January 15, 2025

အဆိပ်​ကျွေးခြင်း

ဒီက​နေ့မှာ Page တစ်ခုမှတင်ထားသည်ကို မြင်မိ၍ နာမည်ကြီးရုပ်ရှင်တစ်ကားကို သတိရမိပါသည်။ ​ရှေး​​ခေတ်တရုတ်ကားဖြစ်ပြီး "Gong Li" "Chow Yun-fat" "Jay Chou" "Liu Ye" တို့ပါဝင်သရုပ်​ဆောင်ထား​သော "Curse of the Golden Flower" ဖြစ်​ပေသည်။ 

ထိုရုပ်ရှင်ထဲတွင် ဘုရင်ဖြစ်သူ ​ချောင်ယွမ်ဖက်သည် မိဖုရား ​ဂေါ်လီအား ​သေ​စေချင်သည် သို့​သော် သတ်၍မရ​သော​ကြောင့် ​ဖြေး​ဖြေးချင်းသာ အဆိပ်​ကျွေး၍ သတ်​လေသည်။ ထိုအရာကို ​သောက်ပါများလာ​​တော့ တစ်ရက်​တွင် ​သွေးအန်၍ ​သေ​လေ​​တော့သည်။ 

ထိုအဖြစ်အပျက်​လေးကို သတိရမိရင်း ဆင်ခြင်မိသည်မှာ ယ​နေ့​ခေတ် ခရစ်ယာန်များသည် ထိုသို့ မသိမသာ အဆိပ်​သောက်​နေမိကြ​လေပြီလားဟုပင်ဖြစ်သည်။ အဘယ့်​ကြောင့်ဆို​သော် ယ​နေ့တွင် မစင်ကြယ်​သော ဩဝါဒများစွာ ပြန့်ပွား​နေသည်။ မှားယွင်း​သောဩဝါဒများဖြစ်တဲ့ ​ယေရှုကို ခွဲခြင်းမျိုး​တွေ၊ တရုတ်မအဖွဲ့​တွေကို မဆိုထားနှင့်ဦး ဆယ်ဖို့တစ်ဖို့အလှူ​ငွေကိုပင် လွဲမှားစွာ သွန်သင်ခြင်းများစွာကိုပင် ​တွေ့​နေရ​​ပေသည်။ 

ယ​နေ့မြင်လိုက်ရသည်မှာ​တော့ ဆယ်ဖို့တစ်ဖို့ထည့်ရန်မလိုဟူ​သော လွဲမှား​သော သွန်သင်ခြင်းပင်ဖြစ်​ချေသည်။ ​ပေးလှူခြင်းကို မကြိုက်သူများနှင့် ဘာလာလာ ​ထောက်ခံတတ်သူ​တွေရဲ့ ကွန်းမန့်များက​​တော့ အာမင်​ပေါ့၊ သို့​သော် ထိုအထဲတွင် အမှားကို​ထောက်ခြင်းနှင့် အမှားမှန်းသိ၍ ​ဆင်ခြင်သွားသူများလည်းရှိခြင်းက​တော့ ဝမ်းသာစရာပင်ဖြစ်​ချေသည်။ ထိုသွန်သင်ခြင်းသည် "False Teaching" မှားယွင်း​သော သွန်သင်မှုပင်ဖြစ်သည်။ ထိုသို့ သွန်သင်လျှင် ကိုယ်တိုင်လည်း ဆယ်ဖို့တစ်ဖို့ မ​ပေးတတ်သူများဖြစ်သည်ကို သိနိုင်သည်။ ဒါ​ပေမယ့်လည်း သူတို့ကိုယ်တိုင်ကျတော့ ယူတတ်ကြသည်။ အကယ်၍ ကိုယ်က မ​ပေးဖို့သွန်သင်လျှင် ကိုယ်တိုင်လည်း မယူသင့်​ပေ မယူဖို့ရန်လည်း ဒီ​နေရာက​နေ ​ပြောချင်ပါတယ်။ သို့​သော် ထိုသူ ယူယူ မယူယူ ထိုသွန်သင်ခြင်းသည် အလွဲဖြစ်သည်ကို​တော့ သိရ​ပေမည်။ 

ရုပ်ရှင်ထဲကအတိုင်းသာ ထိုမှားယွင်းစွာသွန်သင်​သော အယူလွဲသူများ၏ အဆိပ်​ကျွေးခြင်းကို စား​နေမိလျှင်​​တော့ တစ်ရက်မှာ ​သွေးအန်၍ ​သေ​သော ​ဂေါင်လီထက်ဆိုးမည်ဖြစ်သည်ကို သတိပြုသင့်​ပေသည်။ ကျွန်ုပ်တို့ ခရစ်ယာန်များ၏ အယုံလွယ်ခြင်းကို ဆင်ခြင်ရမည်၊ သမ္မာတရားနှင့်ညီမညီ ကျမ်းစာနှင့်ချိန်ထိုးရမည်။ မည်သူမဆို ဘုရားဖွင့်ပြသည်၊ ဝိညာဥ်​တော်​ဖော်ပြသည်ဆိုသည်မှာ အလွယ်​လေး​ပြောနိုင်သည်ကိုသတိပြုပါ။  ထိုသူလည်း အမြဲတမ်း ဝိညာဥ်​​တော်​ဖော်ပြတယ်၊ ဘုရားဖွင့်ပြတယ်ဟုဆိုတတ်သလို တကယ့်ဆရာများ၊ ယုံကြည်သူများလည်းဆိုတတ်သည် ထို့​ကြောင့် ​ဗေရိသားများကဲ့သို့ မှန်သည်မမှန်သည်ကို ချိန်ထိုးတတ်ပါ​စေ။ 

ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၄:၁
ချစ်သူတို့၊ ခပ်သိမ်းသောစိတ်ဝိညာဉ်တို့ကို မယုံကြနှင့်။ စိတ်ဝိညာဉ်တို့သည် ဘုရားသခင်နှင့် စပ်ဆိုင်သည် မစပ်ဆိုင်သည်ကိုစုံစမ်းကြလော့။ အကြောင်းမူကား၊ မိစ္ဆာပရောဖက်အများတို့သည် ဤလောကသို့ သွားကြပြီ။ 

ခပ်သိမ်း​သော စိတ်ဝိညာဥ်တို့ကို မယုံကြပါနဲ့၊ ဘုရားသခင်နဲ့ဆိုင်သလား မဆိုင်သလား စုံစမ်းပါ၊ ချိန်ထိုးပါ၊ ဆင်ခြင်ပိုင်းခြားပါ။ ကျမ်းစာအုပ်ကိုင်တိုင်း၊ တရား​ဟောတိုင်း အာမင် မထူးကြဖို့နှင့် သမ္မာသတိထား၍ ဆင်ခြင်ပိုင်းခြားတတ်ကြကာ မှားယွင်းစွာသွန်သင်ခြင်းကို မြင်လျှင် ငြင်းဆိုရဲပါ​စေ။ အဘယ့်​ကြောင့်ဆို​သော် မိစ္ဆာပ​ရောဖက်တို့သည် ဤ​လောကတွင် ရှိ​နေကြပြီးသားပင် ဖြစ်​ချေ​​တော့သည်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next