January 23, 2025

​နောက်ဆုံး​တွေ့လိုက်ရတဲ့ ​နေ့

အခုဆိုရင် ၂၀၂၀ ခုနှစ် နိုဝင်ဘာရဲ့ ၃ရက်​နေ့ မနက်ပိုင်းကို ​ရောက်ရှိလို့လာပါပြီ။ ဒီလို​နေ့ရက်ကို မ​ရောက်ရှိလိုက်ရတဲ့ လူ​တွေများစွာလည်း ရှိ​နေနိုင်ပါတယ်။ ဒါဟာ တကယ့်ကို ကြုံရနိုင်တဲ့ကိစ္စပါ။ မနက်ဖြန်ဆိုတာကို လူတိုင်း​ရောက်ချင်ကြပါတယ်၊ တချို့ကလည်း မနက်ထဖို့ နှိုးစက်​တွေ ​ပေးထားကြမယ်၊ အချိန်းအချက်​တွေလည်း ရှိကြမယ်။ ဒီလူ​တွေထဲကမှ တချို့က​တော့ မနက်ဖြန်ရဲ့ ​ လေကို ရှူရှိုက်ခွင့်ရခဲ့ကြ​ပေမယ့်၊ တချို့က​တော့ မ​ရောက်ရှိလိုက်ကြဘူးဆိုတာကို ငြင်းနိုင်စရာ အ​ကြောင်းမရှိဘူးလို့ ထင်ပါတယ်။ 

တချို့က မ​နေ့ကအထိ အတူရှိခဲ့ကြတယ်၊ မနက်ဖြန်မှာ​တော့ ​ပျောက်ကွယ်သွားကြတယ်။ တချို့က ထမင်းအတူတူစားခဲ့တုန်းက အ​ကောင်းကြီးပဲ၊ မနက်​ရောက်မှ ​လောကကို နှုတ်ဆက်သွားတယ်။ ​ကို​လေးဖြူ ကိုအယ်ဖြူတို့ရဲ့ "သတိ" ဆိုတဲ့သီချင်း​လေးလို "လက်ပြပြီး​တော့ ကား​ပေါ်တက်သွား ... ​ဆေးလိပ်ဖြတ်ဦးတဲ့ ... ကျန်းမာ​ရေးက သိပ်ချူချာတာ ... ငါ့ကိုသတိ​ပေးသွား ... ​နောက်ဆုံး​တွေ့လိုက်တဲ့ ​နေ့တုန်းက ....." ဟုတ်ပါတယ် ဒီလို အဖြစ်အပျက်မျိုး ဘယ်​လောက်ရှိကြမယ်လို့ ထင်ကြပါသလဲ။ 

ကျွန်​တော်ကိုယ်တိုင်လည်း ဒီလိုအဖြစ်ကို ကြုံခဲ့ဖူးပါတယ်။ အဖိုး​ခေါ်​​တော်မူခြင်း မခံရခင် ညမှာ မြန်မာ​ဘောလုံးအသင်းရဲ့ ပြိုင်ပွဲတစ်ခုရှိ​နေခဲ့တယ်။ အဖိုးနေမ​ကောင်းဖြစ်​နေတဲ့အချိန်​ပေမယ့် သူအဲ့​နေ့ည အဲ့ဒီအချိန်မှာ သူ​နေ​ကောင်းပါတယ်။ သူလန်းဆန်းစွာ ထလာတယ်၊ ​ဘောလုံးပွဲကို အတူတူကြည့်တယ်၊ မြန်မာအသင်းကို အားမလို အားမရဖြစ်ကာ ​ပြောဆိုလိုက်​သေး​​လေရဲ့။ ​နောက်​ဖေးသွား​တော့ ကျွန်​​တော့်ဖိနပ်ကို ဝတ်သွားလိုက်​သေးတယ်​လေ။ ​ပြောနိုင်ဆိုနိုင်၊ အားလဲရှိ၊ ပြန်​ကောင်းပြီထင်​နေ​သော်လည်း မနက်​ရောက်​တော့ ​ခေါ်​​တော်မူခြင်းခံရပါတယ်။ လူ့ဘဝက တကယ့်ကို အခိုးအ​ငွေ့တစ်ခုပါ။ ညကမြင်ခဲ့တယ်၊ စကား​တွေ​ပြောရင်း၊ ​ဘောလုံးပွဲကို အတူတူကြည့်ခဲ့ကြရ​ပေမယ့် မနက်ဖြန်ကို မသိနိုင်ဘူး​လေ။ 

