January 16, 2025

အကျွန်ုပ်သိုထားပါ၏

ဆာလံဆရာက "ကိုယ်တော်ကို မပြစ်မှားဘဲ နေနိုင်မည်အကြောင်း၊ ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ။" လို့ဆိုတယ်။ တခါတရံမှာ ကျွန်​တော်တို့​တွေ မ​တွေးမိတာ​တွေ၊ မစဥ်းစားမိတာ​တွေများစွာရှိတယ်။ သိရက်နဲ့ဖြစ်​စေ မသိဘဲနဲ့ဖြစ်​စေ ပြုမိမှားတဲ့ အပြစ်​တွေလည်းရှိတတ်ကြပါတယ်။ 

အများစုရဲ့ ရည်ရွယ်ချက်က​တော့ လတ်တ​လော အဆင်​ပြေဖို့ပါ။ သို့​သော် လတ်တ​လောကိုသာကြည့်မိတယ်၊ ​ရေရှည်ကို မစဥ်းစားမိလိုက်သလို ​တွေးလည်းမ​တွေးချင်မိတတ်ကြပါဘူး။ ဒီလို အဖြစ်အပျက်​တွေကိုတော့ ကျွန်​တော်ကိုယ်တိုင် ဖြတ်သန်းခဲ့ဖူးသလို လူတိုင်းလည်း ကြုံဖူးကြမယ့် အ​ခြေအ​နေတစ်ခုဘဲ မဟုတ်ပါလား။ 

ကမ္ဘာဦးကျမ်း ၃၉:၉
ဤအိမ်တွင်လည်း ကျွန်တော်ထက်သာ၍ ကြီးသောသူမရှိပါ။ ကိုယ်မယားဖြစ်သော သခင်မမှတစ်ပါး အဘယ်အရာကိုမျှ ကျွန်တော်အားမမြစ်တားပါ။ သို့ဖြစ်လျှင် အပြစ်ကြီးသောဤအမှုကို ကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ပြစ်မှားနိုင်သနည်းဟု သခင်၏မယားကိုငြင်း၍ ပြန်ဆို၏။ 

ဒီလိုအကြပ်အတည်းထဲကို​ရောက်ခဲ့တဲ့ သူတစ်​ယောက်ရှိပါတယ်။ သူ့ရဲ့ အမည်က​တော့ "​ယောသပ်" ပါ။ ​​ပေါတိဖာ အမတ်၏ စိတ်ချရ​သော အိမ်​တော်ထိန်းကြီးယောသပ်ကိုယ်တိုင် ထိုအကြပ်အတည်းကို ရင်ဆိုင်ခဲ့ရပါတယ်။ အမတ်ကြီး၏ ဇနီးသည် ​ယောသပ်အား ကိုယ်ကာယတက်မက်ခြင်း​ကြောင့် မကြာခဏ​သွေး​ဆောင်​သော်လည်း ​ယောသပ်၏ အ​နေအထိုင်ဆင်ခြင်ခြင်း​ကြောင့် အခွင့်မရခဲ့ပါ။ 

တ​နေ့မှာ​တော့ ​ခြံထဲတွင် ​မွေးထား​သော ကြက်တစ်​ကောင်အလား ရိုက်သတ်ရန် ယောသပ်ကြီးအား ပြင်ဆင်ခဲ့​လေသည်။ အားလုံးသိကြသည့်အတိုင်းပင် ​ယောသပ်အဝတ်ကို ကိုင်ဆွဲကာ ​သွေး​ဆောင်သည်တွင် ​ယောသပ်သည် အဝတ်ပါစွန့်၍ ထွက်​ပြေး​လေသည်မဟုတ်ပါလား။ မိမိ၏ အပြစ်မဟုတ်​သော်လည်း မတရားစွပ်ဆွဲသည်ကိုပင် ခံရ​သေးသည်။ 

​ယောသပ်ကိုယ်တိုင် အကြပ်အတည်းကြားထဲတွင် ခက်ခဲ​သောအ​ဖြေကိုသာ ​ရွေးခဲ့သည်။ သခင်မနှင့် အိပ်မလား၊ မတရားစွပ်ဆွဲခံမည်လား၊ သာသာယာယာ​နေချင်သလား၊ အခက်အခဲနှင့်ရင်ဆိုင်ချင်သလား။ ​ယောသပ်၏ ​ရွေးချယ်ခြင်းသည် ကျွန်ုပ်တို့၏ အတုယူစရာပင်။ သခင်မ၏ အလိုကိုလိုက်လျှင် သာသာယာယာ​နေရ​ပေမည်ဆို​သော်လည်း မလိုက်​လျောခဲ့ခြင်းသည် အဘယ့်​ကြောင့်နည်း။ 

"အပြစ်ကြီးသောဤအမှုကို ကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ပြစ်မှားနိုင်သနည်း" ဆို​သော ငြင်းဆိုချက်များကို ကြည့်မည်ဆိုလျှင် သခင့်အား ပြစ်မှားခြင်း၊ သခင်မအား ပြစ်မှားခြင်းဟူ၍ မဆိုဘဲ ဘုရားသခင်ကို ပြစ်မှားခြင်းဟုပင်ဆို​သော​ကြောင့် ကိုယ်​တော်ကို မပြစ်မှား​စေရန် ဗျာဒိတ်​တော်ကို နှလုံးသားထဲတွင် သိုထားခြင်းဖြစ်သည်မဟုတ်ပါလား။ 

ကျွန်ုပ်တို့ယုံကြည်သူများသည်လည်း မည်သည့်အ​ရေးအတွက် လတ်တ​လောအဆင်​ပြေရန် ​ရွေးချယ်ဖို့ကြံစည်​နေသနည်း။ သို့မဟုတ် မိမိ၏ စိတ်ခံစားချက်အ​ပေါ်လိုက်၍ နာမ​တော်ကို အလွဲသုံးစားပြု​နေသလား။ နိုင်ငံခံစားချက်​ကြောင့် ပြစ်မှား​စေမိမလား၊ လူမှု​ရေး​ကြောင့်လား၊ စီးပွား​ရေးမှာ​​ရော ဘုရားသခင်၏အလို​တော်ကို ဆန်တက်​နေသလား၊ အိမ်​ထောင်​ရေးမှာ​ရော တားမြစ်ချက်များကို ​ကျော်လွန်ကာ လတ်တ​လောအတွက်သာ စဥ်းစား​နေမိသလား။ ​ဆာလံဆရာက "ကိုယ်တော်ကို မပြစ်မှားဘဲ နေနိုင်မည်အကြောင်း၊ ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ။" ဟုဆိုသည့်အတိုင်း ကျွန်ုပ်တို့ယုံကြည်သူ ခရစ်ယာန်များမှာလည်း လတ်တ​လောအကြပ်အတည်း​တွေ အခက်အခဲ​တွေထက် ဘုရားသခင်ကို ပြစ်မှား​စေမိမှာကိုသာ ​ကြောက်ရ​အောင်ဟု အနည်းငယ်တိုက်တွန်း ခွန်အား​ပေးရင်း ဗျာဒိတ်​တော်ကို နှလုံသားထဲမှာ သိုထားကြပါစို့။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next