November 26, 2026

ဥာဏ်​ကောင်း​သောသူ

မ​ကောင်းမှုကို ပြုလုပ်ခြင်းသည် သင်​ပေးရန် ဆရာမလိုသည်ကို ကျွန်ုပ်တို့သိကြသည်။ မည်သူမျှ ဆဲနည်းသင်တန်းတက်ရန်မလိုပဲ ဆဲတတ်ကြသည်။ လိမ်နည်းညာနည်းကို ​လေ့ကျင့်စရာမလိုပဲလည်း တတ်​မြောက်ကြ​ပေသည်။ မည်သူမျှ မ​ကောင်းမှုကို သင်​ပေးရန်မလိုပဲ အလိုအ​လျှောက်တတ်​မြောက်ကြသည်။ 

ကျွန်​တော်တို့လူသားများသည် မ​ကောင်းဘူးဟု သိ​ကြသော်လည်း ထိုအရာများကိုသာ စွဲလန်းတတ်ကြသည်။ ​ကျွန်​တော် ​ကျောင်းတက်စဥ်တုန်းက ထမင်းခိုးစားခြင်းကို နှစ်သက်သည်။ ထို့​ကြောင့် ​ထမင်းစားချိန်တွင် ကစားချင်​သော​ကြောင့်ဖြစ်​စေ၊ မည်သည့်အ​ကြောင်းရှိရှိ မရှိရှိ ကျွန်​တော် ထမင်းခိုးစားသည်။ ထိုသို့ ခိုးစားရခြင်းသည် သာမန်ထက် ပို၍ စား​ကောင်းသကဲ့သို့ ပို၍ ပို၍ မြိန်သည်ဟု ခံစားရသည်။ 

ထိုသို့ခံစားရ​သော အခြား​သော မ​ကောင်းမှုများလည်း ရှိမည်ဟုလည်း ယုံကြည်ပါသည်။ ထို့​ကြောင့်ပင် မ​ကောင်းမှု ဒုစရိုက်များကို လုပ်ရင်းနှင့် မ​ကောင်းမှန်းသိ​​သော်လည်း မိမိစိတ်နှလုံး မိုက်မဲလာကာ မမြင်တတ်​တော့​ပေ။ ထိုမှတဆင့် မ​ကောင်းမှု၌သာ ကျင်လည်လာ​သော လူမိုက်ဖြစ်လာ​ကြပေသည်။ 

သုတ္တံကျမ်း ၉:၁၇
ခိုးသောရေသည် ချို၏။ တိတ်ဆိတ်စွာ စားသောမုန့်လည်း မြိန်သည်ဟု ဆိုတတ်၏။ 

ထို့​ကြောင့်လည်း လူမိုက်တို့မည်သည် အပြစ်ပြုရာတွင် ​ပျော်​မွေ့တတ်သည်။ မိမိဩသပ္ပစိတ် အ​မှောင်ဖုံးကာ သူတပါးအား အပြစ်ပြုခြင်းကို မျက်​တောင်တစ်ချက်ပင် မခတ်ပဲ ရက်စက် ယုတ်မာတတ်ကြ​ပေသည်။ ထိုသို့​သော သူများသည် အဓမ္မလူများပင်ဖြစ်ကြသည်။ 

အဓမ္မလူသည် မိမိပြုသော ဒုစရိုက်အပြစ်ဖြင့် ဖမ်းမိခြင်း၊ မိမိအပြစ်ကြိုးတို့ဖြင့် ချည်နှောင်ခြင်းကို ခံရလိမ့်မည်ဟု ဆိုသကဲ့သို့ အလွန်မိုက်​သော​ကြောင့်လည်း မှားယွင်းတတ်ကြ​သည်။ ထိုသူတို့သည် သွန်သင်ခြင်းကိုပင် ခံရန် မထိုက်တန်။ ထို့​ကြောင့်လည်း သွန်သင်ခြင်းကို မခံရဘဲ ​သေသွားကြလိမ့်မည်ဟု သုတ္တံကျမ်းထဲတွင် ဆိုထား​သည်ကို ​တွေ့ရသည်။ 

သုတ္တံကျမ်း ၁၀:၂၃
မိုက်သောသူသည် အပြစ်ပြုရာ၌ ပျော်မွေ့တတ်၏။ ဉာဏ်ကောင်းသောသူမူကား ဆင်ခြင်တတ်၏။ 

ထို့​ကြောင့် ကျွန်​တော်တို့သည် အပြစ်ပြုရာ၌ ​ပျော်​မွေ့တတ်​သော မိုက်​သောသူလား၊ ခိုး​သော​ရေသည် ချို၏ ဆိုသကဲ့သို့ ဩသပ္ပစိတ် အ​မှောင်ဖုံးကာ အဓမ္မလမ်းစဥ်အတိုင်းသွား​နေသလား၊ ဒုစရိုက်အပြစ်မှ ​နောင်တမရဘဲ ဆက်မိုက်ကာ သွန်သင်ခြင်းကို မခံရဘဲ ​သေမည့်သူလား၊ ဥာဏ်​ကောင်း​သောသူမူကား ဆင်ခြင်တတ်၏ဟု ဆိုသည့်အတိုင်း ယ​နေ့မှာဆင်ခြင်ကြရ​အောင်။ မိတ်​ဆွေနှငိ့ ကျွန်​တော်တို့သည် အဓမ္မလမ်းစဥ်လိုက်သည့် လူမိုက်ဖြစ်မလား၊ ဓမ္မလမ်းစဥ်လိုက်ကာ ဆင်ခြင်တတ်၍ ပညာရှိဖြစ်​သည့် ဥာဏ်​ကောင်း​သောသူ ဖြစ်မည်​လော ... 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next