January 15, 2025

နိုင်ငံ​တော် တည်​ထောင်ပါ​စေ​သော

ဒီကာလဟာဆိုရင်ဖြင့် ​နိုင်ငံတကာမှာ ရွေး​ကောက်ပွဲ​တွေ ကျင်းပရာ ကာလဆိုရင်လည်း မမှားပါဘူး။ "မင်း ၁၈နှစ် ပြည့်ပြီလား" စတဲ့သီချင်း​​လေး​​တွေကို ကြား​ယောင်ရာကာလတစ်ခု​ပေါ့​​လေ။ နိုင်ငံတစ်ခုအတွက် ​ရွေး​ကောက်ပွဲသည် အင်မတန်အ​ရေးကြီးသလို ထိုနိုင်ငံမှာ ​နေထိုင်ကြတဲ့ ပြည်သူလူထု၏ မဲ​ပေးခြင်းလည်း အ​ရေးပါလှသည်။ ဘယ်သူက ဘယ်သူ့ကိုမဲ​ပေးခြင်းသည် လွတ်လပ်စွာ​ပေးပိုင်ခွင့်ရှိသလို ထိုသူ၏ ဆုံးဖြတ်ချက်ကို ​လေးစားရမည်ဆိုတာသည်လည်း နိုင်ငံသားတို့၏ အဆင့်အတန်းတစ်ခုဟုပင် ဆိုရနိုင်သည်။ မိမိနှင့်မတူ၍ ထိုသူကို အပြစ်ဆိုရန်မလို​ပေ၊ အမြင်ချင်းဖလှယ်၍ ​ပြောပြပြီးပါက ​နောက်ဆုံးတွင်​တော့ သူ့ဆုံးဖြတ်ချက်ကို ​လေးစားရမည်ဟု ကျွန်​​တော်နားလည်ထားသည်။ လွတ်လပ်စွာ မဲ​ပေးပိုင်ခွင့်သည်ပင်လျှင် နိုင်ငံသားတစ်​ယောက်၏ အခွင့်အ​ရေးနှင့်တာဝန်တစ်ခုပင် ဖြစ်သည်မဟုတ်ပါလား။ 

ခရစ်ယာန်ရှု​ထောင့်မှ ကြည့်ရရင်​တော့ ကျွန်​တော်တို့သည် မဲ​ပေးရမည်ဖြစ်ပြီး ဘုရားသခင်​ပေး​သော မင်းကို ဝန်ခံရမည်။ ​မောင်ဖြူကို​ပေးရင် ​မောင်ဖြူ၊ ​မောင်မဲကို​ပေးရင် ​မောင်မဲကို ဝန်ခံ၍ ထိုမင်းအတွက် ဆု​တောင်း​ပေးရန်မှာ ယုံကြည်သူတိုင်းလက်ခံကြမည်ထင်ပါတယ်။ အဘယ့်​ကြောင့်ဆို​သော် စာ​ရေးတံချရာမှာ ခွဲ​ဝေစီရင်​ခြင်း အမှုသည် ဘုရားသခင်ဟု ဆိုထားသည်မဟုတ်ပါလား။ 

မဲ​ပေးလိုက်ရုံနဲ့တင် နိုင်ငံသားတစ်​ယောက်၏ တာဝန်​ကျေပြီဟုဆို​သော စကားကို ကျွန်​တော်ကြားဖူးပါသည်။ သို့​သော် နိုင်ငံသား​ကောင်း၊ စံပြ​တစ်​ယောက်တော့ မဖြစ်​သေး​ချေ။ နိုင်ငံ​​တော်ပုံရိပ် ထိခိုက်​စေခြင်း၊ လိမ်ညာခြင်း၊ နိုင်ငံသားချင်း ရန်ရှာခြင်း စသဖြင့်​တွေလုပ်​နေခြင်းသည် နိုင်ငံသားတာဝန်လုပ်​​ဆောင်သော်လည်း နိုင်ငံသား​ကောင်း​တော့ ဖြစ်မည်မဟုတ်​ချေ။ နိုင်ငံသားဖြစ်ခြင်းကိုပင် မထီမဲ့မြင်ပြုသကဲ့သို့ဖြစ်​နေသည်မဟုတ်ပါလား။ ဒီအရာသည် နိုင်ငံသားများနှင့် တည်​ဆောက်ထား​သော နိုင်ငံ​တော်တစ်ခုအတွက် အင်မတန်အ​ရေးပါလှသည်။ 

သခင်​ယေရှုက ကျွန်ုပ်တို့ ယုံကြည်သူခရစ်ယာန်​တွေ၏ အသက်တာတွင် ကိန်းဝပ်သည်။ ဘုရားသခင်၏ နိုင်ငံ​​တော်သည် ဟိုအရပ်ကိုကြည့်ပါ၊ ဒီအရပ်မှာကြည့်ပါဆို၍ ​ပြောလို့မရ၊ မျက်မြင်​သော အရာ၌ မတည်​ပေ။ မိမိတို့၏ အသက်တာအတွင်းမှာ ကိုယ်​တော်ရှိ​​နေသော​ကြောင့် ဘုရားသခင်၏ နိုင်ငံ​တော်သည် ကျွန်ုပ်တို့အထဲတွင် တည်​နေသည်ကို နားလည်ဖို့လိုအပ်ပါတယ်။ နိုင်ငံသား​ကောင်း၏ စံကို တိုင်းတာနိုင်သလို ခရစ်ယာန်တစ်​ယောက်၏ စံကို​ရော တိုင်းတာနိုင်မည်။ "အ​ပွေးမြင် အပင်သိ၊ အ​သွေးမြင် အသွင်သိ၊ အပင်​​ကောင်းမှ အသီး​ကောင်းမယ်၊ အသီး​မကောင်းရင် အပင်မ​ကောင်းဘူး" စသဖြင့်ဆိုရိုး​တွေလည်း ရှိ​နေပြန်တာမို့ ယုံကြည်သူ ခရစ်ယာန်​ကောင်းတစ်​ယောက်၏ ဝိညာဥ်​ရေးရာသည် အင်မတန်မှ အ​ရေးပါလှသည်။ 

သန့်ရှင်း​သောဝိညာဥ်​တော်သည် အပြစ်ကို​ဖော်ပြတယ်၊ နှုတ်ကပတ်​တော်သည် မလိမ္မာ​သောသူကို လိမ္မာ​စေတယ်၊ ​ယေရှုခရစ်​တော်သည် မိမိအသက်မှာ အသက်ရှင်လာတဲ့အခါမှာ ပုံသဏ္ဍာန်​ပြောင်းလဲခြင်းသို့​ရောက်တယ်၊ ​ဟောင်း​သောအရာတို့သည် ​​ပြောင်းလဲ၍ ခပ်သိမ်း​သောအရာတို့သည် အသစ်ဖြစ်ကြပြီ မဟုတ်ပါလား။ အပင်​ကောင်းရင် အသီး​တော့သီးရမည်၊ အသီးမသီး​သော အပင်သည် မည်သို့မျှ အသုံးမဝင်သည်ကို ကျွန်ုပ်တို့နားလည်ထားသည်။ ဘုရားသားဖြစ်ခြင်းကို မထီမဲ့မြင်ပြု၍ လုပ်ချင်တာလုပ်ရန် မဟုတ်​ပေ။ 

ယုံကြည်သူတစ်​ယောက်သည် နှိမ့်ချခြင်း၊ ချစ်ခြင်း​မေတ္တာ၊ သနားခြင်း၊ စသဖြင့် ယုံကြည်သူဖြစ်ခြင်း ခရစ်ယာန်တစ်​ယောက်၏ ပုံရိပ်တော့ ရှိရမည်မဟုတ်ပါလား။ ​လောက၏ အလင်း၊ ဆားဖြစ်တယ်ဟုဆို​သော​ကြောင့် ​သေခြာတာက​တော့ ကျွန်ုပ်တို့ခရစ်ယာန်​တွေသည် သူတပါးအတွက် ဒုက္ခ​ရောက်​စေမည့် ပြဿနာ​ကောင်များ မဟုတ်​ပေ။ ​သေခြာ​ပေါက် အသီးသီးရမည်၊ အသီးသီးနိုင်ရန် ​ယေရှုခရစ်​တော်ကို လက်ခံရမည်။ တနည်းဆို​တော် နိုင်ငံသား​​ကောင်းဖြစ်ရန် နိုင်ငံသား​တော့ အရင်ဖြစ်ရမည်​ပေါ့။ 

ရှင်လုကာခရစ်ဝင် ၁၇:၂၁
ဤအရပ်၌ကြည့်ပါ။ ထိုအရပ်၌ ကြည့်ပါဟု ပြောစရာအခွင့်မရှိ။ အကြောင်းမူကား၊ ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့၏အထဲ၌ရှိသည်ဟု မိန့်တော်မူ၏။ 

​သခင်ယေရှုခရစ်​တော်ကို လက်ခံယုံကြည်တယ်ဆိုရင် သင့်ရဲ့အသက်တာထဲမှာ နိုင်ငံ​တော် တည်​ထောင်ပြီဖြစ်ပါတယ်။ ဒီနိုင်ငံ​တော် တည်​ထောင်​သော အသက်တာသည် သူတပါးအတွက် အလင်းကို လင်း​စေတယ်၊ ဆားအဖြစ် ငံ​သောအရသာနဲ့ ပြည့်​စေတယ်၊ နှိမ့်ချခြင်းအသက်တာ ရှိလာတယ်၊ ချစ်ခြင်း​မေတ္တာနဲ့ ပြည့်လာတယ် စသဖြင့် အသီးကိုသီး​သော အပင်ဖြစ်လာပါတယ်။ ဒါ့​ကြောင့် သင့်အသက်တာ၊ ကျွန်ုပ်အသက်တာ၊ ယုံကြည်သူ ခရစ်ယာန်အ​ယောက်စီတိုင်း၏ အသက်တာများမှာ နိုင်ငံ​တော်တည်​ထောင်ပါ​စေဟု သခင်​ယေရှု၏နာမ​တော်မြတ်၌ ဆု​တောင်း​ပေးလျှက် ..... 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next