အကျွန်ုပ်၌ရှိသော မင်္ဂလာ
လောကမှာ လူတွေက မင်္ဂလာရှိသော အရာများကို နှစ်သက်ကြတယ်။ မင်္ဂလာရှိတယ်ဟု ယူဆသောအရာတွေကို ဦးစားပေးတယ်၊ လုပ်ဆောင်တတ်ကြသလို၊ မင်္ဂလာကို သာ၍လိုချင်မက်မောတယ်။ လူတွေက အမင်္ဂလာထက် မင်္ဂလာကိုသာ လိုချင်ကြမှာဖြစ်တာကိုတော့ မြေကြီးလက်ခပ်မလွဲပေ။
ထို့ကြောင့် မင်္ဂလာနှင့်ဆိုင်သောအရာများ၊ မင်္ဂလာရှိသည်ဟု ယူဆသောအရာများ၊ မင်္ဂလာရှိတတ်သော အသုံးအဆောင်များကို ရှာဖွေသိုမှီးလုပ်ဆောင် တတ်ကြပေသည်။ မွေးနေ့ဆိုလျှင်လည်း မွေးနေ့မင်္ဂလာ၊ အလှူဆိုလျှင် အလှူတော်မင်္ဂလာ၊ နာမည်ပေးဆိုလျှင် ကင်ပွန်းတပ်ခြင်းမင်္ဂလာ၊ နားသမင်္ဂလာ စသဖြင့် မင်္ဂလာပေါင်းများစွာတို့သည် အရှေ့တိုင်း အနောက်တိုင်း အနည်းငယ်သာကွာခြားမည်ဖြစ်သော်လည်း မင်္ဂလာရှိမည်ဟု ယူဆချက်များကိုတော့ လုပ်ဆောင်ကြသလို မင်္ဂလာများကို လိုချင်ကြသည်ဖြစ်ပေသည်။
လူအသီးသီးတို့က ငါတို့တွင် ဘယ်လို မင်္ဂလာရှိသည်၊ ဘယ်လို မင်္ဂလာဖြစ်သည်ဟု ဆိုကြသော်ငြားလည်းဘဲ ကျွန်ုပ်တို့ ယုံကြည်သူ ခရစ်ယာန်များမှာတော့ ထိုသို့ မဆိုနိုင်ကြပေ။
ခက်ခဲချိန်ဖြစ်စေ၊ ပင်ပန်းချိန်ဖြစ်စေ၊ အဆင်ပြေချိန်၊ အဆင်မပြေချိန်၊ မောပန်းချိန်၊ ငိုကြွေးချိန်၊ ဝမ်းမြောက်ချိန်၊ ဒုက္ခရောက်ချိန်၊ သုခရှိနေချိန် စသဖြင့် မည်သို့ပင်ဖြစ်နေစေကာမူ ဆာလံဆရာ ရေရွတ်သော စကားတစ်ခွန်းကိုတော့ ရင်ထဲမှ သေခြာပေါက် ရေရွတ်တတ်ကြမည်ကို မြင်ယောင်မိပါသည်။
ဆာလံကျမ်း ၁၆:၂
ကိုယ်တော်သည် အကျွန်ုပ်၏သခင် ဖြစ်တော်မူသည်ဟု ထာဝရဘုရားကို အကျွန်ုပ်လျှောက်ဆိုပါပြီ။ ကျေးဇူးတော်မှတစ်ပါး အခြားသောမင်္ဂလာသည် အကျွန်ုပ်၌ မရှိပါ။
ဟုတ်ပါတယ်။ အခြားမည်သူတစ်ဦးတစ်ယောက်မှ မည်သို့သော မင်္ဂလာများကို လုပ်ဆောင်ပါစေ၊ ပိုင်ဆိုင်နေကြပါစေဦးတော့ ကျွန်ုပ်တို့ယုံကြည်သူ ခရစ်ယာန်များသည် သခင်ယေရှုခရစ်တော်သည် မိမိတို့၏ သခင်ဖြစ်တယ်ဆိုတာကို ဝန်ခံလျှက် ကျွန်ုပ်တို့အသီးသီး၏ အသက်တာတွင် ကျေးဇူးတော်မှတပါး အခြားသော မင်္ဂလာသည် အကျွန်ုပ်တို့၌ မရှိပါတကားဟု ဆင်ခြင်လျှက် ဝန်ခံကြမည်သာ ဖြစ်ပေတော့သည်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet