November 26, 2026

မမှီဝဲနဲ့ ကင်း​​​အောင်​နေ

ကျွန်​တော်တို့ ​ကျောင်းသားဘဝတွင် ကျောင်းတက်စဥ်ကကြားခဲ့သင်ခဲ့ဖူး​သော ၃၈ဖြာ မင်္ဂလာကို သတိရမိသည်။ "လူမိုက်ဆိုလျှင် ​ရှောင်​သွေလွဲလို့ မမှီဝဲနဲ့ ကင်း​အောင်​နေ" ဟူသည့် ကဗျာ​လေးကိုလည်း မှတ်မိကြဦးမည်ထင်ပါတယ်။ 

​ကျောင်းသားဘဝတုန်းက လူငယ်များလမ်းမှား မ​ရောက်​စေရန်အတွက် ဆရာမများသင်ကြား​ပေးခဲ့သည့် ​လောကနီတိများ၊ ၃၈ဖြာမင်္ဂလာများလည်းဖြစ်ကြသည်။ လူမိုက်နှင့်​ပေါင်း​ဖော်ခြင်းအားဖြင့် ထိုလူမိုက်ဆီမှ အကျင့်စရိုက်များကူးစက်ခြင်း၊ မိမိပါ မှားယွင်းလာမိခြင်း၊ ​နောက်ပိုင်းလမ်းလွဲသွား၍ ပြန်လှည့်မရခြင်းတို့​ကြောင့် ဒုက္ခ​ရောက်ရ​ကြောင်း အပြစ်စက်ကွင်းမလွတ်​ကြောင်းကို သင်ကြားခံရဖူးမည်ထင်ပါသည်။ 

​ကျေးညီ​နောင်ဥပမာ​လေးကဲ့သို့ ဓါးပြဆီ​ရောက်သွား​သော ​ကျေးမှာ​​တော့ ရ​သေ့၏​ကျေးနှင့်ကွာခြားသကဲ့သို့ပင်ဖြစ်​နေ​ပေလိမ့်မည်။ ထို့​ကြောင့်လည်း လူမိုက်မှန်းသိလျှင်​ရှောင်ကျင်ရန် ငယ်စဥ်မှပင် သင်ကြား​ပေးခဲ့ကြခြင်းလည်းဖြစ်​ပေသည်။ 

ဆာလံကျမ်း ၁:၁
မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့မလိုက်၊ 

၁ခု​မြောက်​သော ဆာလံအပိုဒ်ငယ် ၁ မှာ​တော့ "မတရား​သောသူတို့၏ တိုက်တွန်းခြင်းသို့ မလိုက်" ဟုဆိုပါတယ်။ ဒါ့​ကြောင့် ကျွန်​​တော်တို့ယုံကြည်သူ​တွေသည် မိမိတို့၏ လုပ်ရပ်များကို ပြန်လည်ဆန်းစစ်ရန်လိုပါသည်။ မတရား​သောသူတို့၏ တိုက်တွန်းခြင်းကို လုပ်​​​ဆောင်နေမိသလား။ 

အပိုဒ်ငယ် ၂ က ... "လူဆိုးတို့၏ လမ်းတွင်မရပ်မနေ၊ မထီမဲ့မြင်ပြုသော သူတို့၏ အစည်းအဝေး၌မထိုင်၊" လို့လည်းဆက်​ပြောပါတယ်။ 

ကျွန်​တော်တို့က လူဆိုးတို့၏ သွားရာလမ်း၌ ရှိ​သောသူလား၊ ထိုလမ်းစဥ်လိုက်သည့်သူ​တွေလား၊ သို့မဟုတ် ထိုလမ်းကို ​ထောက်ပံ့​ပေး​သောသူများဖြစ်​နေသလား ယ​နေ့မှာ ပြန်လည်ဆင်ခြင်ဖို့လိုပါတယ်။ မထီမဲ့မြင်ပြု​သောသူလို့ဆိုတဲ့အခါမှာ ဘာကိုပြုသလဲ၊ ထာဝရဘုရား၏ တရားလမ်းကိုလား၊ ထာဝရဘုရားကိုလား၊ သမ္မာတရားလား၊ ဓမ္မကိုဆန့်ကျင်ခြင်းလား စတဲ့ စတဲ့ အစည်းအ​ဝေးကို လုံးဝ​ရှောင်ဖယ်တယ် ဆန့်ကျင်တယ်၊ လုံးဝထိုင်ခြင်းမရှိဘူးလို့ ဆာလံဆရာက ပြတ်သားစွာဆိုထားတာကို ​တွေ့ရပါတယ်။ ကျွန်​​တော်တို့ ယုံကြည်သူ​တွေက​ရော ဘယ်လိုလဲ ယ​နေ့ ဆင်ခြင်ကြရ​အောင်ဖြစ်ပါတယ်။ 

ယ​နေ့မှာ ယုံကြည်သူ​တွေ​ရော၊ အခြား​သော ဘာသာဝင်​တွေဖြစ်ကြတဲ့ ဓမ္မမိတ်​ဆွေ ညီအကို​မောင်နှမ​တွေ​ရော ယ​​နေ့မှာ ဘယ်လိုအသက်ရှင်​နေသလဲ၊ သက်ဆိုင်ရာ အဆုံးအမ​အောက်မှာ အသက်ရှင်ကြရဲ့လား၊ ၃၈ဖြာမင်္ဂလာနဲ့အညီ အသက်ရှင်​နေကြရဲ့လား၊ ဗုဒ္ဓတရား​​တော်နဲ့အညီ အသက်ရှင်​နေသလား၊  အဓမ္မလမ်းစဥ်လိုက်​နေသလား၊ မတရား​သောသူတို့ရဲ့ တိုက်တွန်းခြင်းကိုလိုက်​နေကြပြီး လူဆိုတို့၏ လမ်းစဥ်လိုက်ကာ ထိုသူတို့အား ​ထောက်ပံ့​နေမိသလား၊ မထီမဲ့မြင်ပြုသည့် အစည်းအ​ဝေး၌ထိုင်ကာ သမ္မာတရားနဲ့လွဲ​ချော်​နေမိသလားဆိုတာကို ယ​နေ့မှာ ကျွန်​​တော်တို့​တွေ ဆင်ခြင်ရင်း အသက်ရှင်ကြရ​အောင်လား ... 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next