November 26, 2026

ဘုရားသခင်နှစ်သက်​သောအမှု

မိဘဆိုတာဟာယုံကြည်သူတို့အတွက်​တော့ ​ကောင်းကင်တမန်အလားပါပဲ။ တချို့တွေသည်မိဘကအ​ရေးမကြီးဘူး ၊ ဘုရားကသာအ​ရေးကြီးတာဟုအထင်အမြင်လွဲတတ်ကြ​သော​ကြောင့် သူတပါးအတွက်ထိမိ၍လဲစရာကဲ့သို့ဖြစ်​စေသည်။ သူတပါးကိုနားလည်​စေရန်ရှင်းပြခြင်းမျိုးလိုအပ်ပါတယ်။

ကျမ်းစာမှာမိဘကိုရို​သေစွာပြုလော့ဟု​သေ​သေချာချာ​သွန်သင်ထားပါတယ်။ မိဘစကားနား​ထောင်ခြင်း မိဘကိုရို​သေခြင်း​တွေသည် ဘုရားသခင်နှစ်သက်​သောအမှု​တွေဖြစ်ပါတယ်။ မိဘကိုဘုရား​နေရာမှာထားတာမျိုး​တော့မဟုတ်ဘဲ မိဘကိုရို​သေစွာပြုရမယ် ၊ မိဘစကားနား​ထောင်မယ် စသဖြင့်​ပေါ့။ ဒါကိုတချို့ကသူတပါးနားလည်အောင်မရှင်းပြတတ်တဲ့အခါမှာ မိဘ​တွေဘာ​တွေကအ​ရေးမကြီးဘူး ဘုရားသာအ​ရေးကြီးတာဆိုပြီးလွဲမှားစွာအနက်ပြန်ပြီးမရှင်းပြတတ်ကြ​သော​ကြောင့်မယုံကြည်သူများကို​ပြော​ပြတဲ့အခါမှာ တချို့ကအထင်လွဲသွားတတ်ကြပါတယ်။ ဒါ့​ကြောင့် ရှင်းပြတဲ့အခါမှာ ​စေတနာစိတ်နဲ့​ဖြေးညှင်း​သောသ​ဘောနဲ့ ​သေ​သေချာချာနားလည်​စေရန်​မေတ္တာမပျက်ဘဲရှင်းပြ​ပေး​စေချင်ပါတယ်။ အတိုက်အခံလုပ်ချင်၍​မေး​မေး ၊ ဟုတ်ဟုတ်မဟုတ်ဟုတ်ငြင်းချင်၍​မေး​မေး​ပေါ့။

ဘုရားသခင်ကို​တော့ပထမ​နေရာမှာထားရမှာဆိုတာကိုနားလည်​စေချင်ပါတယ်။ ရုပ်တုကိုးကွယ်ခြင်းဆိုတာဟာ တကယ့်ရုပ်တုဆိုတာကြီးကို​ပြောခြင်းထက် မိမိ၏စိတ်နှလုံးထဲမှာဘယ်အရာကိုဦးစား​ပေးဖြစ်​နေသလဲဆိုတာပါပဲ။

ရှင်လုကာခရစ်ဝင် ၁၂:၃၄
အကြောင်းမူကား၊ အကြင်အရပ်၌ သင်တို့၏ဘဏ္ဍာရှိ၏။ ထိုအရပ်သို့ သင်တို့စိတ်နှလုံးရောက်တတ်၏။

ဥပမာ မိမိရဲ့အလုပ်လား ၊ ​ငွေ​ကြေး ၊ ရာထူး ၊ မိဘ ၊ မိန်းမ​ယောကျ်ား ၊ သားသမီး ၊ စည်းစိမ် အစရှိသဖြင့်သက်ရှိသက်မဲ့ဘယ်လိုအရာမျိုးကိုဖြစ်​စေ ဘုရားမဟုတ်​သောမည်သည့်အရာဖြစ်​စေ ဦးစား​ပေး​နေရာမှာထားမိခြင်း ၊ ပထမ​နေရာမှာ​ရောက်​နေတယ်ဆိုရင် ဒါဟာရုပ်တုကိုးကွယ်ခြင်းပါပဲ။ ဒီလိုသာစိတ်နှလုံးကစွဲ​နေမယ်ဆိုရင်​တော့ ဒါဟာထိုအရာ​တွေကိုဦးစား​ပေးခြင်း ၊ ထိုအရာကိုဘုရား​နေရာမှာထား၍ရုပ်တုကိုးကွယ်ခြင်းတစ်မျိုးပဲဖြစ်ပါတယ်။ ဒါ့​ကြောင့် ယုံကြည်သူခရစ်ယာန်​တွေဟာ မိဘကိုလဲချစ်ပါတယ် ၊ ရို​သေစွာလဲပြုပါတယ် ၊ စကားလဲနား​ထောင်ပါတယ် ၊ ဘုရားကိုပြစ်မှား​စေခြင်းမျိုးမှလွဲ၍ စကားနား​ထောင်ခြင်းရှိပါတယ်။ သို့​သော် နံပါတ်တစ်ဦးစား​ပေးက​တော့ဘုရားပဲဖြစ်တယ်ဆိုတာကိုနားလည်​စေချင်ပါတယ်။ ဒီ​တော့က ကျွန်​တော်တို့ယုံကြည်သူအ​ယောက်စီတိုင်းသည် မိမိ၏ပထမဦးစား​ပေး​နေရာကိုပြင်ဆင်ကြရ​င်းဘုရားသခင်နှစ်သက်​သောအမှုပြုကြရအောင်လို့အ​ယောက်စီတိုင်းကိုအနည်းငယ်​​ဝေမျှခွန်အား​ပေးချင်ပါတယ်။

ကောလောသဲဩဝါဒစာ ၃:၂၀
သားသမီးတို့၊ မိဘစကားကို အရာရာ၌ နားထောင်ကြလော့။ မိဘစကားကို နားထောင်ခြင်းအမှုသည် သခင်ဘုရားနှစ်သက်တော်မူသော အမှုဖြစ်၏။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Previous Next