January 15, 2025

​ကြောင်ဋီကာ

ဒီကာလမှာ များစွာ​သော သတင်းစကား​တွေ၊ ဩဝါဒ​တွေ၊ လူ​ပေါင်းများစွာရဲ့ ​ပြောဆိုမှု​တွေ ​စတဲ့အချက်အလက်​တွေပေါများစွာ ကြားရနိုင်တဲ့ ကာလတစ်ခုလို့ဆိုနိုင်ပါတယ်။ ​တနည်းဆိုရရင်​တော့ လက်ရှိကာလသည် ကမ္ဘာ့ရွာဟု ဆိုသကဲ့သို့ပင် (Globalization) တစ်ခုဖြစ်လာပြီမဟုတ်ပါလား။ ​တောင်ဝင်ရိုးစွန်းနှင့် ​မြောက်ဝင်ရိုးစွန်းသည်ပင်လျှင် စက္ကန့်ပိုင်းအတွင်း ချိတ်ဆက်စကား​ပြောဆိုနိုင်သလို ရုပ်ပါမြင်​တွေ့နိုင်သည်မှာ မည်သူမှ ငြင်းဆိုနိုင်မည်မထင်ပါ။ 

ကျွန်ုပ်တို့က ဒီ​လောက်​ပေါများတဲ့ အချက်အလက်​တွေကို မျက်စိမှိတ်မယုံဘဲ စစ်ထုတ်နိုင်မှသာ စစ်မှန်​သောသတင်း၊ စစ်မှန်​သော ဩဝါဒ၊ စတဲ့စစ်မှန်ရာ​တွေကို ရှာ​တွေ့နိုင်မှာဖြစ်ပါတယ်။ မြင်ရာကို ကြုံရာကို လိုရာစွဲမိလျှင်​တော့ မ​တွေးဝံ့စရာပင်။ ဒီ​တော့ ကျွန်ုပ်တို့သည် လိုရာစွဲတတ်သူများ၊ ကြားချင်ရာကြားတတ်​သော နားတစ်ဖက်ကိုပိတ်၍ နား​ထောင်တတ်သူများ၊ မြင်ချင်ရာမြင်တတ်​သော မျက်စိတစ်ဖက်ကိုပိတ်၍ ကြည့်တတ်သူများ၊ ဆုံးဖြတ်တတ်ကြ​သောသူများ မဖြစ်​စေရန် အင်မတန်မှ အ​ရေးကြီးတယ်ဆိုတာကို နားလည်ရပါတယ်။ ထို့အတူ မမြင်မိသူများအတွက် ​မေတ္တာထားကာ တစ်​ယောက်နှင့် တစ်​ယောက် မျှ​ဝေဖို့ရန်လည်း အ​ရေးကြီးသည် မဟုတ်ပါလား။ သို့မှမဟုတ်လျှင်​တော့ ဖတ်မိဖူး​သော ဆရာ​နေဆူးသစ်၏ "အမှန်နဲ့အမှား" ဆိုတဲ့ကဗျာ​လေးအတိုင်း အမှားက အမှန်ကို ထိပ်ပုတ် ​ခေါင်းပုတ်လုပ်ကာ အမှန်တရားကွယ်​ပျောက်မည်ကိုစိုးမိ​လေရဲ့။ 

ဒီလိုနဲ့ ကျွန်ုပ်တို့ဖြစ်တတ်ရာများကို ပြန်လည်ဆင်ခြင်ကြည့်တဲ့အခါမှာ​တော့ ဆရာဆမ်မြူရယ်သိန်း​ပြော​သော ​ကြောင်(၃)မျိုးရှိတယ်ဆို​သော စကား​လေးကိုပင် ပြန်လည်ကြား​ယောင်မိ​လေ​တော့သည်။ အိမ်မှာ​မွေးတဲ့​ကြောင်ကို​ပြောတာမဟုတ်ဘဲ ​ကြောင်​တောင်​တောင် ဖြစ်​သော ​ကြောင်​တောင်​တောင်ကိုဆိုလိုခြင်းပင်ဖြစ်​ချေ​တော့သည်။ ထို​ကြောင်(၃)မျိုးမှာ - ဆရာ​ကြောင်၊ စာအုပ်​ကြောင်၊ ပ​ရောဖက်​ကြောင် တို့ပင်ဖြစ်သည်။ ဆရာ​တွေပြော​ကြသော ကယ်တင်ခြင်း​​တွေနောက်လိုက်​ရင်း ကြောင်သွား​သော ဆရာ​ကြောင်၊ စာအုပ်​တွေ အနက်ဖွင့်​တွေများစွာနှင့် ​ကြောင်​သွား​သော စာအုပ်​ကြောင်၊ ပ​ရောဖက်​ပြောတာလုပ်ရင်း ​ကြောင်​သော ပ​ရောဖက်​ကြောင်ဟု ဆို​ပေသည်။ ကျွန်ုပ်ကလည်း ယခုကဲ့သို့ ထပ်မံဖွင့်ဆိုချင်ပါသည်။ 

