နာကျင်မှုများအား ရင်ဆိုင်ရခြင်း - အပိုင်း ၄
ခရစ်ယာန်ဖြစ်ခြင်းကြောင့် တူဘဝမှ ပေဘဝပြောင်းသွားသူ၊ ခရစ်တော်နောက်သို့လိုက်ခြင်းကြောင့် ကောင်းစားခြင်းနှင့် အခွင့်အာဏာရှိခြင်းတို့အား လက်လွှတ်ဆုံးရှုံးခဲ့ရသူ ရှင်ပေါလုသည်ပင် နက်လွန်းသော ဒဏ်ရာများစွာရှိသည်။ (Violence) အကြမ်းဖက်ခြင်းဟုပင် ဆိုအပ်သော သူတပါးပြုသည့် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခြင်းများစွာကို ခံစားရခြင်း၊ (Natural Disaster) သဘာဝဘေးအန္တရာယ်များဖြစ်သော ပင်လယ်ထဲ၌နေရခြင်း၊ မြစ်ကူးသောဘေး၊ ပင်လယ်ဘေး၊ တော၌ ကြုံရသောဘေးများသည် သဘာဝဘေးအန္တာရာယ်များကြောင့် ခံစားရတတ်သော စိတ်ဒဏ်ရာများ (Natural Disaster Traumatic Experience) များကိုလည်း ခံစားခဲ့ရမည်လော ... ထိုအပြင် ညီအကိုဖြစ်ယောင်ဆောင်သောသူတို့၏ သစ္စာဖောက်ခြင်းကြောင့်လည်း (Betrayal Trauma) အားကြုံတွေ့ရကာ တုန်လှုပ်ခြင်းနှင့် ဝမ်းနည်းခြင်းများကိုလည်း တပြိုင်တည်းခံစားခဲ့ရသည့်နည်းတူ (Loss) ဆုံးရှုံးရခြင်းကိုလည်း ခံစားခဲ့ဖူးသည်မှာ အသေအချာပင်ဖြစ်သည်။ ထိုသို့ ရှင်ပေါလု၏ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှု (Emotional Damage) တို့အား ရေတွက်ကြည့်လျှင် လက်ဆယ်ချောင်းပင် မလောက်နိုင်ပါ။
------- ဆက်ရန် -------
#Titus_KyawNyi
Photo Crd: Internet