December 25, 2024

ငါ့ကိုချစ်​သောသူ

ယေရှုက ​ပေတရုကို​မေးတယ်
ငါ့ကိုချစ်သလားတဲ့။ 

​ပေတရုကလည်း ပြန်​ဖြေတယ်
ချစ်တယ်​ပေါ့။
ဒါဆို ငါ့သိုးတို့ကို ​ကျွေး​မွေးပါ။ 

ဒုတိယအကြမ်ထပ်​မေးတယ် ငါ့ကိုချစ်သလား 
ချစ်တယ်​ပေါ့။
ဒါဆို ငါ့သိုးတို့ကို ထိန်းပါ။ 

တတိယအကြိမ်​မြောက် ထပ်​မေးတယ် ငါ့ကိုချစ်သလား 
​ . . . . .
ဒါဆို ငါ့သိုးတို့ကို ... 

ရှင်ယောဟန်ခရစ်ဝင် ၂၁:၁၇
ယေရှုက၊ ငါ၏သိုးတို့ကို ကျွေးမွေးလော့။ 

တကယ်ဆိုရင် ဒီသိုး​တွေက ဘယ်လိုသိုး​တွေဖြစ်မလဲ။
တကယ်ဆိုရင် ဒီသိုး​တွေက ဘယ်လိုအ​ခြေအ​နေ​တွေဖြစ်မလဲ။
တကယ်ဆိုရင် ဒီသိုး​တွေက ဘယ်လိုမျိုးသိုး​တွေပဲ ဖြစ်​နေပါ​စေ၊ သိုးထိန်းက​တော့ ​ပျောက်​သောသိုးကို ရ​အောင်ရှာကယ်မှာပါ။ 

ဒီသိုး​တွေက ပိုင်ရှင်မဲ့ မဟုတ်ဘူး​နော် ... ငါ့သိုးတဲ့။ 

သခင်​ယေရှုရဲ့ ​မေးခွန်းက​တော့ ရှင်းပါတယ်။
တစ်ခွန်းတည်းပါ ... ငါ့ကိုချစ်လားတဲ့​လေ ...
ချစ်တယ်ဆိုရင်​တော့ ငါ့သိုးတို့ကို ​ကျွေး​မွေးပါ၊ ငါ့သိုးတို့ကို ထိန်းပါ။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next