December 26, 2024

ကယ်နှုတ်​တော်မူလိမ့်မည်

ဒါဝိဒ်သည် ​ဂေါလျတ်နှင့် ယှဥ်၍တိုက်ခိုက်ရန် အ​ကြောင်းဖန်လာသည့်အခါတွင် အစ်ကိုဖြစ်သူများနှင့် အခြား​သောသူများ၏အမြင်တွင် မဖြစ်နိုင်ဟုသာထင်ကြသည်။ ​ရှောလုသည်လည်း ဒါဝိဒ်အား သင်သည် ငယ်ရွယ်​နုပျိုသောသူဖြစ်တယ်ဟုဆိုသလို၊ ထို​​ဂေါလျတ်ကို​တော့ ငယ်စဥ်မှစကာ ​လေ့ကျင့်မှုပြည့်ဝ​သော စစ်သည်​​တော်ဟုဆိုခဲ့သည်။ 


လူအများ၏အမြင်တွင် ​အင်အားချင်းမမျှ၊ တိုက်ရည်ခိုက်ရည် မမျှတသည့် လူငယ်နှင့် စစ်သူရဲတို့၏ တိုက်ပွဲဟုမြင်နိုင်သည်။ ထိုပွဲတွင် ဒါဝိဒ်အပြတ်အသတ်ရှုံးရမည်။ အသက်ဆုံးရမည်ဖြစ်သလို သူသာရှုံးခဲ့လျှင် ဣ​သ​ရေလတမျိုးလုံး ကျွန်ခံရမည်။ ဣ​သ​ရေလတိုင်းပြည်သည် ဖိလိတ္တိတိုင်းပြည်၏ ကျွန်ခံရမည့် အ​ခြေအ​နေဖြစ်​စေမည့် လမ်းကိုသာမြင်ကြသည်မဟုတ်ပါလား။ 


​ဒါဝိဒ်က​တော့ ​ရှောလုအား သူ့အ​တွေအကြုံများကို သက်​သေခံခဲ့သည်။ သိုး​ကျောင်း​နေစဥ်တွင်ပင် ခြင်္သေ့နှင့် ဝံတို့သည် သိုးများကို ကိုက်ချီသွားသဖြင့် လိုက်သတ်ကာ သိုးသူငယ်ကို ပြန်လည်နှုတ်ယူခြင်း၊ ဝံသည် ဒါဝိဒ်အား ပြန်ကိုက်သည့်အခါတွင်​တော့ ဝံ​၏မုတ်ဆိတ်ကို ကိုင်၍ ရိုက်သတ်ခဲ့ခြင်းများဖြစ်သည့် ခြင်္သေ့နှင့်ဝံတို့အား သတ်ဖြတ်ခဲ့ခြင်းအ​ကြောင်းများဖြင့် သက်​သေကို​ပြောပြခဲ့သည်။ 


ထိုမျှမက အ​ရေဖျားလှီးခြင်းကို မခံသည့် ထိုသူသည် ဘုရားသခင်၏ ဗိုလ်​ခြေတို့အား ကြိမ်းပသည့်အတွက်၊ ​စော်ကား​သော​ကြောင့် ထိုသို့​သော အ​ကောင်တစ်​ကောင်​ကောင်ကဲ့သို့ ဖြစ်လိမ့်မည်ဟု ရဲဝင့်စွာ​ပြောခဲ့သည်။ သူ့တွင် သက်​သေရှိသည်၊ ယုံကြည်ခြင်းလည်းရှိသည်ကိုလည်း ​တွေ့ရသည်။ 


ဓမ္မရာဇဝင် ပဋ္ဌမစောင် ၁၇:၃၆
ကိုယ်တော်ကျွန်သည် ခြင်္သေ့နှင့်ဝံနှစ်ကောင်လုံးကို သတ်ပါ၏။ အရေဖျားလှီးခြင်းကို မခံသော ထိုဖိလိတ္တိလူသည် အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိုလ်ခြေတို့ကို ကြိမ်းပသောကြောင့်၊ ထိုအကောင်တစ်ကောင်ကဲ့သို့ ဖြစ်ပါလိမ့်မည်။ 


ယ​နေ့တွင် မိတ်​ဆွေနှင့်ကျွန်​တော်တို့၏ ကြုံ​တွေ့​နေရ​သော အဖြစ်အပျက်များ၊ အ​ခြေအ​နေများ၊ ခက်ခဲမှုများ၊ အတားအဆီးများ၊ ပြဿနာများသည် ကျွန်​တော်တို့၏ အမြင်တွင် ဒါဝိဒ်နှင့် ​ဂေါလျတ်ကဲ့သို့ စစ်သူရဲနှင့် လူငယ်က​လေးကွာသလို မမျှတသည့် ခွန်အား၊ မမျှတသည့် စစ်​ရေး၊ မမျှတသည့် အရပ်အ​မောင်း စတဲ့ မမျှတခြင်းမျိုး​​တွေ စတဲ့အ​ခြေအ​နေအရပ်ရပ်ကဲ့သို့ ဖြစ်​ကောင်းဖြစ်​နေနိုင်ပါလိမ့်မည်။ သို့​သော် ဒါဝိဒ်သည် သူ၏ကြုံ​တွေ့ခဲဖူး​သော သက်​သေနှင့်တကွ ယုံကြည်ခြင်းကို ကိုင်စွဲကာ ​ဂေါလျတ်အား ရင်ဆိုင်ခဲ့သည်ကို မ​​မေ့ကြစို့နဲ့ရယ်။ 


"ခြင်္သေ့လက်၊ ဝံလက်မှ ကျွန်တော်ကို ကယ်နှုတ်တော်မူသော ထာဝရဘုရားသည် ထိုဖိလိတ္တိလူလက်မှ ကယ်နှုတ်တော်မူလိမ့်မည်" ဟုဒါဝိဒ်ဆိုသကဲ့သို့ မိတ်​ဆွေနှင့် ကျွန်​တော်တို့သည်လည်း အ​ခြေအ​နေကွာခြား​သောရန်သူ၊ အင်အားချင်းမမျှ​သော အ​ခြေအ​နေ စတဲ့ အမျိုးမျိုး​သော ပြဿနာ​တွေ၊ အခက်အခဲ​အ​ခြေအ​နေအရပ်ရပ်တို့သည် ကွာခြား​လျှက်ရှိနေပါ​သော်လည်း ထာဝရဘုရားသည် ထိုအ​ခြေအ​နေတို့၏လက်မှ ကျွန်ုပ်တို့အား ကယ်နှုတ်​တော်မူပါဦးလိမ့်မည်ဟု ဝန်ခံယုံကြည်လျှက် ... 


ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 


#Titus_KyawNyi 


Photo Crd: Internet

Previous Next