ရှင်ယာကုပ်ဩဝါဒစာ ၄:၁၄
နက်ဖြန်နေ့၌အဘယ်သို့ ဖြစ်မည်ကိုသင်တို့မသိကြ။ သင်တို့ အသက်သည် အဘယ်သို့သောအရာ ဖြစ်သနည်း။ ခဏထင်ရှားပြီးမှ ကွယ်ပျောက်တတ်သော အခိုးအငွေ့ဖြစ်၏။ 

ဒီလိုပါပဲ နက်ဖြန်ဆိုတာကို မသိနိုင်ကြတာ​ကြောင့်၊ မနက်ဖြန်​ဆိုတဲ့ ​နေ့ရက်ကို ဝင်စားကြရမလား၊ ဒီ​နေ့ည ၁၂နာရီကို ​ရောက်ပါ့မလားဆိုတာ မည်သူမျှမသိနိုင်တာကို​တော့ လက်ခံကြမယ်ထင်ပါတယ်။ သီချင်း​လေးထဲကအတိုင်း တကယ်ကို လက်ပြပြီးကား​ပေါ်တက်သွားတဲ့ သူငယ်ချင်းကို ​​နောက်တစ်ကြိမ်မမြင်ကြ​​တော့သလို၊ ကျွန်​တော်နဲ့​နောက်ဆုံး ​ဘောလုံးပွဲအတူတူကြည့်ခဲ့တဲ့ အဖိုးကို ​နောက်တစ်ခါဒီ​လောကမှာ​တော့ မမြင်​တော့ပါဘူး။ 

မနက်ဖြန်ကို ကိုယ်ဘာဖြစ်မယ် မသိ​ပေမယ့် ​ကျေးဇူး​တော်​ကြောင့် အဖိုးက​တော့ ကယ်တင်ခြင်းစိတ်ချမှုရှိခဲ့ပါတယ်။ သူ​အေးချမ်းစွာ ဖြတ်သန်းသွားခဲ့သလို၊ ကျန်ရစ်သူ မိသားစုမှာလည်း ​အေးချမ်းစွာ ချီးမွမ်းနိုင်ခဲ့တယ်။ ချစ်ရတဲ့သူတစ်​ယောက် ထွက်ခွာထားတာ ဝမ်းနည်းစရာမှန်​သော်လည်း တမလွန်မှာ ပြန်​တွေ့မယ်ဆိုတဲ့ ယုံကြည်ခြင်း​ကြောင့် ဝမ်း​မြောက်ခြင်းသည် ငို​​ကြွေးဝမ်းနည်းခြင်းထက် သာ၍ ကြီးခဲ့​လေရဲ့။ 

ဒီလိုမျိုး မနက်ဖြန်အတွက် နှုတ်ဆက်ချိန်ကို စိတ်ချ​နေဖို့ ကယ်တင်ရှင်ဖြစ်တဲ့ သခင်​ယေရှုခရစ်​တော်တစ်ပါးတည်းသာ တတ်နိုင်တယ်ဆိုတာက​ဟာ ​ငြင်းဆန်လို့မရတဲ့ သမ္မာတရားပင်ဖြစ်ပါတယ်။ ဘယ်ဘုရားမှ အာမ မခံတဲ့ တမလွန်ရဲ့ စိတ်ချမှု၊ ကယ်တင်ခြင်းကို ထိုသခင်သည် အာမခံ​ပေးလို့ပဲဖြစ်ပါတယ်။ ဒါ့​ကြောင့် မိတ်​ဆွေရဲ့ တမလွန်အ​ရေး စိတ်​အေး​စေဖို့၊ မနက်ဖြန်မှာ မိမိရဲ့ အသက်အခိုးအ​​ငွေ့​လေး ထွက်သွား​စေဦး​တော့ စိတ်ချစွာနဲ့ဝမ်း​မြောက်​စေဖို့ရာ မြည်းစမ်းကြည့်ပါလို့သာ ​ပြောရင်း ထိုသခင်နဲ့ မိတ်ဆက်​ပေးလိုက်ပါတယ်။ 

ကယ်တင်ရာ​နေ့ရက်သည် ယ​​နေ့ပင်ဖြစ်​သော​ကြောင့် မိတ်​ဆွေက သခင်​ယေရှုခရစ်​တော်ကိုမြည်းစမ်းကြည့်ချင်တယ်ဆိုရင်​တော့ ... 

***ယေရှုခရစ်​တော်သည် ကျွန်​တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်​ပေါ်မှာအ​သေခံအ​သွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံ​တော်မူပြီး​တော့ ကျမ်းစာလာသည့်အတိုင်း၃ရက်​မြောက်​သော​နေ့မှာရှင်ပြန်ထ​မြောက်တာကို ယုံကြည်လက်ခံပါတယ်။ *** 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next