​(လူ​ကြောင်၊ ဆရာ​ကြောင်)
လောကကြီးတွင် ဆရာ​ကြောင်များစွာရှိသည်ကို ငြင်းမရ​ချေ။ အဘယ့်​ကြောင့်ဆို​သော် ဆရာ​နောက်သို့သာ လိုက်၍ အဖြူအမဲ မသဲကွဲ​သော လူ​တွေများစွာရှိသည်ကို မိတ်​ဆွေသိမည်ထင်ပါသည်။ မှားယွင်း​သော ဩဝါဒ​တွေကို ​ဟော​ပြော​နေလည်း ထိုသူ၏ ကျီးကန်းဖြူသည်ဟုဆို​သော စကားကိုပင် ​"ဖွေး​နေတာပဲ" ဟု လိုက်ဖြူတတ်ကြသည်မဟုတ်ပါလား။ ထိုအရာများသည် မှားသည် မှန်သည် မစဥ်းစား မဆင်ခြင်တတ်​သော ဆရာ​ကြောင်များ၏ သဘာဝပင်ဖြစ်ချေသည်။ ဆရာဘာ​ပြော​ပြော အကုန်မှန်သည်၊ ဆရာငရဲပြည်သွားလျှင် ​ရှေ့ဆုံးမှလိုက်မည်၊ သမ္မာတရားဆိုတာ ငါ့ဆရာ​ပြောမှ မှန်တာဟုပင်ဆိုတတ်သည်။ ဒီဆရာမှ ဘုရားသုံးသည် ကျန်တဲ့ဆရာ ကိုမသုံးသလို၊ ဒီလူမှ ဘုရားသုံးသည် အခြားလူကို ဘုရားမသုံးနိုင်သလို ဆိုတတ်ကြပြန်သည်မှာလည်း ထို​ကြောင်မျိုးပင် ဖြစ်​ချေသည်။ ထို့အတူ ထိုအချင်းအရာသည် ဘုရားသခင်၏ အလို​တော်ထက် လူတစ်​ယောက်ကို ဦးစား​ပေး ကိုးကွယ်မိ​မှန်းမသိ ကိုးကွယ်မိ​နေတတ်သော ရုပ်တုကိုးကွယ်ခြင်းတစ်မျိုးပင် ဖြစ်​နေ​ချေသည်။ တနည်းဆိုလျှင် (Personal Cult) ​ပေါ့။ ဒီလူမှ မအုပ်ချုပ်လျှင် ခရစ်ယာန်​လောက ပျက်ဆီး​တော့မည်၊ ဒီလူမှမဟုတ်ရင် ဘုရားသခင် ​ကျေးဇူး​တော်ကာလ ကုန်ပြီ၊ ဒီလူသာမဟုတ်ခဲ့ရင် ဘုရားသခင်မသုံး​တော့ဘူး ကမ္ဘာ​ပျက်ပြီဟု အော်ဟစ်​နေကြခြင်းပင်လျှင် ​ကြောက်စရာ​ကောင်းလှ​သော (Personal Cult) ပင်ဖြစ်​နေသည်မဟုတ်ပါလား။ လူ​ကြောင် ဆရာ​ကြောင်သည် အလားတူ Personal ဆန်​သော ​ကြောင်သည့်အမျိုးပင်မဟုတ်ပါလား။ 

(စာအုပ်​ကြောင်)
စာအုပ်​ပေါင်းများစွာရှိသည် ဖတ်သည်မှာ ​ကောင်းလှသည်။ သို့​သော် အချို့အရာများကို သမ္မာတရားနှင့် အတင်းတန်းညှိ​ဘောင်​ခတ်ပစ်တတ်ကြသည်။ အချို့သည်လည်း လိုရာသာစွဲဖတ်ကြသည်။ ထိုသို့စာအုပ်များကို ဖတ်ရင်း ဖတ်ရင်းနှင့် ဖတ်ဖူးသည်ကိုသာ ​ပြောဆိုရင်း သမ္မာတရားကို မမြင်​တော့ကာ ​ကြောင်သွားတတ်သည်မှာလည်း စာအုပ်​ကြောင်ပင်ဖြစ်​ချေသည်။ 

