တောင်မင်းကိုမြောက်မင်းလဲမကယ်နိုင်

ကျွန်တော်ငယ်စဥ်က စွန်းဝူခုန်းဆိုလျှင် မလွတ်တမ်းကြည့်သူဖြစ်သည်။ ဝူခုန်းသည် စွမ်းအားရှိသူ၊ တန်ခိုးရှိသူဖြစ်သည်။ သူ့လောက်အစွမ်းရှိသူရှားပါးလှသည်။ တစ်ရက်တွင် သူသည်ရေအောက် နဂါးတိုင်းပြည်ဆင်း၍ ရန်ရှာလေသည်။ ရေအောက် နဂါးတို့တိုင်းပြည်တွင်လည်း အရှေ့၊ အနောက်၊ တောင်၊ မြောက်ဟူ၍ မင်းလေးပါးစိုးစံကြသည်ကိုတွေ့ရသည်။
စွန်းဝူခုန်းအား ကြောက်၍၊ တိုက်ခိုက်ကြသလို၊ နဂါးမင်းကြီးတွေ တိုင်ပင်၊ ပူးပေါင်း၊ တိုက်ခိုက်သော်လည်း မနိုင်ပေ။ နောက်ဆုံးတွင် အရှုံးပေးလိုက်ရကြသည်ကိုတွေ့ရပါတယ်။ ဒီလိုပါပဲ သေခြင်းတရား၏နောက်ဆက်တွဲဖြစ်သော တမလွန်အရေးဟူသော ဝူခုန်းကိုရော မိမိတို့ လူသားများဟာ နဂါးမင်းလေးပါးကဲ့သို့ တိုင်ပင်ကြတယ်၊ အကြံပေးကြတယ်၊ လမ်းပြကြတယ်၊ တိုက်ခိုက်သလို ကောင်းတာလေးတွေပြုရင်းရင်ဆိုင်နေကြတာကိုနားလည်ရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် လမ်းပြနေကြတယ်၊ ဘာသာရေးလမ်းစဥ်တွေချပြကြတယ်၊
သို့သော်လည်း ထိုနဂါးမင်းများကဲ့သို့ပင် မရေရာ မသေချာဖြစ်ကာ နောက်ဆုံးမှာတော့ တမလွန်အရေးစိတ်မအေးရကာ ဝူခုန်းသာအနိုင်ရသွားသလိုပင်ဖြစ်နေကြရသည်မှာ အတော်များများပင်ဖြစ်နေသောကြောင့် တောင်မင်းကိုမြောက်မင်းလည်းမကယ်နိုင်ဆိုသကဲ့သို့ပင်ဖြစ်နေပေတော့သည်။ အသက်ရှင်နေတုန်းမှာတော့တမလွန်အတွက်အဖြေတိတိကျကျရှိထားဖို့တော့လိုတယ်ဆိုတာကိုနားလည်ရပါတယ်။
ဧဖက်ဩဝါဒစာ ၂:၈-၉
ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။
ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။
တောင်မင်းညွှန်ကြားချက်တွေ၊ မြောက်မင်းညွှန်ကြားချက်တွေကြောင့် တနည်းအားဖြင့် မိမိ၏ကျိုးစားအားထုတ်မှုတွေ၊ မိမိရဲ့ကောင်းမှုကုသိုလ်၊ မိမိ၏အကျင့်ကောင်းခြင်းတွေကြောင့် ဝူခုန်းတည်းဟူသော တမလွန်အရေးစိတ်အေးရခြင်းမဟုတ်ပေ။ ကျေးဇူးတော်ကြောင့်သာဖြစ်သောကြောင့် ငါလုပ်တာ၊ ငါလှူတာ၊ ငါ့အကျင့်ကောင်းလို့၊ ငါ့ကုလိုလ်ကောင်းမှူကြောင့်ဟု ဝါကြွားစရာအခွင့်မရှိပေ။ အကယ်၍သာ ထိုကဲ့သိုဝါကြွားစရာရှိလျှင် ငကြွားများ၏စုဝေးရာအရပ်ဟူသော ဇာတ်လမ်းတွဲကို အပိုင်းရှည်ရိုက်ရကြပေဦးတော့မည်။ ဘုရားသခင်သနားတော်မူရာဖြစ်တယ်လို့သာဆိုပါတယ်။ ဟုတ်ပါတယ် ထိုတမလွန်အရေးအား မည်သည့်နည်းလမ်းနှင့်မျှ တိကျသောအဖြေမပေးနိုင်ကြသောကြောင့် လူသားများ၏ တတ်စွမ်းမှုဖြင့် မရနိုင်သောကြောင့် ဘုရားသခင်ထံမှရရှိသော တမလွန်အတွက်စိတ်ချရသော အဖြေတစ်ခုပင်ဖြစ်ပေတော့သည်။ ထိုအခမဲ့လက်ဆောင်ဖြစ်သော
အဖြေကို မိမိမှ ယုံကြည်ခြင်းတစ်မျိုးတည်းဖြင့်သာရယူနိုင်ပေမည်။
ကယ်တင်ရာနေ့ရက်သည် ယနေ့ပင်ဖြစ်သောကြောင့် ထိုတောင်မင်းကိုမြောက်မင်းမကယ်နိုင်သော တမလွန်အတွက် မျှော်လင့်စရာအဖြေဖြစ်သော သခင်ယေရှုခရစ်တော်ကို မိတ်ဆွေက မြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ ...
***ယေရှုခရစ်တော်သည် ကျွန်တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်ပေါ်မှာအသေခံအသွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံတော်မူပြီးတော့ ကျမ်းစာလာသည့်အတိုင်း၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet