မိမိဘယ်လောက်တတ်နိုင်သလဲ

ကျွန်တော်တို့လူသားတွေကမာနရှိပါတယ်။ တစ်ခုခုဆိုရင် သူတပါးအကူအညီယူတာထက် ဖြစ်နိုင်ရင်ကိုယ်ကိုတိုင်ပဲလုပ်ချင်တယ်။ မိမိကိုယ်တိုင်လုပ်ခြင်းဖြင့် သူတပါးမျက်နှမကြည့်နေရဘူး ၊ အားမကိုးရဘူး ၊ အားမနာရဘူး ၊ စသဖြင့်ပေါ့။ ဟုတ်ပါတယ် ဒါပေမယ့် ဒါကလဲကိုယ်အားလုံးလုပ်နိုင်ရင်ပေါ့လေ။ ကိုယ်အားကိုယ်ကိုးတယ်ဆိုတာမှာလဲ အကန့်အသတ်ရှိတယ်ဆိုတာကိုနားလည်ရပါတယ်။သေချာသတိထားကြည့်ရင်သိနိုင်ပါတယ်။
ဖျားနာတယ်ဆိုရင် မိမိကိုယ်တိုင်မတတ်နိုင်တော့တဲ့အခါ သူတပါးဖော်စပ်ထားသောဆေးသောက်ရတယ် ဆရာဝန်ကိုအားကိုးရပါတယ်။ ကျွန်တော်တို့တွေသည်ထမင်းစားဖို့ သူတပါးဆီမှဆန်နှင့်ဟင်းအတွက်ဈေးဝယ်ရပါတယ် မိမိကိုယ်တိုင်စိုက်မစားနိုင်ပါဘူး။ မိမိ၏လုပ်အားဖြင့်မိမိအလုပ်ကိုအားထားကြရသူတွေလဲရှိကြပါတယ်။ အလုပ်လုပ်တဲ့အခကို သူဌေးဆီမှယူကြရသလို သူဌေးသည်ပင်လျှင် ထိုအလုပ်သမားများကိုအားကိုး၍စီးပွားရှာရသေး၏။ တစ်ယောက်နဲ့တစ်ယောက်မှီခိုနေကြရခြင်းကိုမြင်တွေ့ရပေမည်။
လိုင်းကားစီး၍ဆူးလေသွားလျှင် သူတပါးအားကိုး၍ကားစီးရပါသည်။ ထိုကဲ့သို့ပင် သူတပါးဖန်တီးတီထွင်ထားသော Phone ကိုအသုံးပြု၍ သူတပါးဖန်တီးရေးဆွဲထားသော Facebook အသုံးပြုကြသည်မှာမျက်မြင်ပင်ဖြစ်သည်။ ဒီအနည်းငယ်ကိုကြည့်ခြင်းအားဖြင့် ကျွန်တော်တို့လူသားအားလုံးသည်တစ်နည်းနည်းဖြင့်တော့တစ်ယောက်နှင့်တစ်ယောက်မှီခိုနေကြရသော မျက်မြင်သက်သေတစ်ခုပင်ဖြစ်ပေသည်။ ထို့ကြောင့် အားနည်းချက်ကိုယ်စီရှိကြသောလူသားများသည်မိမိကိုယ်ကိုကိုယ်သာအားကိုးတယ်ဆိုတာဟာ အားနည်းချက်တွေရှိသောကြောင့် အလုံးစုံအားကိုး၍လဲမရပေ။ လက်ရှိအသက်ရှင်နေချိန်မှာပင်အလုံးစုံကိုတစ်ယောက်တည်းမိမိဖာသာအားကိုးမရသောကြောင့် တမလွန်အချိန်အတွက်ဆိုလျှင်သာ၍ပင်ဝေးပြီမဟုတ်ပါလား။ အမှားလုပ်ရန်လွယ်ကူသောလူသားသည်မည်သို့တမလွန်အရေးစိတ်ချရသောအဖြေရနိုင်ပါ့မလဲ။ မိမိကိုယ်ကိုစဥ်းစားဆင်ခြင်ကြည့်ပါ။ ကောင်းတာနဲ့မကောင်းတာဘယ်လောက်များများပိုလုပ်မိသလဲဆိုတာကို တစ်ရက်စာဆန်းစစ်ကြည့်ပါ။
သုတ္တံကျမ်း ၁၆:၂၅
လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော်လည်း၊ အဆုံး၌ သေခြင်းသို့ ပို့သောလမ်း တစ်မျိုးရှိ၏။
ဟုတ်ပါတယ်။ ကျွန်တော်တို့ကတော့လုပ်နိုင်မယ်ထင်ကြတယ်။ ဒါ့ကြောင့်နှုတ်ကပါတ်တော်ကသတိပေးထားတာဖြစ်ပါတယ်။ မိမိ၏အကျင့်သီလ ၊ မိမိ၏အလှူဒါန ၊ မိမိ၏ကုသိုလ်ကောင်းမှုတွေ ၊ မိမိကိုယ်တိုင်အားကိုး၍တော့ တမလွန်ကိုစိတ်မချဘူးလို့ပြောခြင်းဖြစ်ပါတယ်။
အကယ်၍သာမိမိ၏အားထုတ်ခြင်းကြောင့်ဆိုလျှင် ငါဘယ်လောက်လှူတာ ၊ ငါဘယ်လောက်ကောင်းအောင်ကျင့်တာ ၊ ငါကဘာကောင်ဆိုတာတွေသာကောင်းကင်မှာလေတိုက်ပြိုင်ပွဲတွေနဲ့ငကြွားတွေတန်းစီနေကြမှာဖြစ်ပါတယ်။ ထိုအရာတွေအားဖြင့်တမလွန်အတွက်အဖြေမရဘူး ၊ သခင်ယေရှုခရစ်တော်၏ပြုခဲ့ပေးသောကျေးဇူးတော်တစ်ခုတည်းဖြင့်သာ ကယ်တင်ခြင်းထာဝရအသက်ရတာဖြစ်တယ်ဆိုတာကို အနည်းငယ်ဝေမျှပေးချင်ပါတယ်။
ကယ်တင်ရာနေ့ရက်သည်ယနေ့ပင်ဖြစ်သောကြောင့်
မိတ်ဆွေက မိမိမတတ်နိုင်ပါဘူး ထိုသခင်ပြုပေးတာကိုယုံကြည်တယ် ထိုသခင်ကိုခေါ်ဖိတ်လက်ခံချင်တယ်ဆိုရင်တော့ ...
***ယေရှုခရစ်တော်သည် ကျွန်တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်ပေါ်မှာအသေခံအသွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံတော်မူပြီးတော့ ကျမ်းစာလာသည့်အတိုင်း၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***
ဧဖက်ဩဝါဒစာ ၂:၈-၉
ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။
ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi