November 26, 2026

အမြင် ( ၂ ) မျိုး

ဒီက​နေ့မှာ လူ​တွေမြင်တတ်​သော အမြင်​တွေနဲ့ပတ်သက်လို့ နှုတ်ကပါတ်​တော်ကိုအ​ခြေခံပြီး အနည်းငယ်​ဝေမျှခွန်အား​ပေးချင်ပါတယ်။

​​မော​ရှေက ခါနာန်ပြည်ကို စုံစမ်း​စေဖို့ သူလျှို၁၂​ယောက်​စေလွှတ်တယ်။ ​မြေ​ကောင်းလား၊မ​ကောင်းလား၊တဲနဲ့​နေတာလားဘာလား၊သူတို့မြို့ကခိုင်ခံ့လား၊သူတို့အားကြီးလား၊အားနည်းလား၊အင်အားများလားနည်းလား၊အစရှိသဖြင့် သိ​စေဖို့ သူလျှို​၁၂​ယောက်​စေလွှတ်ခဲ့ပါတယ်။

 

သွားစုံစမ်းပြီးလို့ပြန်​ရောက်တဲ့အခါမှာ ​မော​ရှေကိုသူတို့အသီးသီးရဲ့အမြင်ကိုပြန်​ပြောကြားကြပါတယ်။
ဒီလူ​တွေက ​ခါနာန်ကိုရောက်ခဲ့​ကြောင်း​ပြောတယ်၊ တကယ်ပဲကြွယ်ဝတဲ့​နေရာဖြစ်​ကြောင်း နို့နဲ့ပျားရည်စီးတယ်ဆိုပြီး​ပြောရင်းနဲ့သူတို့ယူခဲ့​သော စပျစ်တို့၊သလဲသီးတို့ကို အဲ့ဒီကယူခဲ့​ကြောင်း​ပြောပြီး​တော့ ... သို့​သော်
ဒီလူ​တွေက အားကြီးတယ်၊ခိုင်ခံ့​သောမြို့ရိုးနဲ့​နေတယ်၊အာမလတ်အမျိုးသား​တွေ၊ဟိတ္တိလူ၊​ယေဗုသိလူ​တွေအစရှိသဖြင့် ဘယ်လို​တွေရှိတယ်ဆိုတာကို​ပြောဆိုတယ်။ ကိုယ်ကြီးတဲ့အမျိုးအနွယ်ဖြစ်လို့ သူတို့​ရှေ့မှာငါတို့ကနှံ​ကောင်လိုပဲဖြစ်တယ်လို့​ပြောတယ်။ဒါဟာသူတို့ရဲ့စိတ်ပျက်အားငယ်​နေ​သောအမြင်ကို​ပြောခြင်းပင်။

 

တောလည်ရာကျမ်း ၁၃:၃၀
ကာလက်ကလည်း ချက်ခြင်းချီသွား၍ ထိုပြည်ကိုသိမ်းယူကြစို့။ အောင်နိုင်ကောင်းသည်ဟုဆို၍ မောရှေရှေ့မှာ လူများတို့ကိုငြိမ်းစေ၏။

 

ကာလက်က​တော့ ထိုသူတို့နဲ့ အမြင်မတူဘူးဖြစ်တယ်၊ သူလဲသူတို့မြင်တာကိုသိပါတယ်၊သူကိုယ်တိုင်လဲ​တွေ့ပါတယ်၊ဒါ​ပေမယ့် မြင်တဲ့အမြင်ချင်းက​တော့ မတူကွဲပြားခြားနားတာကို​တွေ့ရတယ်။ အခုချက်ခြင်းသွားသိမ်းယူရ​အောင်လို့​တောင်​ပြောတာကို​တွေ့ရပါတယ်။

ဒီလိုပဲကျွန်​​တော်တို့ယုံကြည်သူ​တွေဟာ ဘာကိုမြင်​နေတာလဲ၊ အာနကအမျိုးသား​တွေ၊​ယေဗုသိလူ​တွေအားကြီးတာပဲမြင်​နေတာလား၊အခက်အခဲအတားအဆီးကိုပဲမြင်​နေတာလား၊​စီးပွားမ​ကောင်းတာပဲလား၊Covid ကိုပဲမြင်​နေတာလား ဆိုတာကိုဆင်ခြင်ဖို့ရှိပါတယ်။
မြင်တတ်​သောဝိညာဥ်မျက်စိပွင့်​စေဖို့ ဘုရားရှင်​ကောင်းကြီး​ပေးပါ​စေ။

