စံနှုန်း

နေရဲ့အပူချိန်ကို ဘာနဲ့တိုင်းတာကြသလဲ။ ဖာရင်ဟိုက်တွေ ဒီကရီတွေနဲ့ သတ်မှတ်ကြတယ်။ ဒီနေရာမှာ မီလီမီတာနဲ့ သွားပြောရင် အဆင်မပြေဘူးဘဲ။ ဆိုကြပါစို့ ဒီနေ့အပူချိန် ၄၀ မီလီမီတာရှိတယ်လို့ ဘယ်သူဆိုကြဖူးသလဲ။ ဒါဟာ အပူချိန်ကို တိုင်းတာတဲ့ စံနှုန်းတစ်ခုပင်။
ဒီလိုပါဘဲ ဘယ်သူကများ မင်းအရပ် ဘယ်နှစ်ကီလိုရှိပြီး မင်းရဲ့ဝိတ်က ဘယ်နှစ်ပေရှိသလဲ၊ မင်းတို့အိမ်က ဘယ်နှစ်နာရီရှိပြီး ဒီနေ့အချိန် ဘယ်နှစ်လက်မမှာ ငလျှင်လုပ်သွားတယ် 2.3 ပေါင်ပြင်းအားရှိတယ်လို့ ဆိုကြတာကိုကြားဖူးကြသလဲ။ ဒါတွေအကုန်လုံးက လောကမှာ သုံးနေကြတဲ့ ပုံမှန်အရာလေးတွေပါ၊ မြင်တွေ့နေကြအရာတွေဖြစ်သလို ဥပမာဆိုကြပါစို့။ အကယ်၍များ တစ်ယောက်ယောက်က ဒီနေ့နေအရမ်းပူတာဘဲ ၃၅လက်မအပူချိန်ရှိတယ်ကွာ လွန်ခဲ့တဲ့အချိန် ၅ဧက လောက်ကပေါ့လို့သာ ဆိုခဲ့ရင် သင်လက်ခံမလား။ သင်သည် သူနှင့်အတူ ထို အပူချိန်နှင့်အချိန်တာရီကို သင်သဘောတူမည်လော။ နောက်ထပ်သူပြောနေမည့် အချိန်တွေ အပူချိန်တွေကိုရော သင်ထပ်မံသဘောတူပါမည်လော။
ဒါ့ကြောင့် ကျွန်တော်တို့သိထားရမည်မှာ လောကမှာသုံးနေကြဖြစ်တဲ့ အချိန်သတ်မှတ်ချက်တွေ၊ အပူချိန်တိုင်တာတဲ့ယူနစ်တွေ စသဖြင့်တွေသည် အကုန်လုံး စံရှိတယ်၊ ထိုစံသတ်မှတ်ထားသော အသုံးအနှုန်းနဲ့ယူနစ်ကိုသာ အသုံးပြုရမည်ဆိုတာကိုနားလည်ရမယ်။ မြန်မာဒေါ်လာ၊ အမေရိကန်ကျပ်ငွေ၊ တရုတ်ရူပီး၊ ကိုရီးယားစတာလင်ပေါင် စသဖြင့် လွဲရင် အကုန်လိုက်လွဲပြီဖြစ်တယ်။ ဒီလိုအရာတွေတောင် စံနှုန်းလွဲချော်လို့မရဘူးဆိုရင် သမ္မာကျမ်းစာရဲ့စံနှုန်း၊ ဩဝါဒတွေရော လွဲချော်ရင် ဘယ်လောက်တောင် အန္တရာယ်ကြီးမားလိုက်မလဲ ဆင်ခြင်ကြည့်ရုံနဲ့တင် ကြောက်စရာကောင်းလှပေသည်။
ခြောက်ထဲကျရန် ခြေတစ်လှမ်းအလိုကို ၅မိနစ်အလိုဟုပြောမိသလို ထိုသူသာ ရှေ့ဆက်လျှောက်ရင်တော့ ခြောက်ထဲကျတော့ပေမည်။ ဒါ့ကြောင့် စံထားရသော သမ္မာကျမ်းစာ ၆၆ခန်း (Canon Bible)၊ စံထားရသော ဩဝါဒ (Sound Doctrine) စသဖြင့် လွဲချော်၍မရချေ။
တိတုဩဝါဒစာ ၂:၁
သင်မူကား၊ စင်ကြယ်သောဩဝါဒနှင့် ထိုက်တန်သမျှတို့ကို ဟောပြောလော့။
ကျွန်တော်တို့ရဲ့ တာဝန်ကတော့ တိတုကိုပြောထားသလိုပင် စင်ကြယ်သောဩဝါဒဖြစ်ရမည်။ မုသာမပါ တစေးမပါသော ဩဝါဒဖြစ်ရမည်။ စံထားရသော အရာများမှ မလွဲချော်ရပေ။ ဥပမာ ယေရှုခရစ်တော်၏ဘုရားဖြစ်ခြင်း၊ သုံးပါးတစ်လုံးတစ်ဝတည်းဖြစ်ခြင်း၊ စသဖြင့်နားလည်ရမည်ဖြစ်သလို ကျမ်းစာကိုလိုရာစွဲ၍ ပါသောအရာများကို မလိုဟုဆိုကာ မိမိသဘောနှင့်ဖယ်၍ ဖယ်ရခြင်းကို အခြားကျမ်းပိုဒ်ယူကာ ကာကွယ်ပြောဆိုခြင်း။ ဥပမာ အပြစ်ဝန်ချတောင်းပန်စရာမလိုဟုဆိုခြင်း၊ လူ့အကြံကဘုရားအကြံအစည်ကိုမသိဟုဆိုကာ အမျိုးသမီးယေရှုခရစ်ပါဟုဆိုခြင်း စသဖြင့်တွေကို ကြည့်တာနှင့် စံနှုန်းလွဲနေသလားဆိုတာကို သိနိုင်သည်။
ဒါ့ကြောင့် ကျွန်တော်တို့ ယုံကြည်သူ အယောက်စီတိုင်း၏ တာဝန်သည် စံထားရသောအရာများကို သိရုံမကသေးဘဲ ထိုစံထားသော စင်ကြယ်သည့်ဩဝါဒများကိုသာ ဝေမျှသက်သေခံရမည်။ မုသာနှင့်ဆိုင်သော မမှန်သည့် သက်သေကိုမခံရပါ။ ဒီလိုဘဲ သူများဟောနေ ပြောနေသော အရာတွေသည် ထိုစံနှင့်ညီရဲ့သလားဆိုတာကိုလည်း အချိန်နှင့် တပြေးညီ ဗေရိမြို့သားများကဲ့သို့ မှန်သည် မမှန်သည်ကို စေ့စေ့အစဥ် ဖတ်ရှု လေ့လာ ဆင်ခြင် နှလုံးသွင်းနေရမည် ဖြစ်ပါတယ်ဆိုတာကို အနည်းငယ် ဝေမျှခွန်အားပေးချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi