December 26, 2024

နှိုင်းယှဥ်ခြင်း

အရာဝတ္တုများနှင့်အတူ ယှဥ်တွဲ၍ ဓါတ်ပုံရိုက်ခြင်းကို ​ထောက်လှမ်း​ရေးမှုခင်းသတင်းများတွင် ​တွေ့ရ​လေ့ရှိသည်။ ကျည်ဆံနှင့် ​ပေတံယှဥ်တွဲ၍ ​ဖော်ပြခြင်းအားဖြင့် ကျည်ဆံအားထင်ရှား​စေခြင်း၊ အရာဝတ္တုများနှင့် ယှဥ်တွဲကာ​ဖော်ပြခြင်းတို့အားဖြင့် ​ဖော်ပြလိုသည့်အရာအား ပိုမို၍ ထင်ရှား​စေခြင်းဖြစ်​ပေသည်။ 

လူတစ်​ယောက်သည် မိမိကျန်းမာ​ရေး၏ အ​ရေးကြီးပုံကို တန်ဖိုးမထားမိတတ်ကြ​​သော်လည်း မကျန်းမာ​တော့မှသာ ထိုတန်ဖိုးကိုသိ​လေ့ရှိကြသည်။ ထို့အတူ အဖြူနှင့်အမဲ တွဲမိကာမှ အဖြူအမဲ သဲသဲကွဲကွဲသိရကဲ့သို့ မတရားမှုကြီးစိုး​နေသည့်ကာလရှည်ကြာ​လေ​လေ တရား​သောအမှုအရာ၏ တန်ဖိုးသည် ထင်ရှား​လေ​လေဖြစ်သည်။ ဓမ္မသည် အဓမ္မနှင့် ယှဥ်တွဲလိုက်ကာမှ ဓမ္မ၏ အနှစ်သာရနှင့်တန်ဖိုးကို သာ၍သိလာရ​ပေသည်မဟုတ်ပါလား။ 

အမှန်နှင့် အမှား၊ ဓမ္မနှင့် အဓမ္မ၊ တရား​သောအမှုနှင့် မတရား​သောအမှု စသဖြင့်တို့သည် ယှဥ်တွဲကာကြည့်လိုက်လျှင် တန်ဖိုးချင်းမတူသလို၊ ထင်ရှား​နေ​ပေမည်ဖြစ်သည်။ သတိမထားမိခဲ့ကြ​သော အမှန်တရား၊ တန်ဖိုးမထားမိခဲ့ကြသည့် တရား​သောအမှု၊ လစ်လျှူရှုခဲ့ကြ​သော ဓမ္မအရာတို့သည် အချိန်ကြာမြင့်လာ​လေ​လေ အမှား၊ မတရားမှု၊ အဓမ္မတရားတို့ကြီးစိုး​လေ​လေ ထိုတန်ဖိုးတို့အား သာ၍သိလာ​လေ​လေဟူ၍ ကျွန်ုပ်တို့နားလည်လာ​ပေမည်မှာ ​မြေကြီးလက်ခတ်မလွဲ​​ပေ။ 

ဆာလံကျမ်း ၁၀:၁
အိုထာဝရဘုရား။ ကိုယ်တော်သည် အဘယ်ကြောင့် ဝေးဝေးရပ်၍ နေတော်မူသနည်း။ ဘေးအန္တရာယ် ရောက်သည်ကာလ အဘယ်ကြောင့် ပုန်းကွယ်၍ နေတော်မူသနည်း။ 

ထို့​ကြောင့် မတရားမှုကို သာ၍သာ၍ သိလာ​လေ​လေ၊ အဓမ္မအမှုအရာတို့ကို သာ၍သာ၍ သိရ​လေ​လေ၊ ကျွန်ုပ်တို့သည် စီရင်ခြင်းကို ​သာ၍သာ၍ မျှော်လင့်​လေ​လေဖြစ်​ပေလိမ့်မည်။ ဘုရားသခင် ဘယ်​တော့လဲ၊ ဘာ့​ကြောငွ့ကြာ​နေသလဲ၊ အဘယ့်​ကြောင့် စီရင်ခြင်းမလာ​သေးတာလဲဟု ​မေးချင်ကြ​ပေလိမ့်မည်ဖြစ်​သော်လည်း အရာဝတ္တုများနှင့် ယှဥ်တွဲ၍ ဓါတ်ပုံရိုက်ခြင်းကိုသာ မြင်​ယောင်ကြည့်မည်ဆိုလျှင် ထိုမတရား​သောသူတို့၏ မတရားမှုများနှင့် တရား​သောအမှုများကို ထင်ရှား​စေခြင်း၊ ဓမ္မနှင့် အဓမ္မကို ​ပေါ်လွင်​စေခြင်း စသဖြင့် တန်ဖိုးများကို သာ၍​ပေါ်လွင်​စေခြင်းတို့ကို ကျွန်ုပ်တို့သာ၍သာ၍သိလာရလေ​လေမဟုတ်ပါလား။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next