မိမိကိုယ်ကိုယ် ကယ်တင်နိုင်သလော
ကျွန်တော်တို့၏ လူသားသဘာဝသည် မိမိတို့၏ လုပ်ဆောင်နိုင်မှုအပေါ်၌ ဝါကြွားဝမ်းမြောက်တတ်ကြသည်မှာ သဘာဝပင်ဖြစ်သည်။ သို့သော် ထိုလုပ်ဆောင်နိုင်မှုသည် အကန့်အသတ်တော့ လူတိုင်းလူတိုင်း၌ ရှိနေသည်ကိုတော့ သတိပြုသင့်သည်ပင် ...
ဆိုကြပါစို့ သင်သည် ဝင်ငွေ ၁သိန်းရှိသောကြောင့် ၂သောင်းပေးလှူနိုင်သော်လည်း ဝင်ငွေ ၅သောင်းရှိသောသူသည် ၁သောင်းလောက်သာလှူနိုင်မည်။ သို့သော် ဝင်ငွေ ၂သောင်းသာရှိသူသည် ၁သောင်း လှူဖို့ရန် မလွယ်ကူပါ။ ထို့အတူပင် အခြားသော အရာများမှာလည်း အကန့်အသတ်မတူကြပေဘူး မဟုတ်ပါလား ...
လွန်ခဲ့သော လတွင် ကျွန်တော်သည် ကားပါကင်မရပ်ရသည့် အချိန်ကို မမြင်မိ၍ ရပ်လိုက်ခဲ့သည်။ မနက် ၆နာရီမှ ၁၀နာရီအတွင်းမရပ်ရဟုရေးထားသော်လည်း ရပ်လိုက်သဖြင့် ဒဏ်ရိုက်ခံခဲ့ရသည်။ ထိုအချိန်သည် ၁၀နာရီထိုးရန် ၉မိနစ်သာလိုသည်။ မည်သို့ပင် အနည်းငယ်အချိန်မျှသာဖြစ်ပါစေ ပြစ်မှုချိုးဖောက်ခြင်းသည် ချိုးဖောက်ခြင်းပင် မဟုတ်ပါလား ...
ဤနည်းတူပင် မိတ်ဆွေနှင့် ကျွန်ုပ်တို့၏ လုပ်ဆောင်ကျင့်ကြံနိုင်ခြင်း၊ ပေးလှူနိုင်ခြင်းတို့သည် ကိုယ်စီကန့်သတ်မှုများနှင့်သာ ပြည့်နှက်နေခဲ့ကြသည်ကိုတော့ ငြင်းဆိုနိုင်မည်မထင်ပါ။
ယနေ့တွင်လည်း မိမိတို့ ပြုမူ ချိုးဖောက်မိသည့် ပြစ်ချက်များ ပညတ်များသည် အနည်းငယ်မျှသာဟုဆိုပေသော်ညား ကျွန်တော် ကားပါပင်ရပ်သကဲ့သို့ပင် ဖြစ်ချေဦးမည်။ သင်မည်သို့မျှ မလွတ်နိုင်ပါ။ သို့သော် အကန့်အသတ်ရှိကြသော မိမိတို့၏ လုပ်ဆောင်နိုင်ခြင်းသည် မိမိကိုယ်ကိုယ် ကယ်တင်နိုင်သည်ဟု ယနေ့ထက်တိုင် မှတ်ယူမိနေကြသေးသည် မဟုတ်ပါလား ...
ဆိုကြပါစို့ ... ရေနစ်နေသောသူအား ရေကူးနည်းသင်ပေးနေခြင်းသည် ကယ်တင်ရာရောက်မည်လော ... သို့မဟုတ် ဆင်းကယ်ခြင်းသည် ပိုထိရောက်မည်လော ... ခွန်အားအကန့်အသတ်ရှိသော ကျွန်ုပ်တို့၏ ရေကူးတတ်ခြင်းသည် ပင်လယ်ကြီးကိုဖြတ်ကူးနိုင်မည်လော ...
ဧဖက်ဩဝါဒစာ ၂:၈-၉
ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။
ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။
ထို့ကြောင့် သခင်ယေရှုခရစ်သည် အကန့်အသတ်ရှိသော ကျွန်ုပ်တို့လူသားများအတွက် ကယ်တင်ခြင်းကို အခမဲ့ ပေးဆပ်ခဲ့ခြင်းဖြစ်သည်။
ယနေ့ထိုသခင်အား မိမိ၏ ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံခြင်းသည် ထာဝရငရဲမှ လွတ်မြောက်နိုင်ရန် လမ်းစစ်ပင်ဖြစ်သည်။ ဤသည်မှာ အကန့်အသတ်ရှိသော လူ၏ လုပ်ဆောင်နိုင်မှု တစ်ခုမှမပါသောကြောင့် ဝါကြွားရန်အကြောင်းလားလားမျှ မရှိပါ။
(၁) ယနေ့မေးခွန်းသည် မိမိ၏လုပ်ဆောင်နိုင်ခြင်းသည် အကန့်အသတ်ရှိပါသလား?
(၂) မိမိတို့သည် ကားပါကင်ရပ်သကဲ့သို့ အနည်းငယ်မျှသော ပြစ်မှုလေးကိုဖြစ်စေ၊ အချိန်လေးကပ်လိုသွားခြင်းဖြစ်စေ မှားယွင်းမှုများရှိပါသလား?
(၃) သင်သည် တမလွန်အတွက် အဖြေရှိပါပြီလား?
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet