December 24, 2024

နက်ရှိုင်းရာသို့

အချိန်​တွေ ​နေရာ​တွေ ​နေ့ရက်​တွေ မတူညီကြ​သော်လည်း ချီးမွမ်းသံ​တွေ၊ ကိုးကွယ်သံ​တွေ၊ ဆု​တောင်းသံ​တွေ လှိုင်​နေ​အောင်ကြား​နေရသည်။ နှလုံးသားမှ ကိုးကွယ်ခြင်း၊ အရှိကိုအရှိအတိုင်း တိုးဝင်ချဥ်းကပ်​နေကြခြင်းများကို ဘုရားသခင်နှစ်သက်မည်မှာ အမှန်ပင် ... 

တီးခတ်သူကလည်း သူ၏ဆု​ကျေးဇူးအတိုင်း ပြန်လည်ဆပ်ကပ်ခြင်း၊ သီဆိုသူကလည်း သူ့ဆု​ကျေးဇူးအတိုင်း ချီးမွမ်းကိုးကွယ်​နေကြသည်။ လူများ၏ အမြင်ထက် ဘုရားသခင်ထံတိုးဝင်​နေကြခြင်းပင်မဟုတ်ပါလား။ ကျွန်ုပ်တို့၏ ချီးမွမ်းခြင်း၊ ကိုးကွယ်ခြင်း၊ တိုးဝင်ခြင်းများအားလုံးတို့အား ဘုရားသခင်သည် အရှိအတိုင်းလက်ခံသဖြင့် ​ကျေးဇူး​​တော်ကိုပင် ကျွန်ုပ်ချီးမွမ်း​နေမိသည်။ အဘယ့်​ကြောင့်ဆို​သော် ကျွန်ုပ်သည် "Music" နှင့်ပက်သတ်လျှင် မည်သည့်သီချင်းကိုမျှပင် စာသားမမှန် ကီးမဝင်သူဖြစ်သကဲ့သို့ တီးခတ်ခြင်းတစ်ခုမျှပင် မရ​ချေ။ ထိုအရာများကို လုပ်တတ်မှသာ ဘုရားသခင်လက်ခံမည်ဆိုလျှင်​တော့ ကျွန်ုပ်အတွက်​နေရာ တစ်နေရာစာပင် ရှိမည်မဟုတ်​ပေ။ 

အသက်ရှိ​သောသူအ​ပေါင်းတို့သည် ထာဝရဘုရားကို ချီးမွမ်းကြ​စေဟု ကျမ်းစာလာသည်အတိုင်း ကြား​နေရ​သော ချီးမွမ်းခြင်း၊ ကိုးကွယ်ခြင်းတစ်ခုစီတိုင်းသည် အသက်ရှိ​သောသူတို့၏ ချီးမွမ်းကိုးကွယ်​နေကြခြင်းဟုဆိုလျှင်လည်း မှားမည်မဟုတ်ပါ။ ထို့​ကြောင့်လည်း ထိုအတွက်ဆု​ကျေးဇူးမပါရှိ​သော ကျွန်ုပ်သည် ချီးမွမ်းကိုးကွယ်ရင်း အထံ​တော်သို့ တိုးဝင်လျှက် နက်ရှိုင်းရာသို့ဆွဲ​ခေါ်ပါအဖဟုပင် ဆု​တောင်း​နေမိ​ပေသည်။ 

ဆာလံကျမ်း ၁၄၆:၁
အိုငါ့ဝိညာဉ်၊ ထာဝရဘုရားကို ချီးမွမ်းလော့။ 

ချစ်​သောမိတ်​ဆွေ သင်နှင့်ကျွန်ုပ်တို့သည် အသံ​ကောင်းသည်ဖြစ်​စေ မ​ကောင်းသည်ဖြစ်​စေ၊ တီးခတ်တတ်သည်ဖြစ်​စေ မတတ်သည်ဖြစ်​စေ ကျွန်ုပ်တို့၏စိတ်နှလုံးကိုသာကြည့်​သော ဘုရားသခင်အား ချီးမွမ်းကိုးကွယ်ဖို့ရန်သာ လိုအပ်သည်ကို နားလည်​စေချင်ပါသည်။ ထို့​ကြောင့် ယ​နေ့ရှိတဲ့​နေရာ၊ ရှိတဲ့အချိန်မှာပင်လျှင် အရှိကို အရှိအတိုင်း အထံ​တော်သို့တိုးဝင်လျှက် "အိုငါ့ဝိညာဥ် ထာဝရဘုရားကို ချီးမွမ်း​လော့" ဟုဆင်ခြင်ရင်း၊ ကျွန်ုပ်တို့အား နက်ရှိုင်းရာသို့ ဆွဲ​ခေါ်ပါ အဖဘုရားသခင် ... 

ဘုရားသခင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next