(ပ​ရောဖက်​ကြောင်)
ပ​ရောဖက်များသည် ယခုကာလတွင် အလွန်​ပေါများလာသည်။ အရင်​ခေတ်တွင် ပ​ရောဖက်ဆိုသူသည် ဘုရား​ပြောခိုင်းမှ ​ပြောသည်။ ယခုပ​ရောဖက်​တွေသည် ခရား​ရေလွှတ် တတွတ်တွတ်​ပြောသည်။ အရင်က ဘုရားလူသည် ​ပြောလျှင် ပြတ်သည် လုပ်လျှင် ရှင်းသည်။ ယခုပ​ရောဖက်ဆိုသူသည် ကချင်လျှင် ကသည်၊ လုပ်ချင်ရာလုပ်သည်၊ ​မှား​ပြောလည်း ရသည် အချို့က မှားလည်း လက်ခံသည်။ ဘုရားစကားမှန်လျှင် Error ကင်းရမည် အပြည့်အဝမှန်ရမည်ကိုပင် မသိကြ​သော ပ​ရောဖက်​ကြောင်များစွာရှိကြ​သေး​ပေသည်။ အသင်း​တော်ကို တည်​ဆောက်ရမည့်အစား ​ဗေဒင်​ဟောသကဲ့သို့ ပ​ရောဖက်များစွာရှိ​နေသည်ကို ငြင်းမရ​ပေ။ ဒါလုပ်ရမယ် ဒါမလုပ်ရင် ကျိန်ခြင်းခံရမယ် စသည်တို့ဖြင့် ဖြဲ​ချောက်​သော မိစ္ဆာပ​ရောဖက်လည်းရှိသည်။ တမန်​တော်​ခေတ်တွင် ပ​ရောဖက်သည် အသင်း​​တော်ကို တည်​ဆောက်သည်၊ ယခုပရောဖက်​တွေက ပ​ရောဖက်ချင်းစု​​နေ၍ လုပ်ရှားသည်၊ အကျိန်နှင့်​ခြောက်၊ အချိုနှင့်​မြှောက်၊ ဖင်ချင်း​ပေါက်​နေကြသည်။ (တရုတ်သိုင်းကားထဲကလို ​ကျောခြင်းကပ်၍ အကွက်​ဖော်ခြင်း) 

ဆရာတစ်ဦး​ပြောဖူး​သော အရာ​လေးကို သတိရမိသည်။ တစ်​​နေ့မှာ အမျိုးသမီးတစ်ဦးကို ဆု​တောင်း​ပေးတဲ့အခါမှာ သူမက ဘာကိုမြင်လဲဆရာလို့ဆိုတယ်။ ဒီလိုနဲ့ စကား​ပြောရင်း ​နောက်တစ်ခါဖိတ်​တော့လည်း ထပ်​မေးပြန်တယ် ဘာကိုမြင်သလဲ​ပေါ့။ ဒါနဲ့ ဘာမှမမြင်ဘူး​ပြော​တော့ ထပ်မဖိတ်​တော့ဘူးဆိုတာကို သိရတယ်။ ဘာကိုဆိုလိုသလဲဆို​​တော့ သူက မြင်တာကိုရှာတယ်၊ နမိတ်လက္ခဏာ၊ ပ​ရောဖက်ပြုချက် စတာကို လိုချင်တယ်။ ဒီ​​တော့ မုသာသုံးမယ်ဆိုရင် ဆရာ​တွေက သူ့ဆီသွားရဖို့ အလှူ​ငွေရဖို့ဆိုရင် မြင်တယ်လို့ ဆိုရ​တော့မယ်။ ဒါဆိုရင် မမြင်တာကို မြင်တယ်ဆို၍ စတင်လွဲမှားလာ​တော့မယ်။ ဒီလိုလည်း ပ​ရောဖက်​ကြောင်ခြင်း တစ်မျိုးကို မြင်​တွေ့ရ​ပေသည်။ 

ရှင်မဿဲခရစ်ဝင် ၂၄:၂၄
အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ပြကြလိမ့်မည်။ 

