November 26, 2026

တန်ဖိုးထားပါသလား

ရုပ်ရှင်တစ်ခုထဲမှ ဇာတ်ဝင်ခန်း​လေးတစ်ခုကို သ​ဘောကျမိသည်။ ထိုအရာမှာ က​လေးငယ်တစ်ဦးကို အခြားက​လေးမှ စကားဖြင့် ရန်စ​နေသည်။ တ​ဖြေး​ဖြေးနှင့် ဖခင်မရှိခြင်းကိုပါ ရန်စလာ​သော​ကြောင့် က​လေးငယ်၏ သူငယ်ချင်းသည် မ​နေနိုင်​တော့၍ နပန်းလုံးလိုက်မိသည်။ ထိုအ​ကြောင်းအရာများမှ ကျွန်ုပ်မှတ်မိသ​လောက် ပြန်၍ ​ပြောပြချင်ပါသည်။ သို့နှင့် နပန်းလုံးသည့် က​လေးငယ်၏ ဖခင်​ရောက်လာ၍ ရန်ပွဲပြီးသွားခဲ့သည့်​နောက်တွင် ရန်စခံရသည့် က​လေး၊ မခံနိုင်၍ နပန်းဝင်လုံးသည့်သူငယ်ချင်းတို့သားအဖ သုံး​ရောက်သား ခုံ​ပေါ်တွင် ထိုင်​နေကြသည်။ ဖခင်ဖြစ်သူမှ ရန်စခံရသည့် သူငယ်ချင်းဘက်၌ ရပ်တည်​ပေးသူ သမီးအား ​တော်​​ကြောင်းဆိုသည်နှင့်တူသည် (ကျွန်ုပ်သိပ်မမှတ်မိ)။ 

သို့နှင့် ရန်စခံရသူက​လေးမှ ​ယခုကဲ့သို့ မေးသည် "သည်းခံရမှာ မဟုတ်ဘူးလား" သို့နှင့် ယခုကဲ့သို့ပြန်​ဖြေခဲ့သည် "သည်းမခံရမယ့် အရာ​တွေဆိုတာရှိတယ်၊ ဥပမာ ကိုယ်တန်ဖိုးထားတဲ့ အရာ​တွေ​ပေါ့" 

ဒီစကားသည် ကျွန်ုပ်တို့အတွက် စဥ်းစားစရာတစ်ခုလည်း ဖြစ်လာ​ပေသည်။ သည်းခံခြင်းသည် ​ကောင်းပါသည်။ သို့​သော် အရာရာ၌ ဘာမှမ​ပြော​တော့ဘဲသာ သည်းခံ​နေလျှင် မိမိတန်ဖိုးထားရာကို ထိပါးလာလျှင်လည်း မသိမသာနှင့် အ​စော်ကားခံ​နေရ​ပေဦး​တော့မည်။ ​လောကတွင် ကျွန်ုပ်တို့တန်ဖိုးထားရာကို အမြဲတမ်းကာကွယ်တတ်ကြသည်မှာ လူ့သဘာဝပင်။ အနည်းဆုံး သတိထား၍ စဥ်းစားကြည့်လျှင် မည်သူမဆို ကိုယ့်မိဘကို ထိလျှင် မကြိုက်တတ်၊ မခံနိုင်ကာ ပြန်​ပြောတတ်ကြသကဲ့သို့ က​လေးဘဝတွင်လည်း ရန်ပင်ဖြစ်တတ်ကြ​ပေသည်။ မိမိတို့၏ တန်ဖိုးထားရာ မည်သည့်အရာအတွက်မဆို ကာကွယ်​တတ်ကြသလို၊ ထိပါးလာလျှင် မခံမရပ်နိုင်ဖြစ်ကြတတ်​ပေသည်။ ထို့​ကြောင့် မိမိတို့၏ တန်ဖိုးထားရာ တစ်ခုခုကို ထိလျှင် သည်းမခံနိုင်ကြသည်မှာ သဘာဝတစ်ခုလိုပင်ဖြစ်​ပေသည်။ 

