မြင်နိုင်သောမျက်စိ

ရှုရိရှင်ဘုရင်သည် ဣသရေလတိုင်းပြည်အား စစ်တိုက်ရာတွင် သူ၏အကြံအစည်တိုင်းအား သိနေသောကြောင့် သူတို့သည်ဘေးလွတ်လျက်ရှိကြပြီး ဗျူဟာတိုင်းကို သိနေသောကြောင့် ငယ်သားများအား အဘယ့်ကြောင့်နည်းဟု မေးသောအခါ ပရောဖက်ဧလိရှဲ ကြောင့်ဖြစ်တယ်၊ အရှင်မင်းကြီး အိပ်ယာထဲမှာ ပြောနေတဲ့စကားကိုတောင် ကြားနိုင်ပါတယ်လို့ ဆိုကြတယ်။ ဒါကြောင့်ရှင်ဘုရင်က ဖရောဖက်ဧလိယအား သွားရောက် ဖမ်းဆီးစေဖို့ရန် မြင်းစီးသူရဲ၊ ရထားစီးသူရဲ၊ စစ်သည်ဗိုခြေများနှင့် မြို့ကို ဝိုင်းလေသည်။
ဓမ္မရာဇဝင် စတုတ္ထစောင် ၆:၁၆-၁၇
ဧလိရှဲက မစိုးရိမ်နှင့်။ ငါတို့ဘက်၌ နေသောသူတို့သည် ရန်သူတို့ဘက်၌ နေသောသူတို့ထက် သာ၍များကြသည်ဟု ဆိုလျက်၊
အိုထာဝရဘုရား၊ ဤသူသည် မြင်နိုင်မည်အကြောင်း သူ၏မျက်စိကို ဖွင့်တော်မူပါဟု ဆုတောင်းသည်အတိုင်း၊ ထာဝရဘုရားသည် ထိုလုလင်၏ မျက်စိကို ဖွင့်တော်မူသဖြင့်၊ ဧလိရှဲပတ်လည်၌ တစ်တောင်လုံး သည်မီးမြင်း၊ မီးရထားနှင့်ပြည့်သည်ကို မြင်လေ၏။
နောက်တစ်နေ့နံနက်ရောက်တဲ့အခါမှာ ဧလိရှဲရဲ့ကျွန်သည် ထို စစ်သူရဲတွေကိုမြင်တယ်၊ သူကြောက်လန့်ခြင်းကိုရောက်တယ်၊ ဒီလူတွေ အများကြီး မြို့ကိုဝိုင်းထားတယ် ဘယ်လိုလုပ်ကြမလဲလို့ ဧလိရှဲကိုမေးတဲ့အခါမှာတော့ ဧလိရှဲက အေးဆေးတည်ငြိမ်စွာ စကားတစ်ခွန်းဆိုလေတယ်။ ထိုစကားကတော့ " မစိုးရိမ်နှင့်။ ငါတို့ဘက်မှာနေသောသူတွေသည် ရန်သူတွေဘက်မှာနေသောသူတွေထက် သာ၍များတယ် " ဆိုတာပဲဖြစ်ပါတယ်။
ဟုတ်ပါတယ်။ မြို့ကို ဝိုင်းသောရန်သူတွေသည် သာမာန် လူသာမညတွေမဟုတ်ပါဘူး စစ်သူရဲတွေ၊ လက်ရွေးစင်တွေဖြစ်သော်ငြားလည်းဘဲ သူတို့တွေဘက်မှာရှိသောသူတွေက ရန်သူတွေထက် သာ၍များကြောင်းကို သူမြင်တွေ့ ခွင့်ရခဲ့တယ်။ ထိုရန်သူတွေဝိုင်းခြင်းဘေးမှ လွတ်မြောက်ခဲ့တယ်။ ဒီလိုဘဲ သင့်ကိုဘာတွေဝိုင်းနေမလဲဆိုတာ ကျွန်တော်မသိပါဘူး သို့သော် သင့်ဘက်မှာရှိသောသူတွေသည် ထိုအရာတွေထက် သာ၍များတယ် သာ၍ကြီးတယ်ဆိုတာကို မြင်နိုင်သောမျက်စိအလင်းကိုရနိုင်ပါစေ။ ထိုအရာ၏ ဝိုင်းခံရသောဘေးမှ လွတ်မြောက်ပါစေ။
ဒီကာလကတော့ တစ်ခုမဟုတ်တစ်ခုရဲ့ ဝိုင်းခံရခြင်းကို ခံစားရသော ကာလလဲဖြစ်နေနိုင်ပါတယ်။ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ စားဝတ်နေရေး၊ အိမ်ထောင်ရေး စသဖြင့် အခက်အခဲပြဿနာ တစ်ခုခုရဲ့ဝိုင်းခံနေရချိန်ဖြစ်နေသော်လည်း သင့်ပတ်ပတ်လည်တွင် ထိုပြဿနာတွေထက် ဘုရားသခင်၏ကျေးဇူးတော်သည် သာ၍များတယ်ဆိုသောအရာနှင့် ထိုပြဿနာကို ကျော်လွန်အောင်မြင်ရမည့် လမ်းကို မြင်နိုင်သော မျက်စိကို ဘုရားသခင်ဖွင့်တော်မူပါစေသော်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Design: Sayama Eiei Soe