား​ကျောင်းတက်လုပ်လိုက်၊ အလှူ​ငွေ​လေးထည့်လိုက်နှင့် ညဘက်ဆု​တောင်းခြင်း၊ ဝတ်ပြုခြင်း သို့မဟုတ် အလှူအတန်း​လေးများဖြင့် ထိုအရာများကို ဖုံးကွယ်နိုင်သည် ဘုရားကြိုက်သည်ဟု တစ်ဖက်သတ်အမြင်ဖြင့် သင်ပုန်း​ချေ​လေ့ရှိကြ​ပေသည်။ 

အချို့ကလည်း ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာအလုပ်များကိုသာ လုပ်​ဆောင်​လေ့ရှိကြပြီး ဘုရားတရားနှင့် အလှူအတန်းသည် မိမိတို့၏ ဒုစရိုက်အပြစ်များ၊ မှားယွင်း​သောအမူအရာများကို မဖုံးကွယ်နိုင် သင်ပုန်းမ​ချေနိုင်သလို မိမိတို့လုပ်​ဆောင်​လေ့ရှိ​သော အရာများကို ဘုရားသခင် နှစ်သက်ခြင်းမရှိဘူးဆိုသည်ကို ​မသိကြပါတကား။ 

ဘုရားသခင်သည် ယဇ်ပူ​ဇော်ခြင်းထက် ​ဖြောင့်မတ်သည့်အကျင့်၊ တရားသဖြင့်ပြုခြင်းတို့ကိုသာ နှစ်သက်သည်။ ထို့​ကြောင့် မိမိတို့၏ အလှူအတန်း၊ မိမိတို့၏ ကိုးကွယ်ခြင်း ဆု​တောင်းခြင်းတို့သည် အဓမ္မအရာများ၊ မ​ကောင်းမှုများနှင့် မတရားမှုပြုခြင်းများကို မဖုံးအုပ်နိုင်​ပေ။ ထိုအရာများနှင့်ပြည့်​သော ယဇ်ပူ​ဇော်ခြင်းထက် ​နောင်တနှင့်တိုးဝင်ခြင်းကိုသာလျှင် ဘုရားသခင်နှစ်သက်မည်မဟုတ်ပါလား။ 

သုတ္တံကျမ်း ၂၁:၃
ယဇ်ပူဇော်ခြင်းကို နှစ်သက်သည်ထက် ဖြောင့်မတ်စွာပြုခြင်း၊ တရားသဖြင့် စီရင်ခြင်းကို ထာဝရဘုရားသည် သာ၍ နှစ်သက်တော်မူ၏။ 

ယဇ်ပူ​ဇော်ခြင်းကို နှစ်သက်သည်ထက် ကျွန်ုပ်တို့၏ ​ဖြောင့်မတ်စွာ​နေထိုင်ခြင်း၊ တရား​သောစီရင်ခြင်း၊ ဓမ္မလမ်းစဥ်လိုက်ခြင်းတို့သည် ဘုရားသခင်နှစ်သက်​​သောအရာများဖြစ်ပြီး ထိုအရာများ၌သာ ကျင်လည်​သော ယုံကြည်သူများဖြစ်ကြရန် ဘုရားသခင်အလိုရှိသည်ဟုလည်း နားလည်ရ​ပေသည်မဟုတ်ပါလား။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next