ခရစ်ယာန်တစ်ဦးအ​နေဖြင့် တန်ဖိုးထားရမည့် အရာ​တွေကို​ရော ထိုသို့ သည်းမခံဘဲ​နေနိုင်မည်​လော။ ​ထောက်ပြခြင်း​တွေက ဘုရားဘုန်းမထင်ရှားဘူး၊ ​ငြင်း​နေတာ မြင်မ​ကောင်းဘူး၊ ​လောကမှာ အလွဲ​တွေ မှားယွင်း​သောဩဝါဒ​တွေက ရှိ​နေမှာမို့ ​ပြောမ​နေနဲ့ စသဖြင့် ထားလိုက်ဖို့ကိုသာ ​တွေး​နေမိပါသလား။ 

​မှန်တာ​ပြောရင် ရွာပြင်ထုတ်ခံရမယ်၊ မှားယွင်း​သောဩဝါဒ​တွေကို ​ထောက်ပြရင် လူမုန်းများမယ်၊ နာမည်ကြီးဆရာ​တွေကို မ​ထောက်ပြနဲ့ အလှူ​ငွေ​အရနည်းမယ်၊ အစရှိသဖြင့်​တွေ​ကြောင့်သာ မသိမသာနှင့် လက်​ရှောင်မိခြင်း​တွေလည်း ရှိ​ပေဦးမည်။ သို့​​သော် ကျွန်ုပ်တို့ ဘဝအတွက် တန်ဖိုးထားရာ​တွေကို သည်းမခံဘဲ ကာကွယ်တတ်ကြသလို သမ္မာတရားအတွက် ရပ်တည်နိုင်မလား။ ဒီက​နေ့က စဥ်းစားဖို့လိုလာတဲ့ ​နေ့ရက်ဖြစ်လာပါတယ်။ 

သည်းမခံဘူးကွာ ဆိုပြီးလည်း ဒုတ်ဆွဲ၊ ဓါးဆွဲ၊ ပုဆိုးကွင်းသိုင်းကာ ရန်ဖြစ်​စေဖို့ ဆိုလိုခြင်းမဟုတ်တာကို​တော့ နားလည်ကြမည်ဟု ယူဆပါသည်။ ဒီလို​​ပေါက်ကရ ဩဝါဒ​တွေ၊ မှားယွင်း​သောသွန်သင်ချက်တွေ၊ မိစ္ဆာပ​ရောဖက်​တွေ စသဖြင့်​တွေကို ဆဲဆို ရန်ဖြစ်​နေရန်လည်း မဟုတ်ပါ။ သို့​သော်လည်း ငြိမ်ခံ​နေ၍ ထိုသူတို့နှင့် အလားတူသ​ယောင် လုပ်​နေရန်လည်း မလို​ချေ။ ကျွန်ုပ်တို့၏ တလွဲဆံပင်​ကောင်း သည်းခံခြင်းသည် အယူလွဲသမားများ၏ မှားယွင်း​သော ဩဝါဒ​တွေ၊ အလွဲသွန်သင်ချက်​တွေ၊ မိစ္ဆာပ​ရောဖက်​တွေကို အား​ပေးသလိုဖြစ်ကာ ပိုမို ပြန့်ပွားလာ​စေခဲ့သည်ကို ယ​နေ့​ခေတ်သည် သက်​သေပဲဖြစ်ပါသည်။ ထိုအရာများသည် ရှိ​နေမည်ဆိုသည်မှာ မှန်​ပါ​သော်လည်း ကျွန်ုပ်တို့ ယုံကြည်သူခရစ်ယာန်များကလည်း ​ကောင်း​သော တိုက်လှန်ခြင်း​ကိုတော့ ပြုရမည် မဟုတ်ပါလား။ 

