သင့်လက်ကိုဆန့်၍ ငါ့နံဖေးကိုစမ်းသပ်လော့

ရှင်ယောဟန်ခရစ်ဝင် ၂၀:၂၇
ထိုအခါ သောမ အား၊ သင်၏လက်ညှိုးကိုဆန့်၍ ငါ့လက်ကိုကြည့်လော့။ သင်၏လက်ကိုဆန့်၍ ငါ့ နံဖေးကို စမ်းသပ်လော့။ ယုံမှားခြင်းမရှိနှင့်။ ယုံလော့ဟု မိန့်တော်မူ၏။
ယေရှုခရစ်တော် ရှင်ပြန်ထမြောက်ခြင်းကို မြင်မှယုံမည်ဆိုသော သူတစ်ဦးမှာ သောမပင်ဖြစ်သည်။ တကယ်ဆိုရင်တော့ နမိတ်လက္ခဏာတွေ၊ လာဇရုပြန်ရှင်တာ၊ မုဆိုးမသမီး၊ လက်ခြေသေသူ၊ ကန်းသောသူမြင်စေခြင်း၊ ကျန်းမာခြင်း၊ စသဖြင့်တွေကို မြင်တွေ့ဖူးသော်လည်း သူမယုံကြည်နိုင်။ ရှင်ပြန်ထမြောက်မည့်အကြောင်းကို သတိပင်မရနိုင်။
သို့သော် သခင်ကတော့ သူ့ရဲ့မြင်မှယုံမည်ဆိုသူအတွက်တော့ မြည်းစမ်းခွင့်ပေးခဲ့သည်။ လက်ကိုကြည့်ပါ၊ နံဖေးကိုကြည့်ပါဟု စမ်းသပ်ခွင့်ပေးခဲ့သည်။ ဒါဟာ သူ့ရဲ့မယုံကြည်နိုင်မှုအတွက် အထောက်အကူဖြစ်စေခဲ့ပေသည်။ ထိုသူသည် မိမိ၏ အသက်သေဆုံးသည်အထိ သစ္စာရှိစွာ ပါဝင်ဆက်ကပ်သော တပည့်တော်တစ်ဦးပင်ဖြစ်လာသည်။ ဒီလိုပါပဲ ယေရှုခရစ်တော်ကို မြည်းစမ်းခွင့်ကတော့ လူတိုင်းအတွက် အခွင့်အရေးတစ်ခုပင်ဖြစ်သည်။ သင်၏ မယုံကြည်နိုင်ခြင်းအပေါ် သခင်ဘုရား ပြင်ဆင်ပါစေ။
မိတ်ဆွေက မြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့၊ သင့်အတွက် သခင်ယေရှုသည် အမြဲအဆင်သင့်ရှိနေပါတယ်။ လာပါ သင့်လက်ညှိုးကို ဆန့်၍ ငါ့လက်ကိုကြည့်ပါ၊ သင့်လက်ကို ဆန့်၍ ငါ့နံဖေးကို စမ်းသပ်ပါ ဆိုသည့်အတိုင်း ငါပင်ဖြစ်တယ် ယုံမှားခြင်းမရှိပါနဲ့လို့ သောမ အား ဆိုသည့်အတိုင်းပင် သင့်ရဲ့ မယုံကြည်နိုင်ခြင်းအပေါ် သက်သေဖြစ်ပါစေ။ ကယ်တင်ရာနေ့ရက်သည် ယနေ့ပင်ဖြစ်သောကြောင့် မိတ်ဆွေက သခင်ယေရှုခရစ်တော်ကိုမြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ ...
***ယေရှုခရစ်တော်သည် ကျွန်တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်ပေါ်မှာအသေခံအသွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံတော်မူပြီးတော့ ကျမ်းစာလာသည့်အတိုင်း၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet