January 23, 2025

ယုံကြည်ခြင်းသည် ကြားနာခြင်းမှ

သတင်းစကားဆိုတာကို လူတိုင်းစိတ်ဝင်စားတတ်ကြပါတယ်။ တခါတ​လေ​တော့လည်း သတင်းမဟုတ်ပဲ အတင်းဖြစ်သွားတတ်တယ်။ "ပန်းသတင်း ​လေညှင်း​ဆောင်၊ လူသတင်း လူချင်း​ဆောင်" ဆိုတဲ့ ဆိုရိုးလည်း ရှိ​ပေတာမို့ အချို့ကလည်း ထိုစကားကို အသုံးချတတ်ကြပြန်​လေရဲ့။ 

သတင်းအမှား​တွေ၊ အပုပ်ချခြင်း​တွေကို နိုင်ငံ​ရေး​သော်လည်း​ကောင်း၊ လူမျိုး​ရေး​သော်လည်း​ကောင်း၊ မိမိ၏ ကိုယ်ကျိုးစီးပွားအတွက်ဖြစ်​စေ၊ အမြင်မကြည်၍ ဖြစ်​စေ အသုံးချတတ်ကြတာလဲ ဒီလူ​​တွေပဲမဟုတ်ပါလား။ 

ဒါ​ပေမယ့် ကျွန်​တော်တို့ ယုံကြည်သူ​တွေက အတင်း​ပြောမလား၊ သတင်း​ကောင်း​ပြောမလား ဒါစဥ်းစားစရာတစ်ခုပဲဖြစ်ပါတယ်။ မိုးခါး​ရေမ​​သောက်ဘူးလို့ ဆို​နေ​သော်လည်း ကိုယ်​ပေးတဲ့သတင်း​ကောင်းက အလွဲမဟုတ်​စေ​ဖို့​တော့ အင်မတန်အ​ရေးကြီး​ပေသည်။ ကယ်တင်ခြင်း သတင်းစကား​ကြားပြောဖို့ရာ ယုံကြည်သူတိုင်း၏ တာဝန်ဖြစ်ပါသည်။ လောကမှာရှိတဲ့ လူတိုင်းထံသို့ ကယ်တင်ခြင်း သတင်းစကား ​ရောက်ရှိ​စေရန်လိုအပ်သည် မဟုတ်ပါလား။ 

ရောမဩဝါဒစာ ၁၀:၁၇
သို့ဖြစ်၍၊ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်၏။ ကြားနာခြင်းသည်လည်း၊ ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်၏။ 

ယုံကြည်ခြင်းရှိလာ​စေရန်၊ ကြားနာခြင်း အရင်လာရ​ပေမည်။ ဟုတ်ပါတယ် မကြားထားလျှင် မသိနိုင်ပါ၊ ယုံကြည်လာ​စေရန်အတွက် ကြားနိုင်ရန်လိုအပ်သည် မဟုတ်ပါလား။ သို့​သော် ထိုသို့ ကြားနာ​စေရန်အလို့ငှာ အဘယ်သူသည် ကြား​ပြောမည်နည်း၊ အဘယ်သို့​သော သတင်းစကားကို​ ကြား​​ပြော​မည်နည်း၊ ထိုသတင်းစကားသည် မှန်၏​လော မမှန်၏​လောသည်လည်း အင်မတန် အ​ရေးကြီး​သော အချက်ပင်မဟုတ်ပါတကား။ 

ဒါ့​ကြောင့် ကြား​ပြောရန်မှာ ယုံကြည်သူတိုင်း၏တာဝန်ဖြစ်သလို၊ ကြားနာခြင်းသည် ဘုရားသခင်၏စကားဟုဆိုသကဲ့သို့ သမ္မာတရားစစ်စစ် ဖြစ်ရန်လို​ပေသည်။ အဘယ့်​ကြောင့်ဆို​သော် ​နောင်တ မပါ​သော ဧဝံ​ဂေလိတရားများနှင့် ​ယေရှုကြွလာပြီးပြီဟု အတုအ​ယောင်သုံး၍ ​ပြော​နေ​​ဟော​နေသော ဧဝံ​ဂေလိများသည်ပင်လျှင် အခြား​သောဧဝံ​ဂေလိဟုဆိုရ​ပေဦး​တော့မည်။ မစင်တွင်းထဲ​ပျော်​မွေ့တတ်သည့် ယင်​ကောင်အလား ထိုမစင်​ကိုသာ ​ကျေးဇူး​တော်ပါဟုချီးမွမ်းရင်း သုံး​ဆောင်တတ်ကြ​သော​ကြောင့်ပင်။ 

ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်၏၊ ကြားနာခြင်းသည်လည်း၊ ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်၏ဟု ဆိုသကဲ့သို့ ကျွန်ုပ်တို့သည် သမ္မာတရားစစ်စစ်ကိုသာ ကြား​ပြောရင်း ​လောကမှာ သခင်​ယေရှုခရစ်​တော်၏ ကယ်တင်ခြင်း သတင်း​ကောင်းကို လူချင်း​ဆောင်လျှက် ​ရှေ့ဆက်ကြပါစို့။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next