January 15, 2025

နားငြီး​စေမလား၊ ပြင်ဆင်မလား

လောကမှာ အသက်ရှင် ​နေထိုင်ကြတဲ့အခါမှာ ဘဝတ​​ကွေ့ရဲ့ တစ်​နေ့​နေ့ တချိန်ချိန်မှာ ဆုံးရှုံးခြင်းကို ကြုံ​တွေ့ရတတ်ပါတယ်။ တနည်းအားဖြင့်ဆိုရရင် လူတိုင်းအရှုံးနဲ့ရင်ဆိုင်ရတတ်ပါတယ်။ ဆင်းရဲတဲ့သူလည်း ရှုံးဖူးသလို၊ ချမ်းသာတဲ့သူလဲရှုံးခဲ့ဖူးပါတယ်။ လက်လုပ်လက်စားလည်း ရှုံးဖူးသလို၊ နိုင်ငံ​တော် သမ္မတလည်း အရှုံးကို ရင်ဆိုင်ခဲ့ကြဖူးတာပါပဲ။ 

ဆုံးရှုံးခြင်း၊ ကျဆုံးခြင်း​တွေထဲက​နေပြီး ပညာယူ၍ ​နောက်တဖန်မကျရှုံးရ​အောင် သင်ယူတတ်ကြခြင်းသည် လူ​တော်ဖြစ်တယ်၊ ​အရှုံးကို လက်ခံရဲခြင်း ဝန်ခံရဲခြင်းသည် ​ခေါင်း​ဆောင်​ကောင်း၊ မိမိ၏ အရှုံးကို လက်မခံရဲ ဝန်မခံခြင်းသည် ​ခေါင်း​ဆောင်​ကောင်းမဟုတ်ဘူးဆို​သော စကား​တွေလည်းရှိကြသည်။ အချို့​ကျပြန်​တော့ အရှုံးဆို​သော စကားကို အင်မတန်မှမုန်းသည် သို့​သော် သူတပါးကို​တော့ အရှုံးသမားဟုဆိုတတ်ကြသူများလည်း ရှိကြပြန်ပါတယ်။ 

သမ္မာကျမ်းစာထဲတွင်လည်း အရှုံးနှင့် ရင်ဆိုင်ရသူများလည်း ရှိပါတယ်။ ကျွန်ုပ်တို့သည်လည်း ထိုသူ​တွေ၏ အပြုအမူ ဆုံးဖြတ်ချက်​တွေကို အနည်းငယ်​လေ့လာရင်း ပြင်ဆင်ကြပါစို့။ 

​ယေရိ​ခေါမြို့ကို ​အောင်နိုင်ပြီး​နောက် ​ယောရှုတို့ တက်ကြွ​နေခဲ့သည်။ စစ်ပွဲတစ်ပွဲကို ​အောင်မြင်ပြီးချိန်ဖြစ်​သော​ကြောင့် ​နောက်ထပ်စစ်ပွဲဆင်နွှဲရန် စိတ်အားထက်သန်​နေချိန်၊ စစ်သားများ၏ စိတ်ဓါတ်​ရေးရာ တက်ကြွ​နေ​သောအချိန်ဟုဆိုရင်လည်း မမှား​ချေ။ အာဣမြို့ကို တိုက်ဖို့ရန် ဆုံးဖြတ်ခဲ့ကြပြီး​နောက် မြို့​သည်သေးငယ်သည့်အတွက် ​ယောရှုသည် သူ့လူများသက်သာ​စေဖို့ရာ စစ်တိုက်ဖို့ရန်အတွက် လူအနည်းငယ်သာ ​ရွေးချယ်ခဲ့ကြသည်။ စစ်သားများ၏ တုံးတိုက်တိုက် ကျားကိုက်ကိုက် ဘာလာလာဆွဲမည့် စိတ်ဓါတ်​ကြောင့်ဖြစ်မည်လား၊ စစ်တပ်ကြီးတစ်ခုလုံး တက်ကြွနေခြင်း​ကြောင့် ဖြစ်မည်လား မသိ၊ လူနည်း​သော်လည်း ​ဆွဲဖြဲပစ်မည့် စိတ်ဓါတ်နှင့် တက်ကြွစွာ စစ်ချီသွားခဲ့ကြ​ပေ​တော့သည်။ 

သို့​သော်လည်း ရန်သူများကို ဆွဲဖြဲမည့် စစ်သည်များသည် သူတို့သာဆွဲဖြဲခံလိုက်ရသည်၊ ​ကျောကိုလှည့်၍ ​နောက်ကျတဲ့ ​ခြေ​ထောက် သစ္စာ​ဖောက်ဟုသာ ​အော်​ပြေးခဲ့ကြရသည်ကို ​ယောရှုမှတ်စာ အခန်းကြီး (၇) တွင် ဖတ်ဖူးကြမည်ထင်ပါရဲ့။ ​ဒီအဖြစ်အပျက်အ​ပေါ်ကို ယောရှုသည် အရှုံးကို လက်ခံသည် သူ့လူ​တွေကို အပြစ်မတင်ခဲ့​ပေ။ သူသည် ဘုရားနှင့်သာ စကား​ပြောခဲ့သည်ကိုလည်း မြင်​တွေ့ရပါတယ်။ 

