November 26, 2026

ပျက်စီးခြင်း​ဘေးမှလွတ်​စေ​သော​နောင်တ

ယောနဆီကို ဘုရားသခင်ရဲ့ နှုတ်ကပါတ်​တော်​ရောက်လာတဲ့အခါမှာ သူဟာ ထွက်​ပြေးတယ်။ နိ​နေ​ဝေမြို့ကိုမသွားဘူး၊ တာရှုကို​ပြေးတယ်ဆိုတာကို​တွေ့ရတယ်။ ဒါ​ပေမယ့် ဘုရားသခင်ရဲ့ အလို​တော်နဲ့ ဘုရားသခင်ရဲ့ မျက်​မှောက်​တော်မှ လွဲသွားရခြင်း၊ လွတ်ရခြင်းအခွင့်မရှိဘူးဆိုတာကို​မြင်ရသလို ကျွန်​တော်တို့​တွေသည်လည်း ထို့အတူဘဲဖြစ်ပါတယ်။

အခြားအ​ကြောင်းအရာ​တွေကို ​ကျော်လိုက်ကြရ​အောင်။ ဒီလိုနဲ့ နောင်တရ​စေဖို့ တရား​ဟောတယ်ဆိုကြပါစို့။​နောင်တရကြဖို့၊ ​နောင်တမရရင် နိ​နေ​ဝေမြို့ကြီးပျက်စီးမယ်​ပေါ့​လေ။ တိရစ္ဆာန်​တွေ​တောင် ​ရေမ​သောက်ရ အစာမစားရဘူး၊ နိ​နေ​ဝေမြို့သား​တွေနဲ့ မင်းကြီးဟာအစာ​ရှောင်ကာ ​ဆု​တောင်းတယ်​ပေါ့။ ​လျှော်​တေအဝတ်အစားကိုဝတ်ပြီး​နေကြတယ်၊ မင်းကြီးက ပြာပုံထဲမှာ​တောင်ထိုင်တယ်ဆိုတာကို​တွေ့ရပါတယ်။ ထိုသို့အသီးသီး ​နောင်တရတယ်၊ အဓမ္မအမှု​တွေကို​ရှောင်တယ်၊ အစရှိသဖြင့်ကို ဘုရားသခင်​တွေ့​တော့ ပျက်စီးခြင်း​ဘေးကလွတ်ရတဲ့အခွင့်ကိုရသွားတယ်ဆိုတာမြင်ရပါတယ်။

ယောနတ္ထု ၃:၁၀
မြို့သားတို့သည် မိမိတို့လိုက်သော အဓမ္မလမ်း ကို လွှဲရှောင်၍၊ ကျင့်သောအကျင့်များကို ဘုရားသခင် သည် မြင်လျှင်၊ အရင်ခြိမ်းသောဘေးဒဏ်ကို မပေးဘဲနေ တော်မူ၏။

စစ်မှန်တဲ့​နောင်တဟာ ပျက်စီးခြင်း​ဘေးမှလွတ်ရတဲ့အခွင့်ကိုရတယ်ဆိုတာကိုနားလည်ရသလို၊ ဘုရားသခင်သည် အဓမ္မလမ်းသို့လိုက်​သော ဆိုး​သောသူများအ​ပေါ်မှာလည်း နှ​မြှော​တော်မူတယ်ဆိုတာကိုနားလည်ရပါတယ်။ သင့်ကို​ရော မနှ​မြှောဘဲ​နေမည်​လော ... တမလွန်၏ မ​ရေရာ​သောအ​ဖြေ၊ ပျက်စီးခြင်း​ဘေးမှလွတ်​မြောက်​စေရန်အလို့ငှာ စစ်မှန်​သော​နောင်တနှင့်ပြန်လာချင်​သော မိတ်​ဆွေအတွက် သင့်ကိုနှ​မြှော​သောဘုရား​သည် ​စောင့်ကြို​နေပါတယ်လို့​ဝေမျှ​ပေးချင်ပါတယ်။

ကယ်တင်ရာ​နေ့ရက်သည် ယ​​နေ့ပင်ဖြစ်​သော​ကြောင့် မိတ်​ဆွေက မြည်းစမ်းကြည့်ချင်တယ်ဆိုရင်​တော့ ...

***ယေရှုခရစ်​တော်သည် ကျွန်​တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်​ပေါ်မှာအ​သေခံအ​သွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံ​တော်မူပြီး​တော့ ကျမ်းစာလာသည့်အတိုင်း၃ရက်​မြောက်​သော​နေ့မှာရှင်ပြန်ထ​မြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Previous Next