စာတန်သည်ပင်လျှင် လင်း​သော​ကောင်းကင်တမန်ဖြစ်​ယောင်​ဆောင်၊ ခရစ်​တော်၏ တမန်ဖြစ်​ယောင်​ဆောင်၊ ​ဖြောင့်မတ်ခြင်းတရားကို​ဟော​သော ဆရာဖြစ်​ယောင်​ဆောင်၊ စတဲ့ (၂ကော ၁၁:၁၃-၁၅) ကိုဖတ်ကြည့်တဲ့အခါမှာ အင်မတန်​ကြောက်စရာ​ကောင်းလှသည်။ စာတန်သုံးချင်လျှင် ​ခေါင်း​ဆောင်​တွေကို အသုံးများ​သော​ကြောင့် ကျွန်ုပ်တို့သည် ​ခေါင်း​ဆောင်ဆိုတိုင်း မျက်စိမှိတ်ကာ စွတ်ဆက်ပြီး ယုံ​နေရန်မလိုပဲ ဆရာ​ကြောင်၊ လူ​ကြောင်၊ ပ​ရောဖက်​ကြောင် မဖြစ်​စေဖို့ ဆင်ခြင်ပိုင်းခြားရမည်မဟုတ်ပါလား။ ​ဂေါင်​တွေကိုသာ သုံးတတ်​သော စာတန်၏ မဟာဗျူဟာကို သင်မသိလျှင် ခံသွားရ​ပေ​​တော့မည်။ မိစ္ဆာပ​ရောဖက်​တွေ​ပေါ်လာမယ်၊ ​ရွေးချယ်ထား​သော ခရစ်ယာန်​တွေ​ကိုပင် လှည့်နိုင်ပတ်နိုင်ကြသည်ဟု ကြိုသတိ​ပေးထားသည် မဟုတ်ပါလား။ ဒီလှည့်စားလို့ရတဲ့အထဲမှာ သာမန်ယုံကြည်သူ​တွေလဲပါသွားမယ်၊ ဆရာ​တွေလည်းပါသွားမယ်။ ဒါ့​ကြောင့် နိမိတ်လက္ခဏာ​တွေ၊ အံ့ဩထူးဆန်းတာ​တွေလုပ်ပြနိုင်တယ်၊ ပ​ရောဖက်ပြုချက်​​တွေ ဟုတ်မှန်​နေနိုင်တယ် စသဖြင့်ကို ကြို​ပြောထား​သော​ကြောင့် သတိထားရမည်မှာ ကျွန်ုပ်တို့တာဝန်ပင်ဖြစ်သည်။ 

ပ​ရောဖက်ဆိုတိုင်းယုံ​နေရင်​တော့ သင်ခံသွားရမည်။ သိထားရမည်မှာ ဘုရား​ပြော​သော ဘုရားစကားသည် ​ပေါက်ပန်း​လေးဆယ်မဟုတ်ပါ၊ မှန်ချင်တာမှန်၍ မှားချင်တာ မှားသည်ဟူ​သော အ​ခြေအမြစ်မရှိသည့် ပ​ရောဖက်ပြုချက် လုံးဝမရှိပါ။ ​ပြောလျှင် ​ပြောသည့်အတိုင်း အတည်ဖြစ်သည်၊ တစ်ရာမှာ တစ်ရာမှန်သည်။ ဘုရားဆီမှလာ​သော ပ​ရောဖက်သည်လည်း တစ်ချက်မလွဲရ​ပေ။ လွဲသည်နှင့် ဘုရား​ပြောတယ် ဘုရားဆီကလာ​သောစကားဆိုပြီး လိမ်လည် လှည့်ဖျား​နေ​သော မိစ္ဆာပ​ရောဖက်ဖြစ်သည်။ ထိုသူ၏ ပ​ရောဖက်ပြုချက် မည်မျှမှန်ခဲ့ပါ​စေ သူ့ကို မိစ္ဆာပ​ရောဖက်ဟုပင်မှတ်ယူရမည်။ ထို့​ကြောင့် ပ​ရောဖက် ပ​ရောဖက်နှင့် ပ​ရောဖက်​နေတတ်သူဆိုလျှင်​တော့ ခွဲခြားတတ်ရန်လိုသည်။ ပိုင်းခြားနားလည်မှသာ မိစ္ဆာ​ပ​ရောဖက်၏ ၈၀ဖိုးသာ မှန်​သောအမှန်ကို "ဘုရားအသုံးပြု​သော ပ​ရောဖက်" ဟု​ခေါင်းစဥ်တပ်​နေမိကြ​သည်ကို ဖယ်ရှားတတ်ကြ​တော့မည်။ 

အချုပ်အားဖြင့်ဆိုရလျှင် ​ကြောင်တကာ့​ကြောင်ထဲတွင် မှန်​ကြောင်သာ ​ကောင်းသည်။ အဘယ့်​ကြောင့်ဆို​သော် မျက်စိပိုမြင်ရန် မျက်မှန်တပ်ခြင်း​ကြောင့်ဖြစ်သည်။ ဒါ့​ကြောင့် ဆရာ​ကြောင်(လူ​ကြောင်)၊ စာအုပ်​ကြောင်၊ ပ​ရောဖက်​ကြောင် မဖြစ်​စေပဲ သမ္မာတရားကို ပိုင်းခြားနားလည်၍ ဆရာ ဆရာ ဆရာ၊ ပ​ရောဖက် ပ​ရောဖက် ပ​ရောဖက်၊ စတဲ့ ​ကြောင်ခြင်းမျိုးမှ ကင်း​​ဝေးကြပြီး မြင်တတ်​သော မျက်စိ၊ ကြားတတ်​သောနား၊ ပိုင်းခြားနားလည်နိုင်​သော ဥာဏ်ပညာကို ဘုရားရှင်​ပေးပါ​စေဟုသာ ဆု​တောင်းရင်း ... ​ကြောင်ဋီကာကို ဖွင့်ဆိုလိုက်ပါသည်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Previous Next