ထပ်တူ
"ကိုယ်ချင်းစာတယ်" ဆိုတဲ့စကားလုံးကို လူတိုင်း သုံးတတ်ကြပါတယ်။ ငါမင်းနဲ့ထပ်တူထပ်မျှ ခံစားရပါတယ်၊ ငါကိုယ်ချင်းစာပါတယ်၊ စသဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြုကြပါတယ်။ ဒီလိုပဲ မင်း ကိုယ်ချင်းမစာမနာ မပြောပါနဲ့၊ လူတွေက ကိုယ်ချင်းမစာကြဘူး စသဖြင့်ကိုလဲ ကြားဖူးကြမယ်ထင်ပါတယ်။
ကျွန်တော်တို့ ကိုယ်တိုင်သည်လည်း သူတပါး၏ ကိုယ်ချင်းစာပေးခြင်း၊ ဝင်ရောက်ခံစားပေးခြင်းတွေကို တောင့်တတတ်ကြတယ်၊ တကယ်လည်း လိုအပ်တယ်။ ဒါပေမယ့် လူတွေက ဘယ်လောက်နားလည်တယ်ပြောနေပါစေ၊ ဘယ်လောက် ကိုယ်ချင်းစာပါတယ် ဘယ်လောက် ထပ်တူနာကျဥ်ရပါတယ်လို့ ပြောနေပါစေဦးတော့ တခါတလေမှာ ဘယ်သူမှ နားမလည်နိုင်ဘူးလို့ ခံစားနေရချိန်တွေ၊ ဘယ်သူမှ နားလည်မပေးနိုင်တဲ့ အချိန်တွေလည်း ရှိနေတတ်တယ်။
စာနာခြင်း၊ ကိုယ်ချင်းစာခြင်း "Sympathy" ဆိုတဲ့ စကားလုံးကို ၁၅၀၀ပြည့်နှစ်အလွန် အလယ်ပိုင်းလောက်တွင် ဝင်ရောက်လာပြီးတော့ တွင်ကျယ်စွာသုံးလာကြပါတယ်။ "Sympathy" ဆိုတဲ့ ဒီစကားလုံးကို အခြားလူ၏ ကြုံတွေ့ရသော အခက်အခဲပြဿနာ၊ ငိုကြွေးခြင်း၊ နာကျဥ်ခံစားရခြင်း၊ စသဖြင့်တွေကို ကိုယ်ချင်းစာတယ်၊ သနားတယ်၊ စာနာတယ်ဆိုသော နေရာတွင် အသုံးပြုပါတယ်။ ကျွန်တော်တို့ သုံးနေကြ စကားလုံးဖြစ်တဲ့ ကိုယ်ချင်းစာတယ်ပေါ့။ ဥပမာပေါ့ အခြေအနေ အကြောင်းမလှစွာ နေထိုင်ရသူတွေကို သနားတယ် ဒါပေမယ့် တကယ်တော့ သူတို့ရဲ့ ခံစားချက်ကို သေသေခြာခြာ နားမလည်ဘူး မသိဘူး။
Feelings of sorrow for someone else who is experiencing misfortune. You feel bad for them but you don't know what it is like to be in their shoes.
နောက်ထပ် စကားလုံးတစ်လုံးကတော့ ကိုယ်တိုင်ဝင်ရောက် ခံစားခြင်း ဖြစ်ပါတယ်။ "Empathy" ပဲဖြစ်ပါတယ်။ သူကတော့ ၁၈၀၀ပြည့်နှစ် နှောင်းပိုင်းမှသာ စတင်သုံးလာတာဖြစ်ပြီး၊ "Sympathy" ထက် နှစ်ပေါင်း ၃၀၀ နောက်ကျပါတယ်။ "Empathy" ကတော့ ကိုယ်ချင်းစာတယ်ဆိုတာထက် ပိုမိုလေးနက်ပြီးတော့ ထပ်တူခံစားပေးခြင်း၊ ထပ်တူ နာကျဥ်ခြင်း၊ အတူတူ ခံစား၍ ငိုကြွေးခြင်း၊ သူတပါးအား နားလည်ခံစားပေးနိုင်စွမ်းရှိခြင်း၊ ဆိုသော လေးနက်တဲ့ အဓိပ္ပါယ်သက်ရောက်ပါတယ်။ (The ability to understand and share the feelings of another.) ဟူ၍လည်း အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။
As you get older you have more respect and empathy for your parents. Now I have a great relationship with both of them.
"Sympathy, Empathy" ဆိုသော စကားလုံးနှစ်ခုလုံးသည် "Greek" ဘာသာစကား "páthos" မှဆင်းသက်လာပြီး "Suffering, Feeling" ဟုအဓိပ္ပါယ်ရသည်။ ဥပမာဆိုရရင်တော့ ...
Sympathy is feeling compassion, sorrow, or pity for hardships that another person encounters.
Empathy is putting yourself in the shoes of another, which is why actors often talk about it.