ရှင်ပေတရုဩဝါဒစာ ပဋ္ဌမစောင် ၃:၁၅
စိတ်နှလုံးထဲ၌ ထာဝရအရှင်ဘုရားသခင်ကို ရိုသေခြင်းရှိကြလော့။ သင်တို့မြော်လင့်ခြင်း၏ အကြောင်းကို မေးမြန်းသောသူရှိသမျှတို့အား၊ နူးညံ့သောသဘော၊ ကြောက်ရွံ့သောသဘောနှင့် ပြန်ပြော ခြင်းငှါ၊ ကာလအစဉ်မပြတ် အသင့်ရှိနေကြလော့။ 

အယူလွဲ​ကြောင်း၊ မှား​နေ​ကြောင်း၊ မှားယွင်း​သောဩဝါဒ​တွေဖြစ်​ကြောင်း၊ မိစ္ဆာပ​ရောဖက်ဖြစ်​ကြောင်း မ​ပြောမိလျှင် လမ်းလွဲသွား​စေမည့် သူများကို စဥ်းစားကြည့်လျှင်ပင် စိတ်မ​ကောင်းစရာပင်။  ရုပ်ရှင်ထဲမှ စကားအရဆိုလျှင်​တော့ တန်ဖိုးမထားသည့်အရာ​တွေမို့သာလျှင် သည်းခံလိုက်ခြင်းဖြစ်​နေ​ပေဦးမည် မဟုတ်ပါလား။ ခရစ်ယာန်တို့၏ တန်ဖိုးထားရာ စံလည်းဖြစ်သည့် သမ္မာကျမ်းစာ၊ ခံယူယုံကြည်ချက်၊ ​ယေရှုသည် ခရစ်​တော်ဖြစ်သည်ဆိုသည်များကိုသာ တန်ဖိုးထားလျှင်​တော့ ထိုအရာများကို လွဲမှား​စေသည့်အရာများကို လွဲသည်ဟု ရိုးရိုး​လေး ​ပြောရဲ​မည်ဖြစ်သည်ဟု ကျွန်ုပ်လုံးဝယုံကြည်သည်။ 

ထို့​ကြောင့် ကျွန်ုပ်တို့ ခရစ်ယာန်များသည် မိမိတို့တန်ဖိုးထားရာ ခံယူယုံကြည်ချက်များကို ဆန့်ကျင်​နေသည့်အရာများကို သမ္မာတရားနှင့် လွဲလျှင် လွဲ​နေ​ကြောင်းကို သည်းခံရန်မလိုဘဲ ​ပြောရဲရန်လို​ပေမည်။ ထိုသို့ ​ပြောရာတွင်လည်း ဒုတ်ဆွဲ၊ ဓါးဆွဲ ရန်ဖြစ်ရန်၊ ရန်​တွေ့ဖို့ရန်မဟုတ်ဘဲ နူးညံ့​သောသ​ဘော၊ ​ကြောက်ရွံ့​သောသ​ဘောနှင့်သာ ပြန်လည်ကာဖြေရှင်းရန်၊ ​ပြောပြရန်၊ သည်းခံရန်မဟုတ်ဘဲ ​ကောင်း​သောတိုက်လှန်ခြင်းပြုရန်အလို့ငှာ အသင့်အ​နေအထားရှိနေဖို့ရန်လိုအပ်သည် မဟုတ်ပါလား။ 

ထို့​ကြောင့် ကျွန်ုပ်၏ ​မေးခွန်းသည် "မိတ်​ဆွေ တကယ်ဘဲ သမ္မာတရား၊ သမ္မာကျမ်းစာ၊ ခရစ်ယာန်တို့၏ ခံယူယုံကြည်ချက်၊ ​ယေရှုသည် ခရစ်​တော်ဖြစ်​ကြောင်း စသဖြင့် စသဖြင့်တို့ကို တန်ဖိုးထားပါသလား ဟုပင် ဖြစ်​ပေ​တော့သည်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next