November 26, 2026

သင့်အတွက်တံခါးတစ်ချပ်​တော့ရှိပါ​သေးတယ်

ဘဝဆိုတာ တိုက်ပွဲတစ်ခုလိုဘဲ ​မွေးလာပြီးရင် ရှင်သန်ဖို့တိုက်ပွဲ​တွေကို အသီးသီးဖြတ်သန်းရမယ်။ လဲကျ ပြန်ထ ဒါလူ့ဘဝ စသဖြင့် ကြားဖူးကြမယ်ထင်ပါတယ်။ လဲကျရင် ပြန်ထပါလို့​တော့ ဆိုတတ်ကြ​ပေမယ့် အချို့​သော အ​ကြောင်းအရာ​တွေမှာ​တော့ ပြန်ထဖို့​နေ​နေသာသာ အသက်ရှူဖို့​တောင် ခက်ခဲ​နေတဲ့ ဘဝအ​​ခြေအ​နေ​တွေရှိပါတယ်။

လူတိုင်းလူတိုင်းဟာ သူ့အတိုင်း သူ့အထွာနဲ့​တော့ ခက်ခဲမှုကိုယ်စီရင်ဆိုင်​နေရတတ်ပါတယ်။ သူ​ဌေးကလဲ ရင်းနှီးမြှုပ်နှံဖို့၊ လုပ်ငန်း​တွေလည်ပတ်ဖို့၊ အရင်းမပြုတ်ဖို့ စသဖြင့်ရှိသလို အချို့ကလဲ လစာပုံမှန်ရဖို့၊ စား​သောက်ရဖို့၊ ​ဈေး​ရောင်းရဖို့ စသဖြင့် အမျိုးမျိုး​သော အ​ကြောင်းအရာ​တွေ ကိုယ်စီရှိကြပါတယ်။ ဒီလို​တွေအထဲမှာမှ အချို့က​တော့ ဆုံးရှုံးသွားပြီ၊ မဖြစ်နိုင်​တော့ဘူးလို့ လက်​လျှော့အရှုံး​ပေးရ​တော့မလို အ​ခြေအ​နေ​တွေကို ရင်ဆိုင်​နေ​သောသူ​တွေ ရှိပါတယ်။

မနက်ဖြန်အသက်ရှင်ဖို့အတွက်၊ မနက်ဖြန်ဆိုတာကို ရင်ဆိုင်ဖို့ခွန်အားဆိုတာ ဒီ​​နေ့မှာကတည်းက ကုန်ခန်း​နေပြီဖြစ်သလို စိတ်ပျက်အား​လျှော့၍ မနက်ဖြန်​ရောက်မည်ကို ​ကြောက်ရွံ့​နေရခြင်းဟာ ​နောက်ဆုံးမှာ ဘဝကိုအရှုံး​ပေးဖို့ ဆုံးဖြတ်ချက်ချလာမိသည်အထိ တွန်းအား​တွေ​ပေးလာခဲ့ပါ​တော့တယ်။ ဒါ​ပေမယ့် မိတ်​ဆွေ သင်ဟာ ဒီအထဲမှာပါ​နေတယ် ဆိုရင်​တော့ ဒီစာကို အဆုံးထိဖတ်သွားပါလို့ ဆိုချင်ပါတယ်၊ သင့်အတွက် သတင်း​ကောင်း​လေးပါးချင်လို့ဖြစ်ပါတယ်၊ သင်တစ်ခုခုကို​တော့ ရလိုက်မယ်လို့ ယုံကြည်ပါတယ်။

ပညာ​ရေး၊ ကျန်းမာ​ရေး၊ လူမှု​ရေး၊ အိမ်​ထောင်​ရေး၊ စီးပွား​ရေး၊ တမလွန်အ​ရေး၊ အစရှိသဖြင့် သင့်အတွက် ဆုံးရာသို့​ရောက်​နေပြီလို့ သင်ထင်​နေပါသလား။ သင်ထင်​နေသလို မဟုတ်ဘူးလို့ သတင်းကောင်းပါးချင်ပါတယ်။ တကယ်​တော့ သင့်အတွက် တံခါး​တွေအကုန် ပိတ်သွားပြီလို့ သင်ထင်​ကောင်း​ထင်​နေနိုင်ပါတယ် သို့​သော် သင်မမြင်နိုင်တဲ့​နေရာမှာ သင့်အတွက် သီးသန့် အမြဲတမ်းဖွင့်ထားတဲ့ တံခါးတစ်ချပ်ရှိပါ​သေးတယ်။ (There is a door that's always open especially for you.) ဒါက​တော့ ​ယေရှုခရစ်​တော် အားဖြင့်သာဖြစ်ပါတယ်။ သမ္မာကျမ်းစာက အဖြစ်အပျက်​လေးတစ်ခုကို ​လေ့လာကြည့်မယ်ဆိုရင်

ရှင်လုကာခရစ်ဝင် ၅:၁၉
လူစုဝေးလျက်ရှိသောကြောင့် ဝင်စရာလမ်းကိုမတွေ့သဖြင့်၊ အိမ်မိုးပေါ်သို့တက်၍ အုတ်မိုးကို ဖောက်ပြီးမှ လူနာကို အိမ်ယာနှင့်တကွ လူများ အလည်ယေရှု၏ ရှေ့တော်သို့ လျှော့ချကြ၏။ 

