တည်စေမည်

အဲဂုတ္တုပြည်မှ ထွက်လာသော ဣသရေလအမျိုးသားတို့ကို ကျိန်ဆဲဖို့ရန် ဗာလတ်မင်းသည် ဗာလမ်ကိုငှားတယ်။ ဒီလူမျိုးတွေကို မကျိန်ဆဲရဘူး၊ ကျိန်ဆဲဖို့ရာ လာခေါ်ရင်လည်း လိုက်လဲမသွားရဘူး၊ ကောင်းကြီးမင်္ဂလာကိုခံရသောသူတွေဖြစ်တယ်လို့ ဆိုထားတာကို ဗာလမ်သိပါတယ်။ သို့သော် သူလိုက်သွားတယ်၊ ဒါပေမယ့် သူ့ကို ဘုရားသခင်သည် မြည်းရဲ့နှုတ်ကိုဖွင့်ပြီး သတိပေးခဲ့တယ်။ လိုက်ခွင့်တော့ ပေးလိုက်ပေမယ့် သူ့ရဲ့အကြံအစည်၊ သူ့ရဲ့နှုတ်ကထွက်ဆိုမည့် ကျိန်ဆဲခြင်းထွက်ခွင့်မရခဲ့ပေ။ ကျိန်ဆဲဖို့ရန်သွားသော်လည်း ကောင်းကြီးသာပေးခဲ့ရလေသည်။ တနည်းဆိုသော် သူ့အကြံအစည် မတည်ခဲ့၊ ဘုရားသခင်၏ အကြံအစည်သာ တည်စေခဲ့သည်။
အာရုန်ကို ခေါင်းဆောင်နေရာမှ ဖယ်၍ ဖြုတ်ချဖို့ရန် ကြိုးစားကြသူ တစ်စုတို့၏ အကြံအစည်၊ တွေးတော၍ ပြင်ဆင်ခြင်း၊ သူတို့သည်ပင်လျှင် ဦးဆောင်နိုင်မည် အာရုန်၏နေရာကို ယူနိုင်မည်ဟုထင်သော ဥာဏ်ပညာတို့သည် ဟုတ်သလိုထင်ရနိုင်ပေမယ့် အတည်ပြုပေးခဲ့သောအခါ အပွင့်ပွင့်သော အာရုန်၏ လှံတံဟုပင် လှပစွာ ဖြစ်ပေါ်လာစေခဲ့သည်။ ကောရနှင့်အပေါင်းအပါတို့၏ အကြံအစည်၊ ဥာဏ်ပညာတို့သည် မတည်ခဲ့ပေ။ ထာဝရဘုရား၏ အတည်ပြုပေးခြင်းသာ တည်ခဲ့လေသည်။
သုတ္တံကျမ်း ၂၁:၃၀
ထာဝရဘုရားတစ်ဖက်၌ ဉာဏ်မတည်၊ ပညာမတည်၊ အကြံတစ်စုံတစ်ခုမျှ မတည်နိုင်။
ကျွန်တော်တို့လက်ရှိ ဘာတွေတွေးတောနေသလဲ၊ ဘာတွေကြံစည်နေသလဲ၊ ထာဝရဘုရား၏ တစ်ဘက်၌ရှိသော အကြံအစည်သည် တည်တံ့မည်မဟုတ်ပေ။ အချို့ကလည်း အလိုတော်နှင့် ဆန့်ကျင်သော အရာမှန်သမျှကို လုပ်ဆောင်နေကြသော်လည်း တည်တံ့ခြင်းရှိမည်မဟုတ်ပါတကား။
ဒါ့ကြောင့် မိတ်ဆွေနှင့်ကျွန်တော်တို့ရဲ့ ဆန္ဒ၊ အကြံအစည်၊ လုပ်ဆောင်ရာများကို ဆင်ခြင်ကြည့်ဖို့ရာလိုအပ်သလို၊ ကိုယ့်အမှုအရာကို ထိုသခင်၌အပ်ပါ ပြင်ဆင်မယ်လို့ဆိုသည့်အတိုင်း ထာဝရဘုရား၏ အကြံအစည်သာ ကျွန်ုပ်တို့အပေါ် တည်စေမည်ဖြစ်ပါတယ်လို့ အနည်းငယ် တိုက်တွန်းခွန်အားပေးလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet