November 26, 2026

သင်၏ခြေနင်းကိုချွတ်​လော့

မော​ရှေက ဘုရားသခင်၏​တောင်လို့အမည်ရ​သော​ဟောရပ်​တောင်​ပေါ်​ရောက်တဲ့အခါမှာ မီး​လောင်​နေတဲ့ချုံပုတ်ကိုမြင်တယ်။ ချုံကမီး​လောင်​သော်လည်းမကျွမ်း​လောင်တာမြင်​တော့အံ့ဩလို့သွားကြည့်တဲ့အခါမှာ ​မော​ရှေကိုထာဝရဘုရားက မချဥ်းနှင့်။ သင်၏​ခြေနင်းကိုချွတ်​လော့ သင်နင်းတဲ့​အရပ်ကသန့်ရှင်း​သော​မြေဖြစ်တယ်လို့ဆိုတာကို​တွေ့ရပါတယ်။ 

 

အဲ့ဒီ​တောင်ကမြင့်မြတ်တာမဟုတ်ဘူး ၊ အဲ့​နေရာက သန့်ရှင်းတာမဟုတ်​သော်လည်းဘာဖြစ်လို့သန့်ရှင်းတယ်ဆိုရတာလဲ။ ဒီ​နေရာက သူများ​တွေလဲသွား​နေကျဖြစ်တဲ့​နေရာဖြစ်​​ကောင်းဖြစ်နိုင်ပါတယ် ၊ သူလဲ​ရောက်ဖူးရင်​ရောက်ဖူးမှာ​ပေါ့ ဒါ​ပေမယ့်ဘာလို့ခုမှဒီလိုဖြစ်ရတာလဲ။ တကယ်​တော့ ​မြေကသန့်ရှင်းတာ ၊ ​တောင်ကသန့်ရှင်းတာမဟုတ်​သော်လည်း ဘုရားရှိ​သောအရပ်ဖြစ်တဲ့အတွက်သန့်ရှင်း​သောအရပ်ဖြစ်တာဖြစ်တယ်ဆိုတာကိုနားလည်ရပါတယ်။

 

ဒါဆိုရင် ယုံကြည်သူနဲ့အတူရှိ​သော ဧမာ​နွေလဘုရားရှိရာအရပ်က​ရောသန့်ရှင်းတယ်လို့နားလည်ရတာ​ပေါ့။ ဒီလိုဆိုရင်မော​ရှေကို​ခြေနင်းကိုချွတ်ခိုင်းသလို ယ​နေ့ယုံကြည်သူ​တွေက​တော့ ဧမာ​​နွေလဘုရားကျိန်းဝပ်ရာဗိမာန်​တော်ဖြစ်တဲ့နှလုံးသား​မြေသည်သန့်ရှင်းရာအရပ်ဖြစ်လို့ ဇာတိ​ခြေနင်း​​တွေကိုချွတ်ကြဖို့ရာဆင်ခြင်ကြဖို့ရာ​ဖြစ်ပါတယ်။

 

မိမိရဲ့နှလုံးကိုမိမိ​တို့သည်စောင့်​ရှောက်ကြရမှာဖြစ်တယ်။ ​လောကမှာကြုံ​တွေ့ရ​သောအမျိုးမျိုး​သောအ​ခြေအ​နေ​တွေ​ပေါ်မူတည်ပြီးဇာတိသ​ဘောအရ​ခြေပခြင်း​ ၊ ခွန်းတုန့်ပြန်ခြင်း ၊ ငါဆိုတဲ့အတ္တ ၊ အပြစ်တင်ခြင်း ၊ ရန်​တွေ့ခြင်း ၊ ကြိမ်ဆဲခြင်းဆဲ​ရေးခြင်း ၊ စသဖြင့်အမျိုးမျိုး​သော ဇာတိ​ခြေနင်း​တွေကရှိ​သော်ငြားလဲပဲ ဒီအရပ်ကလမ်း​ဘေးမဟုတ်ဘူး ၊ ဇရပ်မဟုတ်ဘူး ၊ ဒီအရပ်က​တောချုံအုံကြားမဟုတ်ဘူး ၊ ဒီအရပ်ကစစ်ပွဲဖြစ်ရာစစ်မက်ဖြစ်ပွားရာ​နေရာမဟုတ်ဘူးဆိုတာသတိထားကြဖို့ဖြစ်ပါတယ်။ ဒီအရပ်သည်သန့်ရှင်း​သောအရပ် ၊ ဒီအရပ်သည်ဧမာ​နွေလဘုရားကျန်းဝပ်ရာအရပ် ၊ ဒီအရပ်သည်သင်၏ဇာတိ​ခြေနင်းချွတ်ရမည့်အရပ်ဆိုတာကိုအမြဲတမ်းဆင်ခြင်မိဖို့အ​ရေးကြီးပါတယ်။ သင်နှင့်ကျွန်ုပ်၏နှလုံးသား​မြေသည် ထိုကဲ့သို့​သောအညစ်အ​ကြေး​တွေစုသိမ်းထားနိုင်တဲ့အမှိုက်ပုံးများဖြစ်​နေပါသလား။ အမှိုက်ပုံးကိုအမှိုက်ထည့်တာမဆန်း​ပါ​သော်လည်း သန့်ရှင်းရာ​မြေမှာအမှိုက်ပစ်ပြီး ​ခြေနင်းစီးတာဟာသိပ်ကိုဆန်းကြယ်လွန်းပါတယ်။ မလုပ်သင့်မလုပ်အပ်ရာဖြစ်​သော​ကြောင့် ကျွန်ုပ်တို့၏နှလုံးသား​မြေကို​စောင့်​ရှောက်ရင်း သန့်ရှင်း​သောဘုရားကျိန်းဝပ်ရာဗိမာန်​​တော်ဖြစ်​သော​ကြောင့် ဇာတိ​ခြေနင်း​တွေကိုချွတ်ကြရ​အောင်လို့ အနည်းငယ်​ဝေမျှတိုက်တွန်းခွန်အား​ပေးချင်ပါတယ်။

 

ထွက်မြောက်ရာကျမ်း ၃:၅
ဘုရားသခင်ကလည်း၊ မချဉ်းနှင့်။ သင်၏ခြေနင်းကိုချွတ်လော့။ သင်နင်းသော အရပ်ကား သန့်ရှင်းသောမြေဖြစ်သည်ဟူ၍လည်းကောင်း၊

 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

 

#Titus_KyawNyi

Next