ယောရှုမှတ်စာ ၇:၉
ခါနနိလူ အစရှိသော ဤပြည်သူပြည်သားအပေါင်းတို့သည် ထိုသတင်းကိုကြားလျှင်၊ အကျွန်ုပ်တို့ကိုဝိုင်း၍ အကျွန်ုပ်တို့၏နာမည်ကို မြေကြီးမှပယ်ရှင်းကြပါ လိမ့်မည်။ ကိုယ်တော်သည် ကြီးမြတ်သော နာမတော်အဖို့အလိုငှာ အဘယ်သို့ ပြုတော်မူမည်နည်းဟု လျှောက်ဆို၏။ 

ဒီစစ်ပွဲရှုံးခြင်း​​ကြောင့် မည်သူ့ကိုမှ အပြစ်မတင်၊ သူ့အမည်နာမအတွက်၊ သူ့စစ်တပ်အတွက် ဘုရားကို​​ပြောခြင်း​တော့မဟုတ်ခဲ့​ပေ။ ခါနနိလူတွေနဲ့ အခြားတိုင်းပြည်ကလူ​တွေသာ ဒီသတင်းကြားရင် သူတို့​တော့ သွားပြီ၊ သူတို့ကို​ဆော်ကြ​တော့မယ်၊ မျိုးပြုတ်အောင်ကို အမြစ်ဖြုတ်ကြ​တော့မှာကို စိုးရိမ်တာကို​တွေ့ရပါတယ်။ 

ဘုရားသခင်​ရေ ကျွန်​တော့်လူ​တွေ​လေ ဒီလူ​တွေကိုသွားတိုက်တာ မြင်းသမား​တွေ​နောက်ကျ​နေလို့၊ ​ခြေလျှင်တပ်က ​ခြေ​ထောက်နာ​နေလို့၊ မြှားတပ်က မြှားနည်းသွားလို့၊ လှံတပ်က​တော့ လူနည်းသွားလို့၊ ဓါးသမား​တွေ ဓါးတုံးလို့၊ ကျွန်​​တော့်လူ​တွေ အားနည်းသွားလို့ ရှုံးသလိုဖြစ်သွားတယ်၊ ဒါ့​ကြောင့် ပြန်ချပါရ​စေ​နော် လုပ်ပါ​နော် ကိုယ်​တော်ကတတ်နိုင်ပါတယ်လို့​တော့ လုံးဝမဆိုခဲ့​ချေ။ သူ့အရှုံးကို သူသိတယ်၊ လက်ခံတယ်၊ ထိုအမှားထဲမှ သင်ယူတယ်၊ ပယ်ရှားရမည့်အရာကို ပယ်ရှားတယ်၊ သူ့ကို ဘုရားခိုင်းတာကို ​သေခြာပြန်ပြင်ဆင်တာကို​တော့ ထင်ရှားစွာ​တွေ့ရပါတယ်။ 

ကျွန်ုပ်တို့ယုံကြည်သူ​တွေသည်လည်း မိမိဘဝမှာ အရှုံး​တွေနဲ့လည်း ရင်ဆိုင်ကြုံ​တွေ့ရနိုင်ပါတယ်။ ဒီအရှုံးကို လက်မခံနိုင်ဖြစ်​နေမလား၊ ဘုရားကိုသာ ​အော်ဟစ်​နေမလား၊ အလို​တော်ကို ဝန်ခံနိုင်ဖို့​ရော ခက်ခဲ​နေသလား၊ သို့မဟုတ် အခြားအ​ကြောင်းရှိလို့ ဘုရားသခင်ကများ ရှုံး​စေခဲ့သလား စသဖြင့် မစဥ်းစား​တော့ဘူးလား။ ဒီလိုပဲ ကိုယ့်​ကြောင့်မဟုတ်ခဲ့ရင်​တောင် ဘုရားသခင် မနှစ်သက်တာတစ်ခုခု​ကြောင့်လည်း ဖြစ်နိုင်ပါတယ်၊ ဘဝအသက်တာမှာ တိုက်ရိုက်ဖြစ်​စေ သွယ်ဝိုက်၍ဖြစ်​စေ ထိုအရာရှိ​နေရင် ပြင်ဆင်ကြရမှာပဲ မဟုတ်ပါလား။ ​ယောရှုသည် ​ခေါင်း​ဆောင်​ကောင်းပီသစွာ အရှုံးကိုလက်ခံခဲ့တယ်၊ သူ့အသက်တာမှာပြင်ဆင်ပြီး ပြန်လည် အနိုင်ယူခဲ့တယ်။ ကျွန်ုပ်တို့ကလည်း အမှားများထဲမှာသာ ဘုရားသခင်နားငြီး​​အောင် ​အော်ဟစ် ဂျီတိုက်​နေမလား၊ အမှား​တွေကို ဆင်ခြင် ရှာ​ဖွေ၍ ပြင်ဆင်ကာ ပညာယူပြီး ဘုရားသခင်​အလို​​တော်နှင့်အညီ ပြန်လည်ကာ အနိုင်ယူကြမလားဆိုတာက​တော့ လွတ်လပ်စွာ ​ရွေးချယ်ခွင့်ပဲ မဟုတ်ပါလား။ 

ဘုရားသခင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next