January 15, 2025

ဇာတိပကတိကို ဖယ်ရှားပါ

လူတိုင်းတွင် ခံစားချက်ဆိုတာရှိကြသည်။ လူတိုင်း လိုချင်စိတ်၊ ဖြစ်ချင်စိတ်၊ တပ်မက်စိတ်၊ အလိုဆန္ဒများစွာ ရှိ​နေတတ်ကြသည်။ ထိုအရာများရှိခြင်းသည် မထူးဆန်း​ပေ အဘယ့်​ကြောင့်ဆို​သော် လူသားဖြစ်​သော​ကြောင့်ပင် ဖြစ်သည်မဟုတ်ပါလား။ 

အချို့ကလည်း ပစ္စည်းဥစ္စာနှင့်ပတ်သက်လျှင် အထိမခံတတ်ကြသလို၊ အချို့ကလည်း ​ငွေ​ကြေး၊ အချို့ကလည်း ကိုယ့်အမျိုးထိလျှင် မီးပွင့်သွားမည်ဟုပင် ရှိတတ်ကြပြန်သည်။ အချို့ကလည်း အလိုဆန္ဒများကို ဦးစား​ပေးအသက်ရှင်ကြသည်။ မိမိ၏ အလိုအတိုင်း ဖြစ်ချင်ရာဖြစ် အသက်ရှင်သည်။ လိုချင်​သော အရာ၊ ဖြစ်ချင်​သော အရာ၊ ​လောင်းကစား၊ မူးယစ်​ဆေးဝါး၊ မိန်းမကိစ္စ၊ စသဖြင့် အမျိုးမျိုးတို့ကိုသာ ဦးစာ​ပေး၍ ဇာတိအလိုအတိုင်း အသက်ရှင်​နေထိုင်ကြသည်။ 

လူသည် တစ်ခါတည်း​သေရတာဖြစ်တယ် ဒါ့​ကြောင့် လုပ်ချင်ရာလုပ်၊ စားချင်ရာစား၊ ဆိုးချင်သ​လောက်ဆိုး၍ ​သေရသည်မှာ လူဖြစ်ရကျိုးနပ်သည်ဟုပင် ဆိုတတ်ကြ​သေးသည် မဟုတ်ပါလား။ သို့​သော်လည်း ထိုအရာများကို လုပ်​ဆောင်ခြင်း၊ ထိုသို့​နေထိုင် အသက်ရှင်ခြင်းများသည် ယုံကြည်သူများနှင့် မသက်ဆိုင်​ပေ။ ဇာတိအတိုင်း အသက်ရှင်ခြင်းသည် အင်မတန်မှ သတိထား​ရှောင်ကျဥ်သင့်​သော အရာဖြစ်သည်။ 

ဇာတိပကတိသ​ဘောနှင့် ဝိညာဥ်ပကတိသ​ဘောသည် လွန်ဆွဲ​​နေကြ​သော်လည်း ကျွန်ုပ်တို့၏ ဇာတိစိတ်များသည် ​နေ့စဥ်အသက်တာတွင် ​သေဆုံးခြင်းရှိရမည်။ ဇာတိသ​ဘောများကို ​နေ့တိုင်းသတ်၍ ဝိညာဥ်သ​ဘောနှင့်သာ အသက်ရှင်ကြရမည်မှာ ကျွန်ုပ်တို့ယုံကြည်သူတိုင်း ဆင်ခြင်ပြင်ဆင်ရမည့် အသက်တာတစ်ခုပင်ဖြစ်သည်။ တစ်ရက်ဖယ်ရှား​သော ဇာတိသည် ​နောက်တစ်​နေ့တွင် ပြန်​ပေါ်လာနိုင်သည်ကို ကျွန်ုပ်တို့သည် သိကြသည်။ ဒါ့​ကြောင့် ​နေ့စဥ်​လျှောက်လှမ်းကြမည့် အသက်တာတွင် ​နေ့စဥ်ပင် ထို​ဇာတိစိတ်ကို ဖယ်ရှား သတ်ပစ်ကြရမည်မဟုတ်ပါလား။ 

အသက်တာ​ပြောင်းလဲခဲ့စဥ်ကတည်းက ထိုစိတ်များကို ကားတိုင်​ပေါ်တွင် ရိုက်ထားခဲ့ခြင်းဖြစ်သည်။ အကျင့်ဆိုးများ၊ ဇာတိသ​ဘောများ၊ မိမိစိတ်ဆန္ဒတပ်မက်ခြင်းများ၊ ဇာတိအ​ဟောင်းများကို ကားတိုင်​ပေါ်တွင် သံမှိုရိုက်ထားခဲ့ပြီးဖြစ်သည်။ အသက်တာ​ပြောင်းလဲလာသည်နှင့်အမျှ ထိုသူများသည် တ​ဖြေး​ဖြေး​ပြောင်းလဲလာကြကာ ဇာတိ​ဟောင်းများနှင့်လည်း မဆက်ဆံခဲ့ကြ​​တော့ဘူး မဟုတ်ပါလား။ ထိုသို့ လူသစ်ဖြစ်သွား​သော ယုံကြည်သူတစ်​ယောက်သည် စိတ်သစ်လူသစ်နှင့် ဘဝသစ်ကိုဖြတ်သန်းကာ ဇာတိ​ဟောင်းများကို ကားတိုင်ပေါ်တွင် ရိုက်ထားခဲ့ကြသည်ဟုနားလည်ရပါတယ်။ 

ဂလာတိဩဝါဒစာ ၅:၂၄
ခရစ်တော်နှင့်စပ်ဆိုင်သောသူတို့သည် ဇာတိပကတိကို၎င်း၊ ဇာတိပကတိစိတ်များနှင့် အလိုဆန္ဒများ ကို၎င်း၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြပြီ။ 

ကျွန်ုပ်တို့ယုံကြည်သူ ခရစ်ယာန်များ၏ အသက်ရှင်ခြင်းသည် သူတပါးနှင့်မတူ ခြားနားကာ ဇာတိသ​ဘောမရှိ ဝိညာဥ်သ​ဘောနှင့်သာ ရှင်သန်​သော အသက်တာကြ​စေဖို့ရာ ဘုရားရှင်ကောင်းကြီးရှိပါ​စေ။ ဒါ့​ကြောင့် ခရစ်​​တော်နှင့်စပ်​ဆိုင်​သော ကျွန်ုပ်တို့ ယုံကြည်သူခရစ်ယာန်များသည် ဇာတိပကတိစိတ်များ၊ မိမိ၏ အလိုဆန္ဒများ၊ ဇာတိသ​ဘောများကို ဖယ်ရှားကာ ဝိညာဥ်သ​ဘောနှင့်သာ အသက်ရှင်​သော ဘုရားသခင့်ဘုန်း​တော် ထင်ရှား​တဲ့အသက်တာများဖြစ်ကြ​စေဖို့ရာ အနည်းငယ် တိုက်တွန်းခွန်အား​ပေးချင်ပါတယ်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next