​ယောရှုနဲ့ကာလက်တို့ရဲ့​အမြင်​လေးကိုခွန်အားယူ​စေချင်ပါတယ်။

 

တောလည်ရာကျမ်း ၁၄:၉
ထာဝရဘုရားကို မပုန်ကန်ကြပါနှင့်။ ထိုပြည်သူပြည်သားတို့ကို မကြောက်ကြနှင့်။ သူတို့သည် ငါတို့စားစရာဖို့ဖြစ်ကြ၏။ သူတို့၌ အမှီတကဲမရှိ။ ထာဝရဘုရားသည် ငါတို့ဘက်၌ ရှိတော်မူ၏။ သို့ဖြစ်၍ သူတို့ကိုမကြောက်ကြနှင့်ဟု ပြောဆိုကြလေသော်။

 

မိတ်​​​ဆွေနဲ့ကျွန်​တော်တို့က ယုံကြည်သူ​တွေဖြစ်တယ်၊အခက်အခဲအတားအဆီး၊​အနာရောဂါ​တွေအထက်မှာရှိတဲ့ ခေါ်ရင်ထူးတဲ့ဘုရားကိုကိုးကွယ်​နေခြင်းဖြစ်တယ်ဆိုတာ မ​မေ့ကြစို့နဲ့ရယ်။ 
​ယောရှုနဲ့ကာလက်ကထိုသူတွေမှာ အမှီတကဲမရှိဘူးတဲ့၊ဒီ​ကောင်​တွေကငါတို့စားစရာပါ(​ပါးစပ်နဲ့ဆံ့တာပဲစားခြင်း၊စားစရာဆိုတာ​သေး​သေး​လေးပါစားသုံးသူအတွက်​တော့) ငါတို့ဘက်မှာ ထာဝရဘုရားရှိတယ် မ​ကြောက်ကြနဲ့လို့​ပြောတယ်ဆိုတာ​တွေ့ရတယ်။

မြင်ရတဲ့အမြင် ( ၂ )မျိုးဟာမတူကွဲပြားခြားနားတယ်ဆိုတာကိုနားလည်ရတယ်။ ကျွန်​တော်ဒီ​​နေ့အား​ပေးချင်တယ် ​ယောရှုနဲ့ကာလက်ကဲ့သို့မြင်တတ်​သောသူဖြစ်​စေဖို့ မိမိတို့ရဲ့အခက်အခဲ​အတားအဆီးတွေအထက်ကဘုရားကို​မျှော်ကြည့်တတ်​သောသူဖြစ်​စေပါ။ထိုအရာ​တွေထက်ကြီး​သောအသက်ရှင်တဲ့ဘုရားကိုမြင်တတ်​စေပါ။

 

တခါတ​လေမှာ လမ်းဆုံးသွားပြီ၊ငါတို့​တော့လွတ်လမ်းမရှိတော့ဘူး၊အိမ်​ထောင်​ရေး၊စီးပွား​ရေးလမ်းဆုံး​နေပြီ၊Covid က​တော့​ဆေးမရှိ​ဘူး၊အစရှိသဖြင့်သင့်ကိုစိတ်ပျက်အားငယ်စရာအ​ခြေအ​နေ​တွေကဆွဲ​ခေါ်တတ်တယ် ဒါ​ပေမယ့်အသက်ရှင်​သောဘုရားရှင်တက်နိုင်တယ်။လမ်းမရှိတဲ့အချိန်မှာ​တောင်ပင်လယ်ကိုနှစ်ခြမ်းခွဲတဲ့ဘုရား၊​တော၌လမ်းကိုဖြစ်​စေတယ်၊လွင်ပြင်၌​ရေကိုစီး​စေ​သောဘုရား၊ခါး​သော​ရေကိုချို​စေ​သောဘုရား၊​ရေကိုစပျစ်​ရေဖြစ်​စေ​သောဘုရားဆိုတာကို​မ​မေ့ပဲလျှက်
လမ်းမရှိ​တော့​ပေမယ့်ဘုရားသခင်တတ်နိုင်တယ်ဆိုတာ
အနည်းငယ်​ဝေမျှခွန်အား​ပေးချင်ပါတယ်

 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

 

#Titus_KyawNyi

Previous Next