November 26, 2026

ယေရှုခရစ်​တော်၌ကိုင်းဆက်ခြင်း

အပင်တစ်ပင်မှာကိုင်းကူး ၊ ကိုင်းဆက် ဆို​သောအရာရှိပါတယ်။ အချို့အပင်​တွေက ကိုင်းကူး ၊ ကိုင်းဆက် လုပ်မှသာ မျိုးပွားပြီး အသီးအပွင့်ပွင်းလန်း​ဝေဆာကြတာ​တွေရှိပါတယ်။ တချို့ကလဲ မျိုးဆက်ခြင်းကို ဒီလိုအရာ​တွေနဲ့လုပ်​ဆောင်ကြပါတယ်။ ကိုင်းကူးတာသည်တခါတလေပို၍သာ၍ကောင်းမွန်တဲ့ အသီးမျိုးစိတ်တွေကိုဖြစ်ထွန်းစေတယ်။ မူရင်းအပင်ထက်ပို၍ကောင်းသော အပွင့် ၊ ရနံ့ ၊ အသီး စတာတွေကိုလည်းရလာအောင် လုပ်​ဆောင်ကြတာမျိုးဖြစ်ပါတယ်။ ပျိုးပင်​လေး​တွေစိုက်ဖူးတဲ့သူ​တွေဆိုရင်သိကြပါလိမ့်မယ်။ ကိုင်းကူးကိုင်းဆက်ခြင်းနဲ့ပါတ်သတ်တဲ့ဗီဒီရို​လေးကို​​လေ့လာနိုင်​စေရန်အောက်ဆုံးတွင်ထည့်​ပေးလိုက်ပါတယ်။ 

ဒီအရာ​လေးကိုကြည့်ရင်းနဲ့ဆင်ခြင်စရာ​တွေများစွာရခဲ့ပါတယ်။ ဒီလိုအပင်ဆက်ဖို့ကိုင်းကူးဖို့ဆိုရင်​တော့ကျွန်​တော်တို့ဟာအပင်(၂)ပင်လုံးကိုလှီးဖြတ်ရတယ်။ ဆိုကြပါစို့ တစ်ပင်ကို အ​ခြေပြုမယ် ​နောက်တစ်ပင်ကိုကိုင်းဖြတ်မယ်ဆိုရင် တစ်ပင်က​တော့ သူ့ရဲ့​အောက်ပိုင်းကအမြစ်​တွေအ​ပေါ်ပိုင်းကအခက်အလက်အရွက်​တွေပင်စည်​တွေအကုန်ထားခဲ့ရတယ် ဖြတ်ထုတ်ပစ်လိုက်ပြီး ကိုင်း​လေးသာယူပါတယ်။ ​နောက်တစ်ပင်ကို​တော့ ထိုဖြတ်လိုက်တဲ့ကိုင်း​လေးလာ​ရောက်ဆက်ဖို့အတွက်ကို​သူဆက်မည့်​နေရာကိုလည်းလှီးဖြတ်ရပါတယ်။ ပြီးမှထို(၂)ခုပူးထားပြီးချိတ်ဆက်ရာကိုပြန်ပြီးအဝတ်စဖြစ်​စေ ၊ တိပ်နဲ့ဖြစ်​စေအချိန်တစ်ခုတန်သည်အထိစည်းထားရပါတယ် ​ရေမဝင်​စေရန်အတွက်​ပေါ့။ အကယ်၍​ရေဝင်တာ ၊ အခြားပြင်ပအရာ​တွေသည်အပင်ကိုပုပ်ပျက်​သေဆုံးသည်အထိဖြစ်​စေ​သော​ကြောင့်ပင်။ အချိန်တန်​​သောအခါ၌ထိုအပင်သည် အသီးအပွင့်များစွာနှင်​ဝေဆာပွင်းလန်းလာသည်ကိုမြင်ရ​ပေမည်။

ဟုတ်ပါတယ်။ ကျွန်​တော်တို့ယုံကြည်သူ​တွေရဲ့အသက်တာသည် မိမိဇာတိအမြစ်နဲ့မိမိကိုယ်ကိုယ်ဗဟိုပြု​သောအရာများစွာကို အကိုင်းအခက်အရွက်ပင်စည်များကိုဖြတ်ပစ်ပြီးထားခဲ့သလို​​သေ​စေဖို့ရာလိုအပ်ပါတယ်။ ဒါမှသာ ​ယေရှုခရစ်​တော်နှင်ချိတ်ဆက်နိုင်မည်။ စုံစမ်းခြင်း​တွေကို​ကျော်လွှားဖို့ရန် နှုတ်ကပါတ်​​တော်ဒိုင်းလွှားနှင့်သန့်ရှင်း​သောဝိညာဥ်​တော်လမ်းပြမှုနှင့်​ဖြတ်သန်း​ကျော်လွှားရမည်။ မဟုတ်လျှင် အပင်(၂)ခုကိုင်းဆက်ချိန်
အဆက်သည်မလုံသကဲ့သို့ပုပ်ပျက်၍​သေဆုံးနိုင်သည်။

အပင်ကိုဖြတ်ထုတ်လိုက်သလို မိမိဇာတိများ ၊ မိမိကိုယ်ကိုဗဟိုပြအသက်ရှင်ခြင်းများကို စသဖြင့်ဖြတ်ထုတ်သတ်ပစ်လိုက်ခြင်းသည် များစွာနာကျင်ရ​သော်လည်း ထိုနာကျင်ခြင်း၏အကျိုးသည် များစွာပွင့်လန်း​ဝေဆာ​သောဝိညာဥ်အသီးများစွာသီးပွင့်​စေရန်သာဖြစ်​သော​ကြောင့် ကိုင်းဆက်​နေချိန်တွင်အချိန်အတိုင်းအတာတစ်ခုအထိကြပ်တည်းစွာအဝတ်တို့တိပ်တို့ဖြင့်စည်းထားရခြင်းကိုသတိပြု​ဖို့ရာအ​ရေးကြီးပါတယ်။ ကိုင်းဆက်ချိန်၌​ရေဝင်ပုပ်ပျက်​သေဆုံး​သောအပင်ကဲ့သို့မဖြစ်​စေဖို့ရာသတိပြုရင်း စုံစမ်းခြင်းများ ၊ ခက်ခဲမှုများ​ကြောင့် လက်​လျှော့၍အရှုံးမ​ပေးကြစို့နဲ့ရယ်။ ဒါ့​ကြောင့်ကျွန်​တော်တို့ယုံကြည်သူ​တွေဟာ မိမိ၏စပျစ်ပင်ရိုင်းကိုစွန့်၍​မှန်​သောစပျစ်နွယ်ပင်ဖြစ်​သော​ယေရှုခရစ်​တော်၌သာကိုင်းကူးကိုင်းဆက်၍တည်​သောအသက်တာဖြစ်​စေပြီးဝိညာဥ်အသီးအပွင့်များ​ဝေဆာစွာပွင့်လန်း၍ ၊ ဤ​လောကရဲ့ဆားနဲ့အလင်းဖြစ်​စေကြဖို့ရာအ​ယောက်စီတိုင်းကိုအနည်းငယ်ခွန်အား​​ပေးချင်ပါတယ်။

ရှင်ယောဟန်ခရစ်ဝင် ၁၅:၄
ငါ၌တည်နေကြလော့။ ငါသည်လည်း သင်တို့၌တည်နေမည်။ စပျစ်ခက်သည် အပင်၌မတည်လျှင်၊ ကိုယ်အလိုအလျောက် အသီးမသီးနိုင်သကဲ့သို့၊ သင်တို့သည် ငါ၌မတည်လျှင် အသီးမသီးနိုင်ကြ။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

https://m.facebook.com/story.php?story_fbid=2512013958941174&id=673283106147611

Previous Next