ရောမဩဝါဒစာ ၁၂:၁၅
ဝမ်းမြောက်သောသူတို့နှင့်အတူ၊ ဝမ်းမြောက်ခြင်းကို၎င်း၊ ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေးခြင်းကို၎င်း ပြုကြလော့။
ကျွန်တော်တို့ ယုံကြည်သူတွေက "Empathy" ကဲ့သို့ (ကရုဏာ၊ စာနာရိုင်းပင်းတတ်မှုတွေနှင့်) "Compassion" ဖြစ်ကာ ကိုယ်တိုင်ဝင်ရောက်ခံစားပေးသကဲ့သို့ မေတ္တာပြရမည်မဟုတ်ပါလား။ ဝမ်းမြောက်သောသူနှင့် အတူ ဝမ်းမြောက်ခြင်း၊ ငိုကြွေးသောသူနှင့် အတူငိုကြွေးခြင်းသည် မေတ္တာပေါ် အခြေမခံလျှင် မည်သို့ ဝင်ရောက်ခံစားပေးနိုင်မည်နည်း။ ကျွန်ုပ်တို့ သဘောမကျသူကို လက်မခံခြင်း၊ ကိုယ်လက်အင်္ဂါမစုံသူကို (သို့) အပိုပါသူတွေကို လက်မခံခြင်း၊ အသားအရောင်ခွဲခြားခြင်း၊ မနှစ်သက်သူတွေကို အသိုင်းအဝိုင်းမှ ဖယ်ကျဥ်ခြင်း၊ လူမျိုးရေးခွဲခြားခြင်း စသဖြင့်တွေသည် ခရစ်တော်ထံ ရောက်ရှိစေမယ့် အတားအဆီးတွေဖြစ်ရုံတင်မကသေးပဲ ယုံကြည်သူတစ်ယောက်တွင် မရှိသင့်သော အရာတစ်ခုပင်ဖြစ်သည် မဟုတ်ပါလား။
မိတ်ဆွေ ယခုမည်သို့ ခံစားနေရမည်ကို ကျွန်ုပ်တို့ မသိနိုင်ပါ။ သို့သော် အချိန်မရွေး ထပ်တူခံစားပေးနိုင်တဲ့သူတော့ ရှိပါတယ်။ သူကတော့ သခင်ယေရှုခရစ်တော်ပဲ ဖြစ်ပါတယ်။ နာကျဥ်ခြင်း၊ ငိုကြွေးခြင်း၊ သစ္စာဖောက်ခံရခြင်း၊ ငြင်းပယ်ခံရခြင်း၊ အသိုင်းအဝိုင်းမှ လက်မခံခြင်း၊ မိမိနေထိုင်ရာ ပတ်ဝန်းကျင်မှ အထင်သေးခြင်း၊ အနိုင်ကျင့်ခြင်း၊ နှိပ်စပ်ခြင်း၊ တံတွေးထွေးခံရခြင်း၊ စသဖြင့် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ နာကျဥ်ခံစားခဲ့ဖူးသူပါ။ ဒါ့ကြောင့် မိတ်ဆွေ၏ ဖြစ်ခြင်းနှင့် နာကျဥ်ငိုကြွေးနေရခြင်းကို သူထပ်တူ နားလည်ခံစားပေးနိုင်ပါတယ်။ လူသားတွေက သင့်ကို ဘယ်လိုပင် ငြင်းပယ်ကြပါစေ၊ ဝိုင်းကျဥ်ထားကြပါစေဦးတော့ သခင်ယေရှုကတော့ နွေးထွေးစွာ လက်ကမ်းကြိုလျှက်ရှိတယ် ဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့မိတ်ဆွေ။
သင်ဘယ်လောက်အပြစ်များများ၊ သင်ဘယ်လောက် တစ်လောကလုံးနဲ့ဆန့်ကျင်ကာ လွဲမှားနေပါစေ၊ သင့်ကိုမည်သူကမှ လက်မခံ၊ ဝိုင်းကျဥ်ထားစေဦးတော့ သင့်ရဲ့ အဆင်မပြေခြင်း၊ နာကျဥ်ခြင်း၊ ငိုကြွေးခြင်း၊ စတဲ့ခံစားနေရတဲ့အရာရာကို သခင်ယေရှုနားလည်ပေးနိုင်တယ်၊ ခံစားပေးနိုင်တယ်။ သင့်ရဲ့ကျနေရတဲ့ မျက်ရည်တွေကို ထိုသခင်သာသုတ်ပေးနိုင်မှာဖြစ်တယ်။ မိတ်ဆွေ သင့်ကို လူတွေနားမလည်နိုင်၊ လက်မခံနိုင်ကြရင်တောင်မှ သင်နဲ့အတူ ထပ်တူခံစားပေးနိုင်သော၊ နားလည်ပေးနိုင်သော၊ သင့်နဲ့အတူတူ နာကျဥ်ခံစားဖူးတဲ့ သခင်ယေရှုခရစ်တော်ကို မြည်းစမ်းကြည့်ပါလို့ ကျွန်တော်အားပေးချင်ပါတယ်။
ကယ်တင်ရာနေ့ရက်သည် ယနေ့ပင်ဖြစ်သောကြောင့် မိတ်ဆွေက သခင်ယေရှုခရစ်တော်ကိုမြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ ...
***ယေရှုခရစ်တော်သည် ကျွန်တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်ပေါ်မှာအသေခံအသွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံတော်မူပြီးတော့ ကျမ်းစာလာသည့်အတိုင်း၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet
Ref: Dictionary.com