လက်​ခြေ​သေတဲ့သူတစ်​ယောက်ကို ထမ်းလာကြတာဖြစ်တယ်၊ ​​သေချာစဥ်းစားကြည့်မယ်ဆိုရင် ​​ခြေလက်​သေတယ်၊ ကျန်းမာ​ရေးရယ်၊ လုပ်စားမရတာရယ်၊ အိမ်​ထောင်​ရေးနဲ့ပညာ​ရေးပါ​ကောင်းပါနိုင်မယ် သူ့အတွက် လမ်းဆုံး​ရောက်​နေပြီဖြစ်တယ်။ ​နောက်ဆုံး ​ယေရှုဆီ​ခေါ်လာခဲ့တာ​တောင်မှပင် ဝင်စရာလမ်းကိုမ​တွေ့ဘူး ဆိုတာကို​တွေ့ရတယ်၊ ​ပြောမယ်ဆိုရင် သူ့အတွက်​တော့ ဒီအရာက​နေ မလွတ်​မြောက်နိုင်​တော့ဘူးလို့ ထင်​ကောင်းထင်ရမယ်၊ ဒီဘဝနဲ့သာ ​သေလိုက်ပါ​တော့၊ အရှုံး​ပေးလိုက်​တော့၊ ​ယေရှုဆီ​ခေါ်လာတာဘဲ မ​ရောက်နိုင်တာ​တော့ မတတ်နိုင်ဘူး၊​ ​ပြောရရင် သူ့အတွက်က​တော့ တံခါး​တွေပိတ်ထားသလိုဘဲ မ​ရောက်နိုင်ဘူးဖြစ်​နေတယ်၊ သို့​သော် မမြင်ရတဲ့ တစ်​နေရာက​တော့ ရှိ​နေတယ်ဆိုတာကို နားလည်ရတယ်။ ဆက်ဖတ်ကြည့်မယ်ဆိုရင် သူဟာ လွတ်​မြောက်ခြင်းကိုရသွားတယ်၊ သူ့ရဲ့ မနက်ဖြန်ကို ဝမ်း​မြောက်စွာနဲ့ရှင်သန်ရဲသွားသလို ယ​နေ့မှာပင် အ​ဖြေကိုရရှိသွားတာဖြစ်ပါတယ်။ မဖြစ်နိုင်​တော့ဘူးလို့ အ​ခြေအ​နေ​တွေက တွန်းပို့​နေ​သော်လည်း၊ ဘဝကို အရှုံး​ပေးဖို့ရာ ဖြစ်​နေ​သော်လည်း၊ ​ဖြေရှင်းဖို့ တတ်နိုင်​သောသူဆီသွားတာ​တောင် မ​ရောက်နိုင်​တော့ဘူးလို့ မ​တွေ့နိုင်​တော့ဘူး တံခါး​တွေအကုန်ပိတ်​နေပြီလို့ ထင်ရ​သော်လည်း၊ ​ယေရှုခရစ်​တော်နဲ့​တွေ့ဖို့ရာ တံခါးတစ်ချပ်ရှိ​နေပါ​သေးတယ်ဆိုတာကို နားလည်ရသလို၊ မဖြစ်နိုင်​တော့​ပေမယ့် ဖြစ်လာတယ်ဆိုတာကို နားလည်ရပါတယ်။

ဒါ့​ကြောင့် သင်နဲ့ကျွန်ုပ်ရဲ့ ခက်ခဲခြင်း​တွေက​နေ ဘယ်လိုပင် မလွတ်​မြောက်နိုင်ဘူးလို့ ထင်​နေရပါ​သော်လည်း ​ယေရှုခရစ်​တော်အားဖြင့် တံခါးတစ်ချပ်ရှိ​နေတယ် ထိုအရာက​နေ ​အောင်မြင်ရတဲ့အခွင့်ရှိတယ်ဆိုတာကို အနည်းငယ်အား​ပေးရင်း ... တမလွန်အတွက်​ကြောင့် လွတ်လမ်းမရှိ​တော့ဘူးလို့ ထင်​နေရသူ​တွေအတွက်က​တော့ ​ယေရှုခရစ်​တော်၏ ကယ်တင်ခြင်းသည် သင့်အတွက် အမြဲတမ်းဖွင့်ထား​ပေး​သော တံခါးတစ်ချပ်ဖြစ်ပါတယ် သင်ယုံကြည်လက်ခံလိုက်တဲ့​နေကစလို့ အပြစ်ငရဲက​နေ လွတ်​မြောက်သွားပြီဆိုတာကို အနည်းငယ်​ဝေမျှ​​ပေးလိုက်ပါတယ်။ 

ယေရှုခရစ်​တော်ကို ရ​သောသူသည် ​တမလွန်အတွက် တိကျတဲ့အ​ဖြေ စစ်မှန်တဲ့ အာမခံဖြစ်ပါတယ်ဆိုတဲ့ သတင်း​ကောင်း​လေး​ကို ​ဝေမျှ​ပေးခြင်းဖြစ်ပါတယ်။ ကယ်တင်ရာ​နေ့ရက်သည် ယ​​နေ့ပင်ဖြစ်​သော​ကြောင့် ကမိတ်​ဆွေက သခင်​ယေရှုခရစ်​တော်ကိုမြည်းစမ်းကြည့်ချင်တယ်ဆိုရင်​တော့ ...

***ယေရှုခရစ်​တော်သည် ကျွန်​တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်​ပေါ်မှာအ​သေခံအ​သွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံ​တော်မူပြီး​တော့ ကျမ်းစာလာသည့်အတိုင်း၃ရက်​မြောက်​သော​နေ့မှာရှင်ပြန်ထ​မြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next