November 26, 2026

ဆင်ခြင်​အောက်​မေ့သူ

မင်္ဂလာရှိခြင်းဆို​သော မင်္ဂလာကို လူတိုင်းနှစ်သက်ကြတယ်၊ လူတိုင်းမြတ်နိုးကြသလို လူတိုင်းလဲ လိုချင်ကြတယ်ဆိုတာ မငြင်းနိုင်ကြပါဘူး။ မင်္ဂလာနဲ့အမင်္ဂလာ ဘာကိုလိုချင်သလဲဆိုရင် အမင်္ဂလာလို့တော့ ​ယောင်လို့​တောင် ​ဖြေမည်မထင်ပါ။ တ​ရေးနိုးထ​မေးရင်​​တောင် အိပ်ချင်မူးတူး​ဖြေမှာ မင်္ဂလာလို့ပင် မဟုတ်ပါလား။

သို့​သော် ကျွန်​​တော် ကျွန်မ အ​ယောက်စီတိုင်းက မင်္ဂလာနဲ့သက်ဆိုင်ခြင်း​တွေကို လုပ်​ဆောင်ပါရဲ့လား။ မင်္ဂလာနဲ့ထိုက်တန်ပါရဲ့လား၊ လုပ်​ဆောင်ခြင်း၊ ပြုမူခြင်း၊ ​နေထိုင်​ပြောဆိုခြင်း စသဖြင့် တစ်ခုစီတိုင်က မင်္ဂလာနဲ့စပ်ဆိုင်ပြီး တကယ်မင်္ဂလာရှိ​သောသူ​ရော ဖြစ်ပါရဲ့လား ဆိုတာက​တော့ ​မေးခွန်းထုတ်စရာပါ။ ဒီ​တော့ ဘာလုပ်ရမှာလဲဆိုတာ စဥ်းစားစရာတစ်ခုလို့ ဆိုရဦး​ပေ​တော့မည်။

​ကြေညာ​လေးတစ်ခုကို သွားသတိရမိပါတယ်၊ "မင်္ဂလာရှိ​အောင် မင်္ဂလာ​ဆောင်" တဲ့​လေ။ တကယ်​တော့ ​ခေါင်း​​​လျှော်ရည်​ကြေညာတာပါ။ ကုန်ပစ္စည်း နာမည်ကိုယ်၌က မင်္ဂလာဖြစ်ပါတယ်။ ဟုတ်ပြီ ဆက်ရ​အောင် ... ဒါဆိုရင် ဘယ်လိုများမှ ကျွန်​တော်တို့က ဒီမင်္ဂလာရှိ​သောသူဖြစ်မှာပါလဲ။ ဆာလံဆရာက​တော့ ဒီလိုဆိုပါတယ်။

ဆာလံကျမ်း ၁:၂
ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍၊ တရားတော်ကို နေ့ညမပြတ် ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏။

ကျွန်​တော်တို့ ယုံကြည်သူတိုင်းသည်လည်း တရား​တော်၌​မွေ့​လျှော်ဖို့လိုသလို ဆင်ခြင်​အောက်​မေ့တတ်​သောသူ ဖြစ်​စေဖို့ရာလိုပါတယ်။ ​နေ့ညမပြတ် အချိန်တိုင်း နှလုံးသွင်းဆင်ခြင်​အောက်​မေ့ခြင်းကို မိမိတို့လုပ်​ဆောင်ရမည် မဟုတ်ပါလား။ ထိုတရား​တော်သည် ထာဝရဘုရား၏ တရား​တော်ဖြစ်ပြီး လူဆီမှ၊ လူ့အ​တွေ့အကြုံ၊ လူ့အကြံအစည်၊ လူ့အ​တွေးအ​ခေါ်၊ လူ့ရဲ့​ပြောဆိုခြင်းမှ မဟုတ်​သော​ကြောင့် သမ္မာတရားနှင့် ညီ​သော တရား​တော်ဖြစ်​စေဖို့ကို​တော့ နှုတ်ကပတ်​တော်နှင့် ​သေ​သေခြာခြာချိန်ထိုးရ​ပေဦး​တော့မည်။

မင်္ဂလာရှိ​သော ကျွန်​တော်တို့ ယုံကြည်သူအ​ယောက်စီတိုင်းသည် ထိုမင်္ဂလာကို ဆက်လက်တည်​စေပြီး ထာဝရဘုရား၏ မင်္ဂလာတရား​တော်များကို ​နေ့ညမပြတ် ဆင်ခြင်​အောက်​မေ့ရင်း ​ရှေ့ဆက်ရမည့် အသက်တာကို မင်္ဂလာနှင့်သာ ပြည့်​စေကြပါစို့ဟု အနည်းငယ်တိုက်တွန်း ခွန်အား​ပေးချင်ပါတယ်။

ရှင်မဿဲခရစ်ဝင် ၅:၁၁
ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာ တင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာရှိကြ၏။

ဘုရားရှင်​ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next