November 26, 2026

မင်္ဂလာရှိ​သောခွဲခွာခြင်း

လောကမှာ ခွဲခွာခြင်း​တွေအမျိုးမျိုးရှိကြပါတယ်။ တချို့ကလည်း ​လောကမှခွဲခွာသွားကြတယ်၊ တချို့ကသားသမီးမိဘ ခွဲခွာခြင်း၊ သမီးရည်းစားခွဲခွာခြင်း၊ အိမ်​ထောင်​ရေးအရခွဲခွာခြင်း၊ ​မွေးရပ်​မြေမှခွဲခွာခြင်း အစရှိသဖြင့် ခွဲခွာခြင်း​တွေ​ပေါင်းစုံကြုံ​တွေ့ကြရပါတယ်။ ဒီလိုခွဲခွာခြင်း​တွေထဲကမှ မင်္ဂလာရှိ​သော ခွဲခွာခြင်းဟာဘာလဲ။ ခွဲခွာကြပြီလို့ဆိုကြတည်းက ဝမ်းနည်းရမယ်၊ ​ကြေကွဲရမယ်လို့ နာကျဥ်​နေရမယ်သာ ​တွေးမိကြသလို တကယ်လဲဟုတ်​နေပါတယ်။ ဒါ​ပေမယ့် ဘယ်အရာဟာ နာကျဥ်ရ​သော်လည်း မင်္ဂလာရှိတယ်၊ ဘယ်အရာဟာ ငို​ကြွေးရ​​သော်လည်း တိုးပွား​စေတယ်၊ ဘယ်အရာဟာ ဝမ်းနည်းရ​ပေမယ့် အကျိုးရှိတယ်ဆိုတာကို ဆင်ခြင်ကြဖို့ဖြစ်ပါတယ်။

ဟန္န နဲ့ ရှ​မွေလ၏ ခွဲခွာရခြင်းသည် မိခင်ဖြစ်သူ နာကျဥ်မည်၊ လွမ်းဆွတ်မည်၊ ငို​ကြွေးရမည်၊ နာကျဥ်ရမည်ဖြစ်​သော်လည်း အကျိုးရှိ​သောခွဲခွာခြင်း၊ မင်္ဂလာရှိ​သောခွဲခွာခြင်းဖြစ်​စေခဲ့သည်။ က​လေးမ​မွေးနိုင်​သော ဟန္နသည်မြုံ​နေရာမှ ရှ​မွေလကို​မွေးဖွားခဲ့တယ်၊ တစ်ဦးတည်း​သောသား၊ သားဦးဖြစ်​သော်လည်း ဘုရားကို​ပေးမယ်လို့ သစ္စာဝတ်ကိုပြုခဲ့​သော​ကြောင့် သစ္စာဝတ်ကို​ဖြေခဲ့တယ်။ အစပိုင်းမှာ ငို​ကြွေးချင်စရာ နာကျဥ်ရ​သော ခွဲခွာခြင်းမျိုးဟုထင်စရာရှိခဲ့​သော်လည်း၊ လက်​​တွေ့မှာ ​ပြောင်းပြန်ပင်။ ဘုရားသခင်သည် ရှ​မွေလကို အသုံးပြု၍ သူ့လူ​တွေကိုဦး​ဆောင်​စေခဲ့ခြင်း၊ ​ရှောလု၊ ဒါဝိဒ်တို့အား ဘိသိပ်​ပေး​စေခြင်း စသဖြင့် များစွာမြင်​တွေ့ရသည်။ ဟန္န နှင့် ရှ​မွေလ၏ ခွဲခွာခြင်းသည် နာကျဥ်စရာ​ကောင်း​သော ငို​ကြွေးစရာဖြစ်သော သားဦးနှင့်ခွဲခွာရ​သော မိခင်တစ်​ယောက်၏ခံစားချက်ကို မြင်ကွင်းတစ်ခုအဖြစ်မြင်ရ​သော်လည်း မင်္ဂလာရှိ​သော ခွဲခွာခြင်းတစ်ခုဖြစ်ခဲ့​ပေသည်။

ဓမ္မရာဇဝင် စတုတ္ထစောင် ၂:၉
မြစ်တစ်ဘက်သို့ ရောက်သောအခါ ၊ ဧလိယက၊ သင်နှင့်ငါမကွာမီ ငါ၌ တစ်စုံတစ်ခုသောဆုကို တောင်းလော့ဟု ဧလိရှဲအားဆိုလျှင်၊ ဧလိရှဲက၊ ကိုယ်တော်ဝိညာဉ် နှစ်ဆသောအဖို့ကို အကျွန်ုပ်အပေါ်မှာ ရှိပါစေသောဟု တောင်းသော်၊

ထာဝရဘုရားက ဧလိယကို​လေ​ဗွေအားဖြင့် ​ကောင်းကင်ကို ချီ​ဆောင်ချိန်​ရောက်တဲ့အခါမှာ ဧလိရှဲရဲ့ ခံစားချက်သည် ဘယ်လိုဖြစ်မလဲ။ နွားငါးရှဥ်းနဲ့လယ်ထွန်​နေရင်းမှ သူဟာရှိသမျှစွန့်ပြီး ​ဧလိယနောက်လိုက်လာတာ ဖြစ်တယ်၊ ဧလိယမရှိ​တော့ရင် သူပဲကျန်​ခဲ့တော့မှာ၊ ကာလအ​တော်ကြာကြာ တူတူဖြတ်သန်းခဲ့ရတာ​တွေသည် မ​နေ့ကအလားပင်ဖြစ်​နေမည်၊ နာကျဥ်စွာ၊ ဝမ်းနည်းစွာ ကျန်ရစ်ခဲ့ရမယ့် ခွဲခွာခြင်းကို မကြာခင်ရင်ဆိုင်ရ​တော့မယ်ဆို​ပေမယ့်။ ဒီခွဲခွာခြင်းဟာတိုးပွားခြင်းကိုဖြစ်​စေခဲ့တယ်။


ဓမ္မရာဇဝင် စတုတ္ထစောင် ၂:၁၀
ဧလိယက သင်သည်ရခဲသောဆုကို တောင်း၏။ သင်နှင့်ငါကွာသည်ကို မြင်လျှင် ရမည်။ သို့မဟုတ် မရဟု ပြောဆို၏။

ဧလိရှဲသည် ဝိညာဥ်အဖို့ နှစ်ဆကို မင်္ဂလာရှိ​သောခွဲခွာခြင်းမှရခဲ့တာဖြစ်တယ်၊ ငါနှင့်ကွာတာကို မြင်ရရင် ရမယ်၊ မဟုတ်ရင်မရဘူး၊ မကွာရင်လဲမရဘူးဖြစ်တယ်။ ဧလိယနဲ့ခွဲခွာရခြင်းကို ဘယ်​​လောက်ထိ​စောင့်ကြည့်​နေရမလဲ၊ ကျွန်​​တော်တို့​တောင် ခွဲခွာရခြင်းကို မြင်ရတဲ့အခါ ငို​ကြွေးချင်မိတတ်ကြ​သေးတယ်မဟုတ်ပါလား။ သို့​သော် ထိုခံစားချက်​တွေကိုကြုံရမှာဖြစ်​ပေမယ့် မင်္ဂလာရှိ​သော ခွဲခွာခြင်းအားဖြင့် ဝိညာဥ်အဖို့နှစ်ဆကို ဧလိရှဲရခဲ့ပါတယ်။

ရှင်ယောဟန်ခရစ်ဝင် ၁၆:၇
ငါအမှန်အကန်ဆိုသည်ကား၊ ငါသွားလျှင် သင်တို့အကျိုးရှိလိမ့်မည်။ အကြောင်းမူကား၊ ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာသည် သင်တို့ဆီသို့မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်မည်။

​ယေရှုခရစ်​တော် ​​ကောင်းကင်သို့တက်ကြွခြင်းသည် တပည့်​တော်များအတွက် ရင်နာစရာ၊ ဝမ်းနည်းစရာဖြစ်နိုင်ပါတယ်၊ တချိန်လုံးတူတူသွားလာခဲ့တဲ့ သခင်နဲ့ခွဲခွာရခြင်း၊ ထိုသခင်နဲ့အတူ ​နာယူခဲ့​သောတရားများကို လွမ်းမိကြမှာဖြစ်ကြသလို၊ အနာ​ရောဂါငြိမ်းခြင်း​တွေ၊ နတ်ဆိုးနှင်ထုတ်ခြင်း​တွေ၊ နမိတ်လက္ခဏာ​တွေ စသဖြင့် သခင်ပြုခဲ့​သောအရာများကို သတိရ​နေကြမယ်ထင်ပါတယ်၊ အားကိုးစရာသခင်မရှိ​တော့လို့လည်း အားငယ်​နေကြမယ်လို့ အဲဒီခွဲခွာခြင်းမှာ ထင်​ကောင်းထင်နိုင်စရာရှိ​ပေမယ့်။ ဒီအရာဟာ မင်းတို့အတွက် ဆုံးရှုံးဖို့မဟုတ်ဘူးဆိုတာကို အစကတည်းက ကြို​ပြောထား​ပေးပြီးသားဖြစ်တယ်ဆိုတာကို​တွေ့ရပါတယ်။ သာ၍ မင်္ဂလာရှိ​သောအရာသည် တပည့်​တော်​တွေ၊ တမန်​တော်​တွေအတွက်သာမကဘဲ ကျွန်​တော်တို့ ယုံကြည်သူများနှင့်ပါဆိုင်​သော​ကြောင့်ပင်။

​ယေရှုခရစ်​တော် ​ကောင်းကင်သို့ မတက်ကြွရင် ကျွန်​တော်တို့ ယုံကြည်သူ​တွေအားလုံးအတွက် အကျိုးမရှိ​ပေ။ သန့်ရှင်း​သောဝိညာဥ်​တော်ဖြစ်​သော ဥပဇ္ဈာယ်ဆရာသည် ယခုတွင် ကျွန်ုပ်တို့၌ ကျိမ်းဝပ်​နေ​သော​ကြောင့် မင်္ဂလာရှိ​သောခွဲခွာခြင်းဖြစ်​ကြောင်း သက်​သေပင်ဖြစ်​နေပါ​တော့တယ်။

တမန်တော်ဝထ္ထု ၁:၈
ထိုသို့မရှိသော်လည်း၊ သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြ လိမ့်မည်ဟု မိန့်တော်မူ၏။

ဒါ​ကြောင့် မင်္ဂလာရှိ​သော ခွဲခွာခြင်းအားဖြင့် သန့်ရှင်း​သောဝိညာဥ်​​တော် ဆင်းသက်​သောအခါ ကျွန်​တော်တို့ ယုံကြည်သူ​တွေသည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြ လိမ့်မည်ဟု ဆိုသကဲ့သို့ တကယ်ဘဲ အသက်တာမှာ သန့်ရှင်း​သောဝိညာဥ်​တော်နှင့် ပြည့်ဝ​သောသူများဖြစ်ကြဖို့ရာ အနည်းငယ်​ဝေမျှ ခွန်အား​ပေးလိုက်ပါတယ်။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next